Friday, July 31, 2009

စိန်စီထားတဲ့ကား







ပိုက်ဆံတွေသုံးမကုန်အောင်ပေါနေတဲ. ဆော်ဒီမင်းသာတစ်ပါးကသူ.ရဲ.ကားတစ်
စင်းလုံးကိုစိန်ပွင်.လေးတွေစီထားလိုက်ပါတယ်။
ပိုင်ရှင်ကတော.အာရပ်ကမ္ဘာမှာအချမ်းသာဆုံး၊(ကမ္ဘာ. ၂၂ ယောက်မြောက်အချမ်းသာ
ဆုံး ) လက်ရှိဆော်ဒီအာရေဗျဘုရင်ရဲ.တူ တော်သူ မင်းသားအယ်ဝါလစ်ဘင်တာလယ်
ဖြစ်ပါတယ်။ အဲယားဘတ်စ်ကထုတ်တဲ.နောက်ဆုံးပေါ်ကမ္ဘာ့ အကြီးဆုံးလူစီးလေယာဉ် A 380 ကိုတောင်
သူ.ကိုယ်ပိုင်အသုံးပြုဖို.မှာယူခဲ.ပါသေးတယ်။အဲဒီလေယာဉ်ကသူ.ချည်းသက်သက်တင်တန်ဖိုး
ဒေါ်လာ ၃၁၉ သန်းပါ။ အဲဒီလေယာဉ်ကိုအပျံစားနောက်ဆုံးပေါ်ဇိမ်ခံပစ္စည်းတွေ
နဲ.အလှဆင်မွမ်းမံမှာက ဒေါ်လာ ၁၅၀ သန်းခန်.အကုန်အကျခံဦးမှာပါ။
အခု စိန်စီတဲ.သူ့ရဲ့ကားကတော. ဒေါ်လာ ၄ သန်းခွဲရှိပါတယ်။


ကြက်ဥအတု

ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ဝင်ရောက်ကာ မြန်မာနိုင်ငံနယ်စပ်ဒေသတချို့နှင့် အချို့ပြည်တွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ရောင်းချလျှက်ရှိကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ကြက်ဥအတုများမှာ မွေမြုရေးကြက်များနှင့် ပုံစံတူပြီး ဒေသန္တရကြက်ဥ (အိမ်းမွေးကြက်ဥ) နှင့် အနည်းငယ် ကွဲပြားသည်။ ကြက်ဥအတု၏အကာ ပိုင်းကို ဘင်ဇိုရမ်အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာ တုဆေးမှုန့်၊ ကော်ရည် ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာ တွင်အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားပြီး၊ ၄င်း၏အ နှစ်ကို အမည်မသိ အဝါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမ အောင်မွှေကာ ကယ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားသည်။
ကြက်ဥအတု၏ အကာနှင့်အနှစ်ကို အဝိုင်းပုံသဏ္ဍာန်ရှိသည့် ပလတ် စတစ်ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥ အကာနှင့်အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာသောအမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားကြောင်း၊ ကြက်ဥအ ခွံကိုမှု ပါရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိ အဖြုရောင် ဓာတုဆေးရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၄င်းအရည်ကို အပိုင်းပုံ သဏ္ဍာန်ပြုလုပ်ထားသော ပလတ်စတစ်ပုံစံခွက်အတွင်း ထည့်ထားသည့် အနှစ်အတုနှင့် အကာအတုများ အပေါ်သို့ လောင်းချ၍အချိန်အ နည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ် မျှ အသွင်သဏ္ဍာန်တူသော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥ အတုကို ရရှိသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
၎င်းကြက်ဥအတုနှင့်အစစ်ကို ခွဲခြားရန်အတွက် ကြက်ဥအတုကို ခပ်ပြင်း ပြင်း လှုပ်ကြည့်ပါက အဆန်ချောင် နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်က အဆန်ချောင်ခြင်း မရှိဟု သိရသည်။
ကြက်ဥအတု၏အရောင်က ပိုရင့်ပြီး အတု၏အခွံသည် ဖယောင်းနှင့်ပြု လုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း၊ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်း၊ ကြက်ဥကို ခွဲ၍ကြည့်ပါက အတု၏အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွား ကြောင်း၊ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါးကြောင်း၊ ပြုတ် လိုက်ပါက အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာသီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရှိရသည်ဟု ၄င်းသတင်းစာတွင် ဖော်ပြ ထားသည်။
အဆိုပါ ကြက်ဥအတုကို လူကိုအဟာရဖြစ်စေသည့် ပရိုတိုန်းဓာတ် မပါ ဝင်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ကျန်မားရေးကို ထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားသည်။

ရွှေကား



ရုရှားနိုင်ငံက ရွှေနဲ့ပြုလုပ်ထားတဲ့ကား

အချစ်

လူ့နှစ်လုံး နှင့် တူသော အသည်း ပုံသင်္ကေတသည် အစဉ်အလာအရ အချစ်ကို ကိုယ်စားပြုသည်။ အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၄င်းအချစ်နှစ်မျိုး အပြင် အရာဝတ္ထု၊ အကြောင်းအရာ များကို ချစ်သော အချစ်များ လည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များ အပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို သက်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှု ရှိသည်။ အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်အောင် ပြင်းထန်သော ကြင်နာခြင်း ခံစားမှု ပင်ဖြစ်သည်။ အချစ်ကို ဤမျှတိုတောင်း သော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ် နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။ 1 အဓိပ္ပာယ်ဖွင့်ချက်များ 2 ပုဂ္ဂိုလ်ရေး မပါသော အချစ် 3 လူ့အချစ် 4 ဓာတု သဘော 5 စိတ်ပညာ သဘော 6 ဘာသာရေး ရှူဒေါင့် 6.1 ခရစ်ယာန် 6.2 ဗုဒ္ဓဘာသာ အဓိပ္ပာယ်ဖွင့်ချက်များ အချစ်ဆိုသည်မှာ Heart move ဖြစ်ပေါ်လာတဲ့ ထူးဆန်းသော ခံစားမှုဖြစ်သည်။ အချစ်ကို ယနေ့တိုင် အမျိုးမျိုး ဖွင့်ဆိုကြဆဲဖြစ်သည်။ အချစ်ဆိုသည်မှာ ဂ ငယ်ကဲ့သို့ပင် ကြည့်သည့်ဘက်ကို လိုက်ပြီး ပစောက်ဖြစ်လိုက် ရှစ်ဖြစ်လိုက် င ဖြစ်လိုက်ပင်။ နမ် သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၄င်း စာသားတို့ မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ် ၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။ ပုဂ္ဂိုလ်ရေး မပါသော အချစ် လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး သို့ ရည်မှန်းချက် တို့ကို တန်ဖိုးကြီးကြီး ထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမား တို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်း မှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည် ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေး မပါသော အချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေး တိရစ္ဆာန်ဆံ သို့မဟုတ် လုပ်ငန်း ဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၄င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့်ရောက်သည် ဟုခေါ် သည်။ လူ့အချစ် ဘွားအေ နှင့် မြေးလူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၄င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက် သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ် ချင်း နှင့် လင်မယား ကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။ သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသား ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလည်းခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲ ခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်း တို့ကို လေ့လာသည်။ ဓာတု သဘော ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွင်းအားဟု မြင်သည်။ အချစ်အကြောင်းတွင်ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြ ခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည့်။ တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ်စီးများပိုမိုတွက်လေ သည်။ ၄င်းအကျိုးသက်ရောက်မှုသည် ရပ်သက်ပတ် အနည်းငယ် သို့မဟုတ် လပိုင်းသာကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက် သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၄င်းအချစ်စိတ်သည် အမြန်တစ်ကယ် မိတ်လိုက်ပြီးသော အခါ ရောကြသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ်စီးများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆင်မပြတ် ထုတ်လုပ်ပေးသည်။ ၄င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ် (pleasure center) ကို ဆွပေးပြီး နှလုံးခုံနုံး မြန်ကာ စိတ်လှုပ်ခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။ တဏှာဖြစ်တည်မှု နှင့် အချစ် ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယအဆင့်မှာ ရေရှည်ဆက်ဆံရေးအတွက် ရည်ရွက်သည်။ ဆွဲငင်မှုသည်နှောင်ကြိုး တစ်မြင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုး များကို လက်ထက်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံ ရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချီးနှောင်ထားသည်။ ၄င်းတို့သည် တိုတောင်းသော ဆက်ဆံ ရေးများထက် အဆင့်မြင့်သည့် ဓာတု ပစည်း များဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။[2] ၂၀၀၅ တွင် Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ချစ်သောအခါ ပိုမိုတွက်ရှိသော nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူ ကို ရှာဖွေတွေ့ရှိပြီး တစ်နှစ်လောက်ကြာမှ ပြန်ကြသည် ဟုဆိုသည်။ စိတ်ပညာ သဘော စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ရောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြ ပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်စံရေး နှင့် အချစ်ကစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်စံရေးသည် ရှေည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူး ဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၄င်း သုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရီကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၄င်းသုံးခုမှာ ဆွဲလမ်းခြင်း၊ ယုယခြင်း နှင့် နီးစပ်ခြင်း ဟုဆိုသည်။ ဘာသာရေး ရှူဒေါင့် ခရစ်ယာန် ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမှ ခွံအားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည် ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမ တနှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိသ်ဘန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ခံစားရခြင်းများ ကို သက်သာစေပြီး နိသ်ဘန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။ မေတ္တာသည် မြှင့်မြတ်သော် အချစ်ဖြစ်သည်။ ၄င်းအချစ်သည် မပြောင်းလည်းသော သဘောရှိပြီး အနစ်နာခံခြင်း များပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင် တို့သည် မိမိ ကောင်းစားရေးထက် သူများကောင်းစား ရေးကို အားပေးသည်။

ယောက်ျားဆိုတာ...

