Thursday, June 25, 2009

ကြယ်ကလေးတွေနဲ့ တူတဲ့ကိုကို


ကြယ်ကလေးတွေကို......ကျွန်မမော့ကြည့်နေမိတယ်..

ကောင်းကင်းအမြင့်ရဲ့ ဟိုး.....အဝေးကြီးမှာပေါ့...

ဒါပေမယ့်....ဘယ်လောက်ဘဲဝေးဝေး.
...

ကြယ်ကလေးတွေရဲ့ တောက်ပတဲ့အလင်းရောင်တွေကို..

ကျွန်မ....မြင်နေရပါတယ်...

ကြယ်ကလေးတွေလိုပါဘဲ...

ကျွန်မချစ်သူကလည်း....ဟိုးအဝေြး
ကီးမှာပါ..

ကြယ်ကလေးတွေရဲ့ အလင်းရောင်ကိုကျွန်မမြင်ရသလို

ချစ်သူရဲ့ .......ချစ်ခြင်းမေတ္တာတွေ

ကြင်နာမြတ်နိုးခြင်းတွေ

နားလည်ခွင့်လွတ်ခြင်းတွေ

တည်ကြည်လေးနက်ခြင်းတွေကိုလည်း..
..

ကျွန်မ....မြင်နေရပါတယ်..

ဟော..ကြည့်နေရင်းနဲ့ ....ကြယ်ကလေးတစ်လုံးကြွေကျသွား
တယ်...

သူ့ ချစ်သူဆီကိုပျော်ရွှင်စွာခုန်
ဆင်းပြီးပြန်သွားတာထင်ပါရဲ့ နော်..

တစ်နေ့ တော့လေ....တစ်နေ့ တော့ပေါ့

ကျွန်မချစ်သူလည်း...ကျွန်မဆီကို
..ပျော်ရွှင်စွာပြန်လာဦးမှာပါ...

ကျွန်မစောင့်နေတယ်လေ...

အချစ်များစွာနဲ့ ....သူပြန်လာမယ့်နေ့ ရက်တွေကိုပေါ့

အခုတော့..ကြယ်ကလေးတွေကိုရည်တွက်
ရင်း

ကောင်းကင်ကြီးကိုမော့ကြည့်ရင်း

အလွမ်းတွေကိုပန်းလိုသီရင်း

ချစ်သူအပြန်လမ်းကိုမှန်ဆလို့ နေရပါတယ်။



ကိုကို

အချစ်ရက်တွေ

တစ်လမှတစ်နှစ်

တစ်နှစ်မှအသက်ရှင်သမျှ

ခိုင်မြဲနေပါနော်။

ထာဝရချစ်နေမယ့်
ကိုကိုရဲ့ 
ငယ်လေး



1 comments:

ချစ်လွန်းသူ said...

ဘယ်လောက်ပဲဝေးဝေး ချစ်ချင်းတစ်ခုနဲ့ နှလုံးသားချင်းနီးနေတယ်.....
ခုချိန်တော့ အရာရာတိုင်းက ဟိုးအဝေးမှာပေါ့.....
ငယ်မျှော်နေနော်.....
ကိုကို ငယ့်ဆီကိုပြန်လာမယ်.....

Post a Comment