Saturday, June 13, 2009

အကောင်းဆုံးဆန္ဒတွေနဲ့





ရေမြေတွေခြားနေတော့

ရာသီဥတုတွေက မတူဘူးလေ

ခုချိန်မှာတော့

အရာရာတိုင်းက

တို့နှစ်ယောက်အတွက်

စိတ်ကူးလေးတွေနဲ့ပဲ

ငါမြင်ကြည့်တယ်နော်

မိုးရေတွေထဲမှာ

ကျောင်းသွားရတဲ့

မင်းပုံရိပ်လေးကိုပေါ့

နေပူတဲ့အချိန်

မင်းအေးမြဖို့

ထီးလေးမိုးပေးချင်တယ်

မိုးရွာတဲ့အချိန်လည်း

အော်... မိုးတွေစိုသွားလို့

မင်းများအအေးမိသွားမလားဆိုတဲ့

စိတ်လေးနဲ့ ထီးလေးဖြစ်ချင်ပြန်ရော

အားလုံးက မင်းအတွက်

အကောင်းဆုံးဖြစ်စေချင်တဲ့

ဆန္ဒတွေနဲ့ပါပဲ.....


0 comments:

Post a Comment