If you kiss him, he kisses you back
သင်ကသူ့ကိုနမ်းရင်... သူကသင့်ကိုပြန်နမ်းမယ်
If you don't, he patiently waits
မနမ်းရင်လည်း... သူကစိတ်ရှည်ရှည်နဲ့စောင့်မယ်...
If you praise him, he says thanks you
သင်ကသူ့ကို ချီးမွမ်းရင်... သူက ကျေးဇူးပါလို့ပြန်ပြောမယ်...
If you don't, he feels secure in your love
မချီးမွမ်းရင်လည်း.. သင်အချစ်နဲ့ကိုသူစိတ်ချနေမယ်..
If you agree to all his likes, you have met your fantasy man
သူအကြိုက်တွေ အားလုံးကို သင်သဘောကျရင်.. သင်ကံကောင်းတယ်..
If you don't, you still get along
မကြိုက်ရင်လည်း... တပူးတွဲတွဲပါပဲ
If you visit him often, he welcomes you every time
သင်ကသူ့ဆီကို မကြာခဏသွားလည်းရင်... သူကအမြဲတမ်း သင့်ကိုကြိုမယ်...
If you don't, he'll visit you instead
သင်ကသွားမလည်ရင်လည်း ...သူကသင့်ဆီကိုလာလည်မယ်...
If you are well dressed, he says you are beautiful
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... မင်းအရမ်းလှတာပဲလို့ သူကပြောမယ်
If you don't, you are still beautiful
အလိုမ၀တ်စားရင်လည်း... မင်းဟာလှနေတုံးပါပဲ..
If you are jealous, he reassures you and holds you
သင်ကမနာလိုအူတိုဖြစ်ခဲ့ရင်... သင်ကိုစိတ်ချဖို့ပြောပြီး ထွေးပွေ့မယ်...
If you're not, he gives you no reason to be
မနာလိုမဖြစ်ရင်လည်း... ဘာမှပြောမှာမဟုတ်...
If you kiss him once in a while, he's appreciative of your affection
သင်သူ့ကိုတော်တော်ကြာမှ တခါလောက်နမ်းရင်... သင်ရဲ့မြတ်နိုးမူကိုတန်ဖိုးထားမယ်...
If you kiss him often, he will always have you on his mind
မကြာခဏနမ်းရင်လည်း.. သူ့အတွေးထဲမှာ သင်အမြဲရှိမယ်...
If you stare at another man, he knows that you're only admiring
သူမကတခြားသူတွေကို ငေးမိရင်... သူကလေးစားလို့ကြည့်တာလို့သိတယ်...
If he is stared by other women you know why-he's one hot babe
သူကိုတခြားမိန်းမကငေးရင်လည်း... သူမကလန်းလို့ ကြည့်တာ...
If you talk, he'll always listen
သူမစကားပြောရင်... သူအမြဲနားထောင်တယ်..
If you listen, he'll tell you anything you want to know
သင် နားထောင်ရင်... သင်သိချင်တာအားလုံးသူပြောပြလိမ့်မယ်...

In short:
အတိုချုပ်ရင်
So complex, yet so direct
ရှုပ်ထွေးသလောက် တည့်တည့်ပြောသူ
So strong, yet so supportive
ခွန်အားရှိသလို... အရမ်းပံပိုးသူ...
So dazzling, yet so humble
တောက်ပြောင်သလောက်... နှိမ့်ချတတ်သူ
So passionate, yet so marvelous....MEN!
စိတ်ပြင်းထန်သလို... အံသြဖွယ်ကောင်းသူ... ယောက်ျား...

မိန်းမဆိုတာ

If you kiss her, you are not gentlemen
သင်ကသူ့ကိုနမ်းလိုက်ရင်... သင်ဟာလူကြီးလူကောင်းမဆန်သူ
If you don't, you are not a man
မနမ်းတဲ့အခါ... သင်ဟာ ယောင်္ကျားမဟုတ်
If you praise her, she thinks you are lying
သင်ကသူ့ကိုချီးကျူးလိုက်ရင်... သင်လိမ်နေတယ်လို့ထင်တယ်..
If you don't, you are good for nothing
မချီးကျူးပဲနေပြန်တော့... သင်ဟာ အသုံးမကျတဲ့သူ...
If you agree to all her likes, she is abusing
သူမကြိုက်တာတွေကိုသင်အာလုံးသဘော
တူရင်... သူမကောင်းပြောတော့မယ်
If you don't you are not understanding
သဘောမတူပဲနေပြန်တော့... သင်ဟာနားလည်းမှုမရှိသူ....
If you visit her too often, she thinks it is boring
သူဆီကိုသင်မကြာခဏအလည်သွားရင်... သူစိတ်ထဲမှာ ပျင်းစရာလို့ထင်တယ်...
If you don't, she accuses you of double crossing
မသွားပြန်ရင်တော့... အပြင်မှာခြေရှုပ်နေတယ်လို့ သင်ကိုစွတ်စွဲလိမ့်မယ်...
If you are well dressed, she says you are a playboy
သင်ကောင်းကောင်းမွန်မွန်ဝတ်စားထားရင်... သင်ဟာ စတိုင်များသူလို့ သူပြောမယ်
If you don't, you are a dull boy
မ၀တ်စားပြန်တော့... သင်ဟာ ခပ်တုံးတုံးကောင်
If you are jealous, she says it's bad
သင်က မနာလိုအူတိုဖြစ်ခဲ့ရင်... အဲဒါမကောင်းဘူးလို့ သူပြောမယ်...
If you don't, she thinks you don't love her
အဲလိုမဖြစ်ပြန်တော့... သင် သူ့ကိုမချစ်တော့ဘူးလို့ ထင်မယ်
If you attempt a romance, she says you didn't respect her
သင်ကချစ်လို့တီတီတာတာလုပ်ရင်... သင်ကသူ့ကိုမလေးမစားလုပ်ပါတယ်လို့ ပြောမယ်..
If you don't, she thinks you don't like her
မလုပ်ပြန်တော့... သင်ကသူ့ကိုမကြိုက်ဘူးလို့ ထင်မယ်...
If you kiss her once in a while, she professes you are cold
သင်ကသူ့ကိုတော်တော်ကြာကြာနေမှတခါလောက်နမ်းရင်... သင်ဟာ သူနဲ့ပက်သက်ရင်သွေးအေးလွန်းတယ်ပြောမယ်..
If you kiss her too many, she yells that you are taking advantage
ခဏခဏနမ်းပြန်တော့... သင်ဟာအခွင့်အရေးယူနေတယ်လို့ သူမအော်တတ်နေမယ်..
If you fail to help her in crossing the street, you lack ethics
သူလမ်းကူးတဲ့အခါမှ သင်ကကူညီပေးဖို့ပေါ့လျော့ခဲ့ရင်... သင်ဟာ ယဉ်ကျေးမူမရှိသူ...
If you do, she thinks it's just one of the man's tactics
အဲလိုကူညီပြန်တော့.. ဒါဟာယောင်္ကျားမာယာတမျိုးလို့ သူမထင်မယ်...
If you stare at other, she accuses you of flirting
သင်ကတခြားသူကိုငေးမိ၇င်... သင့်ကိုဖွန်ကြောင်တယ်လို့ စွတ်စွဲမယ်
If she is stared by others, she says that they are just admiring
သူမကိုတခြားသူကငေးမိရင်တော့... လေးစားလို့ကြည့်တာပါလို့ ပြောမယ်...
If she talks, she wants you to listen
သူမစကားပြောတဲ့အခါ ... သင့်ကိုနားထောင်စေချင်တယ်...
If you listen, she wants you to talk
သင်နားထောင်တဲ့အခါ... သင်ကို စကားပြောစေချင်ပြန်ရော...

In Short:
အတိုချုပ်ရင်
So simple, yet so complex
ရိုးရှင်းသလောက် ရှုပ်ထွေးသူ
So weak, yet so powerful
အားနည်းသလောက် စွမ်းအားရှိသူ
So confusing, yet so desirable ... women!
စိတ်ရှုပ်စရာကောင်းသလောက် သဘောကျစရာကောင်းသူ... မိန်းမ !!!!

