Thursday, June 25, 2009

နားလည်ပေးပါ

ချစ်သူရေ...

မင်းကကျောက်ဆောင်

ကိုယ်က ရေလှိုင်းဘဲထားပါတော့

အရှိန်အဟုန်ပြင်းပြင်းနဲ့ မာန်ချီရင်းပြေးလာတဲ့လှိုင်းလုံးတွေဟာ

ကျောက်ဆောင်ကိုရိုက်မိတဲ့အခါတိုင်း

တစ်စဆီ ကွဲအက်. လှိုင်းပျက်သွားတာ

မင်းသိမှာပါ။


မင်းကရေလှိုင်း

ကိုယ်ကကျောက်ဆောင်ဆိုရင်လည်း

ပြင်းထန်လှတဲ့ လှိုင်းတံပိုးတွေရဲ့ ရိုက်ချက်အောက်မှာ

ကျေက်သားတွေပဲ့ပဲ့ပါပြီး

သောင်ပြင်မှာကြွေကျ .တစ်စဆီကြေမွနေတာ

မင်းမြင်မှာပါနော်။

ချစ်သူရယ်....

မင်းကရေလှိုင်းဘဲဖြစ်ဖြစ်

ကျောက်ဆောင်ဘဲဖြစ်ဖြစ်

အပြစ်မရှိပါဘူး။

ယုံကြည်စွာပုံအပ်ထားတဲ့

ကိုယ့်နှလုံးသားလေးကို

ဝန်တိုခြင်းကင်းကင်း

သံသယရှင်းရှင်းနဲ့ 

ချစ်နေရင်ရပြီနော်

ချစ်နေရင်...ရ...ပြီ...နော်

ချစ်...နေ...ရင်....ရ..ပြီ...ေ
နာ်။ ။

ကိုကိုရဲ့ထာဝရ ငယ်လေး


1 comments:

ချစ်လွန်းသူ said...

တစ်ခါတစ်လေတော့လည်း အဆင်မပြေမှုလေးတွေရှိတယ်နော်.....
ဝေးနေတော့လည်း စိတ်မချဘူး ငယ်ရယ်.....
ချစ်တဲ့စိတ်ကြောင့်ပဲလေ.....
ဘယ်သူမှားတယ် မှန်တယ်ဆိုတာ အဖြေရှာဖို့မှ မလိုတာ.....
နားလည်မှုတစ်ခုပဲပေါ့.....
အမြဲတမ်းရှိနေမယ်နော်.....

Post a Comment