ကြွေမှာစိုးလို့

သစ်ရွက် လှုပ်ရင်တောင်
ရယ်ချင်တတ်တဲ့ ပျိုစဉ် ချိန်ဟာ
ပွင့်သစ်စရွယ် ပန်းနုနယ်တဲ့
ချူချင်သူတွေ ၀ိုင်းလည်ချိန်မှာ
အတည်တစ်ဦး ကြည်နူးသက်ဝင်
မညွှတ်ချင်ပါပဲ ရည်းစား တစ်ထောင်
လင်ကောင် တစ်ယောက်
ဆိုထောက် စကား ပမာထားလို့
တစ်ယောက်ကနေ
တစ်ယောက် ပြောင်းကာ
ခဏတာ အပျော်တွဲ
မော်လိုက်မယ် စိတ်ကူးရင်
လန်းစွင့်လို့ အလှပန်းဝင့်ချိန်မှာ
ခဏနှင့် ပန်းဘ၀ညှိုးလို့
နွမ်းကြွေကာ မြေခ
ကြွေကျမှာ စိုးမိတယ်
အချစ်ဆိုတာ မကစားကောင်း
အမှားပေါင်း ကုဋေတဲ့
အပျိုစင် ဘ၀ နဂိုယဉ် အလှကို
ကိုယ်တိုင် ကိုယ်ကျ
ယုယ မြတ်နိုး တန်ဖိုး ထားမှ
တပါးသူငါ ယုယ မြတ်နိုး
တန်ဖိုး ထားမယ်

Wednesday, July 29, 2009

ချစ်သူသက်တမ်း (၈) လပြည့်နေ့

မင်းနဲ့ငါက
လူချင်း ဘယ်လောက်ပဲဝေးဝေး
စိတ်ချင်းတော့ အမြဲနီးနေကြတယ်
ဝေးနေတော့လည်း
အလွမ်းတွေက ကိုယ်စီနဲ့
အားတင်းထားနော် ချစ်သူ
ဆုံဆည်းမဲ့နေ့ရက်လေး
အမြန်ရောက်လာမှာပါ
တစ်ယောက်ကိုတစ်ယောက်
နားလည်မှုတွေနဲ့
ထာဝရ ချစ်ကြတာပေါ့။

Saturday, July 25, 2009

ဒီလိုလေးတောင် ချစ်နိုင်ကြသေးတယ်








လူ့လောကမှာ ထူးဆန်းတာတွေ အများကြီးရှိနေတယ်။
တခါတလေကျလည်း မယုံနိုင်စရာ ဖြစ်နေတတ်တယ်။
ဆန်းကျယ်တဲ့ ဖြစ်စဉ်တွေထဲက စိတ်ခံမှုပါတဲ့ ချစ်ခြင်းက လေးစားမှုအကောင်းဆုံးပါ။
ဒီစုံတွဲလေးကြည့်ရတာ စိတ်ထဲမှာ ၀မ်းနည်းဝမ်းသာ ဖြစ်မိတယ်။
ဝမ်းသာတယ်ဆိုတာက နားလည်မှုအပြည့်နဲ့ချစ်တဲ့ အချစ်ကိုပါ။
ဝမ်းနည်းဆယ်ဆိုတာက အရမ်းချစ်ရက်နဲ့ အဖြစ်ဆိုးလေးကြုံနေရတဲ့ အတွက်ပါ။
ဘယ်လိုပဲဖြစ်ဖြစ်ပါ တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်ကြပြီဆိုရင် စိတ်အချင်းချင်းပဲ ချစ်ကြတော့တာ။
သူတို့ ဒီလိုလေးဖြစ်နေတာတောင် ချစ်နိုင်ကြတယ်နော်။
ချစ်သူတိုင်း၊ ဘ၀လက်တွဲဖော်တိုင်း အမြဲတမ်းချစ်နိုင်ကြပါစေ။

Thursday, July 23, 2009

လျှပ်စစ်မီးမလိုတဲ့ ရေခဲသေတ္တာ

Mohammed Bah Abba ဆိုသူတီထွင်ခဲ့သော လျှပ်စစ်ဓါတ်အား မလိုသည့် ရေခဲသေတ္တာ လေးပေါ့။ ထိုတီထွင်မူအတွက် သူအား Rolex Award $100,000 ချီးမြှင့် ခြင်းခံရပါတယ်။ ထိုရေခဲသေတ္တာ ဘယ်လို အလုပ်လုပ်သလဲ?

- မြေအိုး အကြီးထဲ ကို မြေအိုး အသေးလေးကို ထည့်ပါ။

- ဟာနေတဲ့ နေရာအား စိုနေသော သဲများ ဖြင့် ဖြည့်လိုက်ပါ။

- အပေါ်မှ စိုနေသော အ၀တ်စ ဖြင့် အုပ်ထားလိုက်ပါ။

သဲ၊အ၀တ်စ မှ ရေများ အငွေ.ပြန်လာခြင်းဖြင့် အိုးထဲမှ အပူများ ကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။ ဒါဟာ သဘာဝ အတွင်း အလုပ်လုပ်နေတာဖြစ်ပြီး၊ ဈေးပေါတယ်၊ အလွယ်တကူ ပြုလုပ်နိုင်မည့် တီထွင်မူ တခုလဲ ဖြစ်ပါတယ်။ ထို အိုးထဲတွင် အစားသောက်များ၊ အအေးများ သိုလောင်ထားနိုင်ပြီး အပူအချိန် ၁၅ ကနေ ၂၀ ဒီရီ စင်တီဂရိတ် ၀န်းကျင်ဖြင့် အအေးခံထားနိုင်ပါတယ်။

မီးမရတဲ့နေရာမှာလည်း လိုက်နေမဲ့ ချစ်သူလေးအတွက်။ အဆင်ပြေသွားပြီနော် :P ။


ပုံပြောတဲ့ရုပ်တုကြီး


Thyssenkrupp Elevator Award အတွက် ပုံပြင်ပြောသော ရုပ်ထု ကို Dubai မြို.ရှိ Dubai Zaabeel Park တွင် တည်ဆောက်ဖို. VisionDivision ဒီဇိုင်း အဖွဲ. က အဆိုပြုလွာ တင်ထားပါတယ်။ ထိုရုပ်ထုဟာ ပုံပြင်များရဲ. အိမ် ဖြစ်လာမှာ ဖြစ်ပြီး၊ အထဲတွင် ကလေး စာကြည့်တိုက်၊ စာဖတ်ခန်း၊ ဖျော်ဖြေခန်း နှင့် များစွာသော Activity rooms များပါရှိမှာ ဖြစ်ပါတယ်။


ပန်းခြံ ရဲ. နေရာတိုင်း မှာ speaker လေးများ တပ်ဆင်ထားမှာဖြစ်ပြီး၊ ထို speaker များမှ တဆင့် လူတွေဟာ ထို ရုပ်ထုကြီးမှ ပြောသော တစ်ထောင့် တစ်ည ပုံပြင်များကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ပုံပြင် နှင့်အတူ ထိုရုပ်ထုကြီး ၏ ဦးခေါင်း နှင့် လက်မောင်းများက လည်း လူပ်ရှားမှာ ဖြစ်ပါတယ်။


ရုပ်ထုကြီးရဲ. မျက်လုံးနေရာထိ ဓါတ်လှေကားဖြင့် လူတွေ တက်သွားနိုင်ပါတယ်။ ရုပ်ထုကြီး၏ ဦးခေါင်းနှင့် လက်မောင်း များ ရဲ. ရွှေ.လျားမူကို ကွန်ပြူတာ ထိန်းချူပ်ထားမှာဖြစ်ပြီး ရုပ်ထုအတွင်းပိုင်း ကို မထိခိုက်စေပါဘူး။ လူပ်ရှားမူ မရှိတဲ့ အစိတ်အပိုင်းများကို steel ဖြင့် တပ်ဆင်မှာဖြစ်ပြီး၊ လူပ်ရှားမူရှိတဲ့ ဦးခေါင်းနှင့် လက်မောင်းအဆက် ကိုတော့ silicon (သို.) rubber အသုံးပြုမှာဖြစ်ပါတယ်။ ပြီးမှ အပေါ်ယံကို စတီး ရောင် သုတ်မှာ ဖြစ်ပါတယ်။

ဒါကတော့ ရုပ်ထုကြီးရဲ. မျက်လုံးအိမ်ထဲရှိ ရွှေရောင် ခန်းမထဲမှ Dubai မြို. ညရူခင်းကို ခံစားလို.ရမှာ ဖြစ်ပါတယ်။


ကျနော်နဲ့တွေ့တိုင်း ပုံပြောပြပါပြောတတ်တဲ့ ချစ်သူလေးကို ဒီနေရာလေး လိုက်ပို့ပေးချင်တယ်။

အသည်းပုံ ဖရဲသီး

လေးထောင့် ၊ တြိဂံ ပုံ ဖရဲသီးတွေကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ သော ဂျပန် နိုင်ငံမှ လယ်သမား များဟာ ယခုအခါမှာလဲ အသည်းပုံ ဖရဲသီး တွေကို ပြုလုပ်နိုင်ခဲ့ပြန်ပါပြီ။

ထိုအသည်းပုံ ဖရဲသီး တစ်လုံးကို ယန်း ၁၅၇၅၀ (သို.) $160 ရောင်းချပြီး ဂျပန် လယ်သမား လင်မယား Mr and Mrs. Hiroichi Kimura မှ ၃နှစ်ကြာ အသည်းပုံစံ ကောင်းကောင်း ရအောင် စိတ်ရှည်လက်ရှည် တီထွင် စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ လောလောဆယ် တွင် အလုံး၂၀ သာ ရောင်းချနိုင်ခဲ့ပြီး နောင် တစ်ကြိမ်မှာ ဒီထက်မက ရောင်းချ နိုင်တော့ မယ်ဆိုတာ သေချာပါတယ်။

Wednesday, July 22, 2009

မြန်မာနိုင်ငံအပါဝင်အာရှတွင်နေကြတ်ခြင်း

ယနေ့နံနက်က ၂၁ ရာစုနှစ်အတွင်း အချိန်အကြာဆုံး အပြည့်အဝ နေကြတ်ခြင်း မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည်။ မန္တလေးအခြေစိုက် နက္ခတ္တဗေဒ ပညာရှင်တဦးက
“ကရကဋ် ရာသီမှာဖြစ်တာဆိုတော့ ခု သုံးလအတွင်း၊ အတိအကျပြောရရင် အခုကနေ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မတိုင်ခင် လူတန်းစားမျိုးစုံ ငတ်မွတ်ခေါင်းပါးတာ၊ အစာရေစာ ရှားပါးတာတွေ ဖြစ်တတ်တယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက တောတွင်း နေထိုင်သည့် အဖွဲ့အစည်းများ၏ ခါင်းဆောင်များ အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီး၊ ရေလျှံဖြစ်ကာ ဆန်ရေစပါးရှားပါးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ပြောသည်။ရန်ကုန်မှ နက္ခတ္တဗေဒ ဝါသနာရှင် တဦးကလည်း “မြန်မာနိုင်ငံက ကျော်ကြားသူတစ်ဦးဦး သေဆုံးနိုင်တယ်၊
ဒေသခံများ၏ အဆိုအရ ရန်ကုန်တွင် မြန်မာစံတော်ချိန် နံနက် ၉နာရီ ၁၅ မိနစ်ကနေကြတ်ခြင်းကို စတင် မြင်တွေ့ခဲ့ကြရပြီး နေကြတ်ချိန် ကြာမြင့်မှုမှာ ၆ မိနစ် ၃၉ စက္ကန့် ရှိသည်ဟု သိရသည်။
သိပ္ပံပညာရှင်များကမူ ယခုကဲ့သို့ နေအပြည့် ကြတ်မှုသည် နှစ်ပေါင်း ၁၀၀ ကျော် အတွင်း မြေဆွဲအား မညီမျှမှုများ ဖြစ်ပေါ်စေရန် အခွင့်အလမ်း အများဆုံးဖြစ်နေရာ ငလျင်ကြီးများ၊ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာနိုင်ပြီး စိုးရိမ်စရာများ ရှိနိုင်သည်ဟု သုံးသပ်ကြသည်။ယနေ့ နေကြတ်မှုဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ဒေသတွင် အင်အား ရစ်ခ်ျတာစကေး ၆ နှင့် အထက်ရှိသော ငလျင်ကြီးတစ်ခုဖြစ်ပေါ်လာနိုင်ဖွယ် ရှိပြီး ပြီးခဲ့သည့် ကာလများကကြူံတွေ့ ခဲ့ရသည့် အပြည့်အဝ နေကြတ်မှု ၃ ကြိမ်တွင် ဂျပန် ပတ်ဝန်းကျင်ဒေသများ အတွင်း ၃ ကြိမ်စလုံး ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဂျပန်သတင်းတရပ်က ဆိုသည်။ ယင်းနေကြတ်ခြင်းကို အိန္ဒိယဒေသတွင် ပထမဆုံးမြင်တွေ့ ရပြီးနောက် တရုတ်နှင့် ပစိဖိတ်ဒေသများသို့  ရွေ့လျား သွား ခဲ့ကြောင်း သိရသည်။ နေကြတ်ခြင်းကို တရုတ်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် ပစိဖိတ်ကျွန်းစုတို့တွင် ပိုမို ထင်ရှားစွာ မြင်တွေ့ ခဲ့ရကြောင်းလည်း သိရသည်။

အသက်အငယ်ဆုံးကိုယ်ဝန်ဆောင် မိန်းကလေး


စင်္ကာပူက စံချိန်တစ်ခုကို ချိုးသွားနိုင်တဲ့ ကလေးတယောက် အကြောင်းပါ။ တခြားစံချိန်တော့ မဟုတ်ပါဘူး။ အသက်အငယ်ဆုံး ကိုယ်ဝန်ဆောင်စံချိန်ပါ။ အဲ့ဒီကောင်မလေးဟာ အသက် ၉ နှစ်ပဲရှိပါသေးတယ်။
ဒါပေမယ့် ၆ လ ကိုယ်ဝန်ကို လွယ်ထားသူပါ။ သူမဟာ အချစ်ဆိုတာကိုလည်း သိမှာမဟုတ်ပါဘူး။
စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ။ သူမရဲ့မိဘတွေဟာ တနေကုန် အလုပ်သွားရလေ့ရှိပါတယ်။ မြန်မာပြည်လို မဟုတ်ပဲ လုံခြုံတဲ့ နိုင်ငံလို့ ယူဆလို့ပဲ လားတော့ မသိပါဘူး၊ သူမရဲ့မိဘတွေဟာ အလုပ်သွားချိန်မှာ သူမကိုတယောက်တည်း ထားခဲ့လေ့ရှိပါတယ်။ သူမဟာ သူမရဲ့ကျောင်းက ၁၄ နှစ်အရွယ် ကောင်လေးကို သူမရဲ့မိဘများ အလုပ်သွားချိန်မှာ သူမရဲ့ အိမ်ကိုခေါ်ခဲ့တာပါ။ သူမရဲ့အမေဖြစ်သူက ဒီအရွယ်ငယ်သေးတယ်ထင်လို့ ဒီအကြောင်းနဲ့ပတ်သတ်လို့ မဆုံးမ၊မသင်ပြခဲ့ပါဘူး။
မြန်မာပြည်မှာတော့ ဒီအရွယ်မှာ ဒါမျိုးဖြစ်တယ်ဆိုတယ် ရှားမယ်ထင်တာပါပဲ။

ကမ္ဘာ့အသက်အငယ်ဆုံးကလေးအဖေ

အင်္ဂလန်နိုင်ငံမှာအုတ်အော်သောင်းနင်းဟိုးလေးတစ်ကြော်ဖြစ်နေတဲ.အသက်
၁၃ နှစ်သားလေးက ကလေးအဖေဖြစ်တဲ. သတင်းလေးပါ။ ကလေး မျက်နှာလေးနဲ. ကလေးအဖေအယ်ဖီက ကလေးအညစ်အကြေးခံတဲ. တစ်ခါသုံးဂွမ်းထုတ်တွေရဲ.တန်ဖိုး ဘယ်လောက်ရှိသလည်းဆိုတာ သူမသိပါဘူးလို. မနေ.ကပြောခဲ.ပါတယ်.. ဈေးတော.ကြီးမယ် ထင်တာပါလို.လည်း သူကဆိုလိုက်ပါတယ်။လက်ရှိအသက်၁၃ နှစ်နဲ. မလိုက်အောင်ပဲ သူ.မျက်နှာလေးက ၈နှစ်သားလေးလိုပဲနုနယ်သေးပေမယ်.
သူ.ရီးစားချန်တဲလ်တစ်ယောက် လွန်ခဲ.တဲ. ၄ ရက်က ၇ ပေါင်နဲ. သုံးအောင်စရှိတဲ. သမီးလေးမေစီကိုမွေးဖွားခဲ.တာမို. သူဟာအင်္ဂလန်နိုင်ငံရဲ. အငယ်ဆုံး ကလေးအဖေ ဖြစ်သွားခဲ.ပါပြီ...အရပ်လေးပေသာရှိသေးတဲ. ကလေးမျက်နှာလေးနဲသူငယ်က ”ကျွန်တော်ဟာ ငယ်သေးတယ်ဆိုတာကျွန်တော်.ကိုယ် ကျွန်တော်သိပါတယ်။ ဒါပေမယ်. ဖခင်ကောင်း တစ်ယောက်ဖြစ်အောင်တော. ကြိုးစားသွားပါ.မယ်”လို.ပြောပါတယ်...အသက်၁၅နှစ်ရှိပြီဖြစ်တဲ. သူ.ရဲ.ရည်းစားနဲ.Play Station ကစားနေတဲ. ကောင်လေးက”ကျွန်တော်တို.ဟာ မိဘ၀တ္တရားကျေပွန်တဲ. သူတွေဖြစ်ရမယ်၊ကျောင်းမှာလည်း စာကိုပိုပြီးကြိုးစားရတော.မယ်”လို.ဆိုပါတယ်။ ( အခုတော ဗီဒီယိုဂိမ်းဆော.လိုက်ဦးမယ်ပေါ.... ) သူနဲ.သူ.ရည်းစားတို.ဟာ ကိုယ်ဝန်ရှိမှန်းလည်းသိရော ကလေးကိုဖျက်မချပဲမွေးဖွားဖို.ဆုံးဖြတ်ခဲ.ကြပါတယ်။ ကလေးရှိတော.ပိုကောင်းတာပေါ.ဗျာလို. လူပျိုပေါက်အသံတောင်မဖြစ်သေးတဲ. သူငယ်လေးကရှက်စနိုးနဲ.ဆိုပါတယ်။ ( ခိုးစားတာ အထုပ်နဲ.အထည်နဲ. လူမိသွားတာကိုး...)”ကျွန်တော်တို. ရှေ.လျှောက်ဘယ်လိုသွားရမယ် မသိသေးပါဘူးခင်ဗျာ” ”ကျွန်တော်မုန်.ဘိုးလည်းမရပါဘူး။ ကျွန်တော်.အဖေကတော.တစ်ခါတစ်လေ ပေါင် တစ်ဆယ်လောက်တော. ပေးပါတယ်” လို.သူကပြောပါတယ်။

Tuesday, July 21, 2009

MP3 သီချင်းကောင်းများ

ကိုကိုရေ
ကိုယ့်ရဲ့ကျောင်းသူလေး
ကိုလို့ခေါ်ခဲ့
ငယ်ငယ်
ငါ့ရင်ခွင်ကို-----ဇော်ဝင်းထွဋ်
စင်္ကာပူ-----9-one
စိတ်ကူးရင်ကမ္ဘာ
စိတ်မကောက်နဲ့
ဆွဲငင်သော
ညနေခင်းလေး
ညှို့မျက်ဝန်း
နေချင်တာမင်းအနား-----IMP
ဘေဘီဂဲ-----ရဲလေး
ကြယ်တွေစုံတဲ့ည-----ကိုအောင်
တစ်ယောက်တည်းချစ်တယ်မေ
ဒီမိုး-----ဆောင်းဦးလှိုင်
နင်မေ့လို့ရပြီလား-----9-one
နားခိုရာ
စာမျက်နှာ ၁၅-----လေးဖြူ
ဘာဖြစ်ဖြစ်ချစ်တယ်-----ဟဲလေး
မခွဲကြေး
မချစ်တဲ့သူငယ်ချင်း
မချစ်နဲ့တော့-----ကိုကိုမောင်
မင်းအလှမှာမျော
မင်းခယောင်္ကျား-----စိုင်းထီးဆိုင်
မင်းစိတ်တိုင်းကျ
မင်းမရှိတဲ့အခါ
မင်းသဘောပါကလေးရယ်-----IMP
မင်းပြန်ရောက်မဲ့ရက်လေး-----ဟဲလေး
မလွမ်းပဲမနေနိုင်အောင်
မိဘနဲ့ငါ့ကြား
မြန်မာပြည်ကိုလွမ်းတယ်-----ရင်ကို
နှုတ်မဆက်နဲ့
နှုတ်ဆက်အနမ်း-----နွဲယဉ်ဝင်း
ရင်လွှဲခြင်း
ရူးနိုင်တယ်
ရှမ်းပဲပုတ်လေးကျနော်-----စိုင်းထီးဆိုင်
လွန်ပါစေအလွမ်းညတွေ
သက်တန့်ပုံပြင်
သစ္စာ-----ခင်မောင်တိုး
သစ္စာရှိကြေး
သူငယ်ချင်းတွေ-----ဆောင်းဦးလှိုင်
သူပျော်မဲ့လမ်း-----အောင်သီဟ
သဲ
ဟာသွားပြီသွားပြီ
ဟိုတုန်းကလို-----Lဆိုင်းလ်ဇီ
အချစ်ကြီးသူ-----ဒေါင်းလွဏ်း
အရင်ကဇာတ်လမ်း-----ဟန်ထွန်း
အရူံးပေးထားတယ်
အဝေးကအချစ်
အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့-----ဟဲလေး
ကောင်မလေး-----ကိုအောင်
တောင်ပြာတန်းကသိတယ်-----စိုင်းဆိုင်မော့
နေညိုရင်
ပေးဆပ်ခွင့်-----IMP+မေစံပယ်ညို
ပေးတဲ့သူငယ်ချင်း
မောင်ရေ
မေမေ
မေ့လိုက်
လေပြေညှင်း
ကြွေပါစေ------Rဇာနည်
နိုရာ-----ကိုကိုမောင်
အချစ်ငှက်ငယ်ရေ-----၀ိုင်ဝိုင်း
For my baby-----ဂျောက်ဂျက်
Rap chorous------ဂျောက်ဂျက်
Thu nge chin------ဂျောက်ဂျက်
ငါ့ရဲ့လမင်း------လေးဖြူ
အချစ်ဦးမို့ပ-----Rဇာနည်
သံယောဇဉ်-----လေးဖြူ
ကတီပါလမ်းခွဲ-----မျိုးကြီး
မညာတော့ဘူးမင်းကိုချစ်သည်-----Nကိုင်ရာ
ကိုယ့်အနားရှိစေချင်-----Rဇာနည်
ကလေးတစ်ယောက်နှင့်ကြာဖြူတစ်ပွင့်
ခဏခဏ
ချိုရင်ချက်-----ဂျောက်ဂျက်
တစ်ရက်တော့ငိုပါ------ဆောင်းဦးလှိုင်
ရင်ခုန်သံဘက်သို့တမ်းချင်း-----ဟန်ထွန်း
ရိုးရိုးလေးလှသူ-----ဆောင်းဦးလှိုင်
ရှားရှားပါးပါးမျက်ရည်
လမ်းဆုံ-----ဇော်ပိုင်
အချစ်
အပြစ်မမြင်-----၀ိုင်းစုခိုင်သိန်း
အမြဲတမ်းအတွက်မင်း-----စည်သူလွင်
ကြင်ယာဖက်-----ဟဲလေး
ကွန်ပျူတာကျောင်းသူလေး
ချစ်သူ
ငါ့ဘ၀ရဲ့အရေးကြီးဆုံး
ငါ့ရဲ့လျှို့ဝှက်ချက်
စံချိန်လွန်အောင်-----ဟဲလေး+ဆူဇီ
ဆုံဆည်းဖို့ရာမရှိ-----မျိုးကြီး
မင်းရဲ့ဆံနွယ်တွေ
ညီမလေး
ညီမလေးရယ်ကျေးဇူးနော်
ညလေပြေ
တစိမ့်စိမ့်ကြည့်-----ဖိုးကာ
တစ်နေ့တော့ချစ်လာမှာပါ
တန်ဖိုးမဲ့အချစ်
တမ်းတ-----လေးဖြူ
တယ်လီဖုန်း
ထာဝရဆုံးတိုင်
ထူးထူးခြားခြားအချစ်
ဒုတိယလူ
ဒူးထောက်ပြီ
နင်ဟာငါ့ရဲ့
နင်ပြောသလိုနေပါ
နတ်သမီးပုံပြင်
နှုတ်ဆက်ချိန်လေး
နှင်းဝေတဲ့ဆောင်း
နှလုံးသားဖြောင့်ချက်
ပျိုပျိုမေ-----ဗဒင်
လွမ်းတဲ့အခါ
ဘာမှမဖြစ်သလိုနေ
ဘ၀တစ်ခုလုံးပေးအပ်လိုက်တော့
မ...မချစ်လို့မဖြစ်
မခွဲကြေး
မချစ်ရင်ကောင်းမယ်
မင်းကိုချစ်လို့-----ဒွေး
မင်းကိုပဲကမ္ဘကြီးအဆုံးတိုင်
မင်းနဲ့တို့နဲ့ချစ်တာ
မင်းမရှိတဲ့အခါ
မင်းလေးချစ်ခဲ့ရင်
မနှိုးထလိုက်ပါနဲ့
မိန်းကလေး-----ရဲလေး+စည်သူလွင်
မိုး-----ရဲလေး
မိုးရာသီထဲ-----Lဆိုင်းလ်ဇီ
ဲပြည့်စုံပါစေ-----ဘိုဖြူ
ပြန်လာပါစိတ်ပူတယ်
မြင်နေတယ်မျက်လုံးများ
မြတ်နိုးခွင့်

ခွင့်ပြုတယ် ခွင့်လွတ်တယ်

ဒီဇင်ဘာည

လင်းပိုင်နမ်းရင်ကလေးဥာဏ်ကောင်းတယ်







ပီရူးနိုင်ငံက အမျီူးသမီးတစ်ဦးကတော့ ကိုယ်ဝန်ဆောင်အမျီူးသမီးတွေကို အထူးကုသပေးတဲ့ လီမာမြို့က ဟိုတယ်တစ်ခုမှာ ဝေရာလို့အမည်ရှိတဲ့ လင်းပိုင်နဲ့ထိပြီး ကုသခံနေတဲ့ပုံပါ။သူတို့က လင်းပိုင်းရဲ့ ကြိမ်နှုံးမြင့် အသံလှိုင်းတွေဟာ သန္ဓေသားရဲ့ဦးနှောက်က နျူရွန်ဓါတ်တွေရဲ့စွမ်းအင်
ကို ရှင်သန်နိုးကြားစေတယ်လို့ဆိုကြပါတယ်။

Always Be Careful Don't Ever Forget (ABCDEF)


ခေါင်းစဉ်လေးကိုက ABCDEF။အဲဒါလေးတွေကတော့ မသိမဖြစ် မမေ့သင့်တဲ့ အချက်လေးတွေပါ။

အကြီးမားဆုံးသော ချို့ယွင်းချက် - ကြောက်ရွံ့ခြင်းပါ။
THE GREATEST HANDICAP : FEAR

အကောင်းဆုံးသောနေ့ - ဒီနေ့လေ။
THE BEST DAY : TODAY

အလွယ်ကူဆုံး လုပ်ဆောင်ချက်ကတော့ - အမှားရှာခြင်းပဲပေါ့။
EASIEST THING TO DO : FIND A FAULT

အသုံးမ၀င်သော ကျွမ်းကျင်မှု့က- မာနပါ။
MOST USELESS ASSET : PRIDE

အကြီးဆုံး အမှားက - အရှုံးပေးခြင်း
THE GREATEST MISTAKE : GIVING UP

အကြီးမားဆုံး အတားအစီးက - အတ္တလို့ခေါ်တဲ့ ငါစွဲကြီးခြင်း
GREATEST STUMBLING BLOCK : EGOTISM

အကောင်းဆုံး စိတ်သက်သာခြင်း - အလုပ်ပြီးမြောက် အောင်မြင်ခြင်း
THE GREATEST COMFORT : WORK WELL DONE

မနှစ်မြို့ဖွယ်အကောင်းဆုံးလူဆိုရင် - ညည်းညူတတ်သူပဲ
MOST DISAGREEABLE PERSON : THE COMPLAINER

အကြီးမားဆုံးသော လုပ်ငန်းဆုံးရှုံးမှု - စိတ်အားထက်သန်မှု ပျောက်ဆုံးခြင်း
WORST BANKRUPTCY : LOSS OF ENTHUSIASM

အလိုအပ်ဆုံးအရာ - အရာအားလုံးကို မှန်ကန်စွာ ဆုံးဖြတ်ခြင်း
GREATEST NEED : COMMON SENSE

နိမ့်ကျတဲ့ စိတ်သဘောထား- သူတပါးအပေါ် မနာလိုမှု
MEANEST FEELING : REGRET AT ANOTHER'S SUCCESS

အကောင်းဆုံးလက်ဆောင်ကတော့ - ခွင့်လွှတ်ခြင်းနော်
BEST GIFT : FORGIVENESS

အကြီးမားဆုံးသော တဒင်္ဂအချိန်လေးဟာ - သေဆုံးခြင်းပါပဲ။
THE GREATEST MOMENT : DEATH

အသိပညာအပြည့်ဝဆုံး - ဘုရားသခင်
THE GREATEST KNOWLEDGE : GOD

ဒီကမ္ဘာမှာ အကြီးကျယ်ဆုံးသော အရာကတော့ - ချစ်ခြင်းမေတ္တာပါပဲ။
THE GREATEST THING IN THE WORLD : LOVE

Monday, July 20, 2009

ကမ္ဘာဈေးအကြီးဆုံး iPhone

ကမ္ဘာ့စီးပွားရေးပျက်ကပ်က ၂၀၀၉ ခုနှစ်မှာ ဆက်လက်ဖြစ်ပွားနေဆဲမှာပဲ လက်ဝတ်ရတနာကုမ္မဏီတစ်ခုက ကမ္ဘာဈေးအကြီးဆုံး လက်ကိုင်ဖုံးကို ဖန်တီးထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသစ်ထုတ်လုပ်မယ့် ပန်းသီး iPhone ရဲ. 3G King Button ကို ၁၈ ကာရက်ရွှေအစစ်၊ ရွှေဖြူတို.ဖြင့်
ပြုလုပ်ထားတယ်လို့ဆိုပါတယ်။ Austrian လက်ဝတ်ရတနာ ဒီဇိုင်းထုတ်လုပ်သူ Peter Aloisson ပုံဖော်ထုတ်လုပ်တဲ့ အဆိုပါ iPhone ဟာစိန်စီထားပြီး တန်ဖိုးကတော့ ဒေါ်လာနှစ်သန်းခွဲကျော်ကျပါသတဲ့။ ဖုန်းတစ်ခုလုံး အကောင်းတစ်ကာ့ အကောင်းဆုံးတွေနဲ့ တန်ဆာဆင်ထားတဲ့ အဆိုပါဖုံးဟာရွှေဖြူအနားသတ်လိုင်းတွေမှာ အကောင်းဆုံး အရည်အသွေးဖြတ်ထားတဲ့ စိန်အလုံးကလေးပေါင်း ၁၃၈ လုံးထည့်သွင်း တန်ဆာဆင်ထားပါတယ်တဲ့။ ဒါပေမယ်တစ်ကမ္ဘာလုံးမှာဒီလိုမျိုးတစ်ပုံစံထဲသာရှိတဲ.ဒီဖုံးရဲ.အကောင်းတကာ့အကောင်းဆုံးအစိတ်အ
ပိုင်းကတော့ရှားပါးလှတဲ့ ၆.၆ ကာရက်စိန်နဲ့ပြုလုပ်ထားတဲ့ home button ခလုပ်ပဲဖြစ်ပါတယ်တဲ့။
(တစ်ခါက handset အသစ်လိုချင်တယ်ပြောတဲ့ ချစ်သူလေးကို သွားပြီးသတိရမိတယ်။ဆန္ဒနဲ့ပြောရရင်တော့ ၀ယ်ပေးချင်တာပေါ့။ ဒါပေမယ့် စကားပုံတစ်ခုရှိတယ်လေ။ စေတနာရှိပေမယ့် အသပြာမရှိဘူးတဲ့။ :D)

အနမ်းအိမ်




တရုတ်နိုင်ငံမှာ လူငယ်လေးတစ်ယောက်ကတော့ အလုပ်တစ်ခုကို စပြီးဖန်တီးလိုက်ပါတယ်။ ဒါကတော့ ချစ်သူစုံတွဲတွေ အနေဖြင့် လူမမြင်အောင် အနမ်းပေးဖို့ နေရာလေးဘဲဖြစ်ပါတယ်။ အချိန်တိုလေးအတွက်ကတော့ ဈေးသိပ်မများပါဘူး နှစ်မိနစ်ကို ၂ ယွမ် ဘဲဖြစ်ပါတယ်။

အချစ်ကို ဆန်းစစ်ခြင်း

It's Not Love, Its Something Else...

If you love someone because you think that he or she is really gorgeous...
then it's not love..
it's - Infatuation...

If you love someone because you think that you shouldn't leave him because others think that you shouldn't...
then it's not love..
it's - Compromise...

If you love someone because you think that you cannot live with out his touch....
then it's not love..
it's - Lust...

If you love someone because you have been kissed by him...
then it's not love..
it's - Inferiority Complex...

If you love someone because you cannot leave him thinking that it would hurt his feelings..
then it's not love..
it's - Charity...

If you love someone because you share every thing with him...
then it's not love..
it's - Friendship...

but if you feel the pain of the other person more than him even when he is stable
and you cry for him..
that's - LOVE...

Saturday, July 18, 2009

ယောကျာ်းများကိုထိန်းနည်း

ယောကျာ်းများကိုထိန်းနည်း ၄ နည်းရှိသည်။

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)
၂. ပိုက်ဆံကိုထိန်းနည်း
၃. လူကိုထိန်းနည်း
၎. မိမိကိုယ်ကိုထိန်းနည်း

၁. အစားကောင်းများဖြင့်ထိန်းနည်း (အစာအိမ်ကိုထိန်းနည်း)

နံပါတ်တစ်နည်းကို အသုံးပြုသော မိန်းကလေးသည် သဘောထား အဖြူစင်ဆုံးဖြစ်သည်။
ထိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် အဖြစ်ရွေးချယ်သော ယောကျာ်းသည်
ကံကောင်းသောသူဖြစ်သည်။ သူမသည် သူချစ်သော ယောကျာ်းကို လွတ်လပ်ခွင့်
ပေးထားသောကြောင့်ဖြစ်သည်။ သူမအတွက် တစ်ခုသော မျှော်လင့်ချက်မှာ မိမိ
ပြင်ဆင်ချက်ပြုတ်ထားသော အရသာရှိရှိ ထမင်းကောင်း ဟင်းလျှာများကို
မိမိယောကျာ်းက အချိန်မှန်မှန်ပြန်လာ စားရန်သာဖြစ်သည်။

၂. ပိုက်ဆံကိုထိန်းနည်း

နံပါတ်နှစ်နည်းကို အသုံးပြုသော မိန်းကလေးသည် လည်လွန်းသောသူဖြစ်သည်။
ငွေသည် ယောကျာ်း၏အသက်၊ ငွေသည် ယောကျာ်း၏မာန၊ ယောကျာ်းများကို ငွေဖြင့်
ထိန်းချုပ်ခြင်းသည် အထိရောက်ဆုံးဟု ထင်မြင်ထားသောကြောင့်ဖြစ်သည်။
မိန်းကလေးအများစုသည် ဒီနည်းကို ကြိုက်ကြသည်။ သူမ၏မျက်စိထဲတွင်
ငွေဖြင့်အရာရာကို မြန်မြန်ဆန်ဆန် ပြီးနိုင်သည်ဟု
မြင်ထားသောကြောင့်ဖြစ်သည်။

၃. လူကိုထိန်းနည်း

နံပါတ်သုံးနည်းကို အသုံးပြုသော မိန်းကလေးသည် ဆင်ခြင်စဉ်းစားဥာဏ်
နည်းသောသူဖြစ်သည်။ ယောကျာ်းတစ်ယောက်ကို လွတ်လပ်ခွင့်မပေးဘဲ ကြိုးချည်ပြီး
ထိန်းချုပ်ထားချင်သော မိန်းကလေးသည် ဒီနည်းကိုအသုံးပြုလေသည်။
ဘယ်ယောကျာ်းမျှ မိန်းကလေးတစ်ယောက်၏ ကြိုးဆွဲရာတွင် လိုက်မကချင်ကြ၊
နွားဖာကြိုးဆွဲပြီး စေလိုရာစေ ဆိုတာမျိုးကို မခံချင်ကြပေ။
ဒီနည်းကိုအသုံးပြုသော မိန်းကလေး၏ အိမ်ထောင်ရေးသည် နေ၀င်ချိန်
နီးနေပြီဖြစ်ကြောင့် ခန့် မှန်းနိုင်သည်။

၎. မိမိကိုယ်ကိုထိန်းနည်း

နံပါတ်လေးနည်းကို အသုံးပြုသော မိန်းကလေးသည် အသိဥာဏ် ပညာရှိသော သူဖြစ်သည်။
ထိုမိန်းကလေးမျိုးသည် လောကကြီးသည် မမြဲခြင်းတရား ပိုင်ဆိုင်ထားသည်ကို
သေချာ နားလည်ထားသောကြောင့်ဖြစ်သည်။ ယောကျာ်းများကို
အစားကောင်းဖြင့်ဖြစ်စေ ၊ ငွေကြေးဖြင့်ဖြစ်စေ၊ လူကိုဖြစ်စေ အရာရာကို
ပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကို မထိန်းနိုင်ပါက လူဖြစ်ရသည်မှာ အဓိပ္ပါယ်
ကင်းမဲ့လှသည်ဟု ယုံကြည်ထားသောကြောင့်ဖြစ်သည်။

မိန်းကလေး တစ်ယောက်ဖြစ်လျှင် မိမိကိုယ်ကို ထိန်းချုပ်နိုင်ရမည်။
တစ်ပါးသူအတွက် အသက်ရှင်နေခြင်း မဟုတ်ပဲ မိမိဘာသာ ရပ်တည်နိုင်သော၊
ပျော်ရွှင်မှုကို ရှာနိုင်သော မိန်းကလေးဖြစ်ရမည်။

အရာရာကို ဆင်ခြင်တုံတရားဖြင့် ခွင့်လွတ်နေတတ်ရမည်။ ထိုမိန်းကလေးမျိုး၏
စိတ်သည် အမြဲတည်ငြိမ်နေသည်။ မိမိယောကျာ်းသည် မည်မျှပင် ချမ်းသာပါစေ
ထိုစည်းဇိမ်တွင် သူယစ်မူးမနေပေ။ မိမိလုပ်နိုင်သမျှ၊ ရှာနိုင်သမျှကို
လုပ်ရင်းဘ၀ကို ရိုးရိုးရှင်းရှင်းဖြစ် ကုန်လွန်စေချင်သော
မိန်းကလေးမျိုးဖြစ်သည်။

မိမိကိုယ်ကို အသိတရားဖြင့်ထိန်းချုပ်နိုင်သော မိန်းကလေးမျိုးသည်
မိမိယောကျာ်းက ကိုယ်ကိုထားခဲ့၊ ချစ်သူက ထားခဲ့ပါစေ၊ ဖြစ်လာသမျှကို
ပြုံးပြုံးလေးနှင့် ရင်ဆိုင်နိုင်သော မိန်းကလေးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏အသက်သည် ယောကျာ်းအတွက် ချစ်သူအတွက် မဟုတ်၊
မိမိကိုယ်ကို အတွက်သာဖြစ်သည် ဟု နားလည်ထားသောကြောင့်ဖြစ်သည်။

သင်သည် ဘယ်လိုမိန်းကလေးမျိုးလဲ
သင်သည် ဘယ်လိုမိန်းကလေးမျိုးကို လက်ထပ်ယူချင်ပါသလဲ။

အနက်ရှိုင်းဆုံးတစ်နေရာမှာ

လူတစ်ယောက်မှာ
နှလုံးသားဆိုတာ
တစ်ခုပဲရှိသလို
ရင်ထဲမှာလည်း
အချစ်စစ်ဆိုတာ
တစ်ခုတည်းပဲရှိတယ်
မင်းက ငါ့ရဲ့မှုပိုင်ရှင်ပေါ့
ငါ့နှလုံးသားရဲ့
ဟိုး....အနက်ရှိုင်းဆုံးနေရာမှာ
နင်တစ်ယောက်တည်းပဲရှိတယ်
ထာဝရအတွက်ပါ.....

မလာပါနဲ့








ဘယ်သူမဆို

ချစ်ကြပြီဆိုရင်တော့
ပထမဆုံး
ရယူဖို့ပဲကြိုးစားကြတယ်
တစ်ခါတစ်လေကျတော့လည်း
ချစ်သူကို
ကိုယ့်ဘ၀ထဲ
မခေါ်ရက်ဘူး.....

အချစ်ကိုသိချိန်









ဒီသီချင်းလေးက

ကျွန်တော့်အတွက်
အမှတ်တရဖြစ်စေခဲ့တဲ့
သီချင်းလေးပါ
ချစ်သူရဲ့အချစ်ကို
ရခဲ့စဉ်အချိန်က
သူကိုယ်တိုင်ပို့ပေးခဲ့တာ.....

တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

“သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက ဘယ်လိုကြင်နာတတ်တယ်”လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့ ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။ သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့ ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊ အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။ အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက် ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချအလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် “ မိန်းမရေ.. ပင်ပန်းနေပြီလား” နဲ့ “ မပင်ပန်းပါဘူး.. အပြင်ထွက် အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ” ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့် လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။ သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊ စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။ မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။ သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။ သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။ သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက် ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့ သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့ နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့ လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက် အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။ အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။ ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။ အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့ သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။ လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့် တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို ပြုလုပ်နေသလိုပဲကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို ဘယ်လိုဂရုစိုက်လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့ မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင် မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေဝင်ရောက်ခံစားတတ်ဖို့လည်း လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။ အားပေးပါ။ ခွင့်လွတ်ပေးပါ။

ဝေးနေရအုံးမယ်








နှလုံးသားချင်း

ထပ်တူကျနေပေမယ့်
အခြေအနေအရ
ခဏတော့ဝေးနေရအုံးမယ်
တစ်နေ့တော့
အတူဆုံဆည်းမဲ့နေရက်လေး
ရောက်လာမှာပါ......

Friday, July 17, 2009

We Tied The Knot!


ဘယ်လောက်ပဲဝေးဝေး
နှလုံးသားနှစ်ခုကို
ချည်နှောင်တာက
သံယောဇဉ်ဆိုတဲ့
ဖြတ်လို့မရတဲ့ကြိုးနဲ့
မင်းနဲ့ငါကြား
အချစ်တွေကနေ
ရှင်သန်လာတဲ့
သံယောဇဉ်ကြိုးက
ခုဆိုရင်
တင်းတင်းကြပ်ကြပ်ကို
ချည်နှောင်နေပြီ
ငါဘယ်သွားသွား
ငါ့အနားမှာ မင်းရှိသလို
မင်းဘယ်သွားသွား
မင်းအနားမှာ ရှိနေတာငါပေါ့.....

ချစ်သူကိုနှင်းဆီပန်းပေးမယ်ဆိုရင်


နှင်းဆီပန်းဟာ အချစ်ရဲ့သင်္ကေတဆိုတာ အားလုံးသိပြီးဖြစ်မှာပါ.....နှင်းဆီပန်းမှာအရောင်အမျိုးမျိုးနဲ့ အဓိပ္ပါယ်အမျိုးမျိုး ကို
အသေးစိတ်ခွဲခြားထားပါတယ်.... ကိုယ်ချစ်တဲ့သူကိုနှင်းဆီပန်းပေးမယ် ဆိုရင်အဓိပ္ပါယ်ခွဲခြားသိမှဖြစ်မယ်.......မဟုတ်ရင်
ကိုယ်ကချစ်ခြင်း မေတ္တာအပြည့်နဲ့ပေးပါလျှက် ...........
ကိုယ်ပေးလိုက်တဲ့ပန်းအရောင်နဲ့အရေအတွက်အရအဓိပ္ပါယ်တစ်မျိုးထွက်သွားနိုင်ပါတယ်
အဲဒါကြောင့်.......ဒါလေးကိုဖတ်ပြီး ကိုယ်ချစ်တဲ့သူတွေကို အဓိပ္ပါယ်အပြည့်နဲ့ပန်းတွေကိုပေးလိုက်ပါ.........

အရောင်အသွေး အဓိပ္ပါယ်

နှင်းဆီနီ --- မင်းကိုကိုယ်ချစ်တယ် .......
နှင်းဆီပန်းရောင် --- ပြီးပြည့်စုံသော ပျော်ရွှင်မှု ၊ အပြုံးတောက်ပမှု ၊ ကိုယ့်ကိုယုံကြည်ပါ .......
နှင်းဆီဖြူ --- ထာဝရအချစ် ၊ဖြူစင်မှု ။သန့ရှင်းမှု ၊လျှို့ဝှက်မှု ၊တိတ်ဆိတ်ခြင်း ...........
နှင်းဆီဝါ --- ခင်မင်မှု ၊မနာလိုမှု ၊ကိုယ်ဟာမထိုက်တန်သူပါ ........
နှင်းဆီနက် --- မင်းကိုစွဲလန်းမိနေတယ် ............
နှင်းဆီလိမ်မော် --- မင်းဟာကိုယ့်ရဲ့တိတ်တခိုးချစ်သူပါ ..............
နှင်းဆီအဖြူ နှင့် အနီရောင် --- ကိုယ်တို့ဟာခွဲခြားလို့မရဘူး ၊ အတူတကွ ........
နှင်းဆီဆူးမဲ့ --- မြင်မြင်ချင်း အချစ် ............
နှင်းဆီဖူး --- လှပနုပျိုခြင်း ၊အချစ်ကြောင့်အပြစ်ကင်းသောနှလုံးသား .........
နှင်းဆီဖူးအနီ --- ရှင်းသန့်ခြင်း ၊နှစ်လိုဖွယ်ကောင်းခြင်း ..........
နှင်းဆီဖူးအဖြူ --- မိန်းမသားအဖြစ် ..........


အရေအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် (၂) မျိုးတွေ့လို့ခွဲဖေါ်ပြလိုက်ပါတယ်။ အနက် အဓိပ္ပါယ် ကတောတူပါတယ်.

အရေအတွက် အဓိပ္ပါယ် (၁)

ပွင့်အာနေသောနှင်းဆီနီတစ်ပွင့် --- မင်းကိုကိုယ်ချစ်တယ် ၊မင်းကိုကိုယ်ချစ်နေတုန်းပဲ .........
ပွင့်အာနေသောနှင်းဆီပန်းစည်း --- ကျေးဇူး ..........
နှင်းဆီတစ်ပွင့် ဘယ်အရောင်မဆို --- ကျေးဇူး ၊ရိုးရှင်းခြင်း ..............
နှင်းဆီနှစ်ပွင့် --- အပြန်အလှန်ခံစားမှု ...........
သုံးပွင့် --- မင်းကိုကိုယ်ချစ်တယ် .....
ခုနှစ်ပွင့် --- အရူးအမူးစွဲလန်းနေပြီ
ကိုးပွင့် --- ထာဝရအမြဲအတူရှိနေမယ်
ဆယ့်ပွင့် --- မင်းဟာပြီးပြည့်စုံသူတစ်ယောက်ပါ
ဆယ်တစ်ပွင့် --- မင်းဟာကိုယ့်အတွက်အဖိုးတန်ရတနာတစ်ပါးပါ
ဆယ့်နှစ်ပွင့် --- ပိုင်ဆိုင်ပါရစေ
ဆယ့်သုံးပွင့် --- ထာဝရသူငယ်ချင်း
ဆယ့်ငါးပွင့် --- တကယ်တောင်းပန်ပါတယ်
နှစ်ဆယ်ပွင့် --- ကိုယ်ဟာမင်းအပေါ်တကယ်ရိုးသားခဲ့ပါတယ်
နှစ်ဆယ့်တစ်ပွင့် --- မင်းအတွက်ရည်ညွှန်းပြီးပေးတာပါ
နှစ်ဆယ့်လေးပွင့် --- မင်းအတွက်ထာဝရ
နှစ်ဆယ့်ငါးပွင့် --- ဂုဏ်ယူပါတယ်
အပွင့်ငါးဆယ် ---ြွခင်းချက်မရှိသောအချစ်
ကိုးဆယ့်ကိုးပွင့် --- ဘ၀တလျှောက်လုံးချစ်နေမှာပါ
တစ်ရာ့ရှစ်ပွင့် --- ကိုယ့်ကိုလက်ထက်နိုင်မလား
ကိုးရာကိုးဆယ့်ကိုးပွင့် --- နောက်ဆုံးအချိန်ထိ မင်းကိုချစ်နေမယ်

ကိုယ်ချစ်တဲ့သူ ကို နှင်းဆီပန်း ပေး ရင်း ချစ်တဲ့ သူနဲ့အဆင်ပြေပါစေ ။။။။။

အရေအတွက် အဓိပ္ပါယ် (၂)

နှင်းဆီ ၁ပွင့်..... ရင်ထဲမှာ မင်းပဲရှိတယ်
နှင်းဆီ ၂ပွင့်..... ဒီကမ္ဘာမှာ ကိုယ်တို့နှစ်ယောက်တည်း
နှင်းဆီ ၃ပွင့်..... မင်းကိုငါချစ်တယ်
နှင်းဆီ ၄ပွင့်..... သေတောင် မခွဲဘူး
နှင်းဆီ ၅ပွင့်..... တန်ဖိုးထား မြတ်နိုးတယ်
နှင်းဆီ ၆ပွင့်..... တစ်ယောက်ကိုတစ်ယောက် လေးစား၊ ချစ်ခင်၊ ခွင့်လွတ်တယ်
နှင်းဆီ ၇ပွင့်..... မင်းကို တိတ်တခိုးလေး ချစ်နေတယ်
နှင်းဆီ ၈ပွင့်..... မင်းရဲ့ ကြင်နာယုယမှုနဲ့ အားပေးမှုကို ကျေးဇူးတင်တယ်
နှင်းဆီ ၉ပွင့်..... အမြဲတမ်း

နှင်းဆီ ၁၀ပွင့်...... အပြစ်ကင်းစင်သော ချစ်သူ
နှင်းဆီ ၁၁ပွင့်...... မင်းတစ်ယောက်ကိုပဲ ဂရုစိုက်တယ်။
နှင်းဆီ ၁၂ပွင့်...... တစ်နေ့ထက်တစ်နေ့ တိုးလို့ချစ်တယ်။
နှင်းဆီ ၁၃ပွင့်...... သူငယ်ချင်းအချစ်
နှင်းဆီ ၁၄ပွင့်...... ဂုဏ်ယူပါတယ်
နှင်းဆီ ၁၅ပွင့်...... I'M SORRY!
နှင်းဆီ ၁၆ပွင့်...... မတည်ငြိမ်သော အချစ်
နှင်းဆီ ၁၇ပွင့်...... ပြန်မရနိုင်တော့တဲ့ အချစ်
နှင်းဆီ ၁၈ပွင့်...... ရိုးသားပွင့်လင်းခြင်း
နှင်းဆီ ၁၉ပွင့်...... မျှော်လင့်စောင့်စားခြင်း
နှင်းဆီ ၂၀ပွင့်..... ငါ့မှာ ရိုးသားတဲ့အချစ် တစ်ခုတည်းပဲရှိတယ်။

နှင်းဆီ ၂၁ပွင့်..... ရိုးသားတဲ့အချစ်
နှင်းဆီ ၂၂ပွင့်..... မင်းကံကောင်းပါစေ
နှင်းဆီ ၂၅ပွင့်..... မင်းပျော်ရွှင်ပါစေ
နှင်းဆီ ၃၀ပွင့်..... ဖူးစာကိုယုံတယ်
နှင်းဆီ ၃၆ပွင့်..... ရိုမန်တစ်

နှင်းဆီအပွင့် ၅၀..... မမျှော်လင့်ပဲ တွေ့ကြတယ်
နှင်းဆီအပွင့် ၉၉..... FOREVER!
နှင်းဆီအပွင့် ၁၀၀..... ၁၀၀% အချစ်
နှင်းဆီအပွင့် ၁၀၁..... အရမ်း.. အရမ်း..ချစ်
နှင်းဆီအပွင့် ၁၀၈..... လက်ထပ်ခွင့် ပေးပါ
နှင်းဆီအပွင့် ၁၁၁..... အဆုံးမဲ့အချစ်
နှင်းဆီအပွင့် ၁၄၄..... နေ့တိုင်း၊ လတိုင်း၊ အသက်ရှင်နေသရွေ့ မင်းကိုချစ်တယ်
နှင်းဆီအပွင့် ၃၆၅..... နေ့တိုင်းလွမ်းတယ်
နှင်းဆီအပွင့် ၉၉၉..... မချုပ်ငြိမ်းတဲ့အချစ်၊ အမြဲတမ်းထာဝရ
နှင်းဆီအပွင့် ၁၀၀၁...... သက်ဆုံးထိတိုင်