Friday, June 12, 2009

ဖြစ်နိုင်ရင်

ချစ်သူ.....

မင်းနဲ့ငါ့ကြားဝေးကွာခြင်းတွေက တားဆီးထားပေမယ့်

ချစ်ခြင်းတစ်ခုနဲ့တင် နှလုံးသာချင်းနီးနေကြတယ်

ဖြစ်နိုင်ရင်ပေါ့.....

အဲဒီဝေးကွာခြင်းတွေ ချုံ့ပစ်ချင်လိုက်တာ

ချစ်သူ.....

အပြင်မှာမတွေ့ဖူးပေမယ့်

ရင်မှာတော့ ချစ်သူပုံရိပ်လေးတွေ ကိုယ်စီနဲ့လေ

ဖြစ်နိုင်ရင်ပေါ့.....

ပုံရိပ်စစ်လေးကို တွေ့ဖူးချင်လိုက်တာ

ချစ်သူ.....

မျက်နှာချင်းဆိုင် စကားတွေမပြောဖူးပေမယ့်

လေလှိုင်းထဲမှာတော့ ချိုသာတဲ့အသံလေးတွေ နားဝင်ချိုခဲ့တယ်

ဖြစ်နိုင်ရင်ပေါ့.....

ငါ့ရဲ့နားထဲမှာ အဲဒီလေသံလေးတိုးဝင်ချင်လိုက်တာ

ချစ်သူ.....

နွေးထွေးတဲ့ပွေ့ဖက်မှုလေးတွေကြုံဖူးခဲ့ပေမယ့်

တကယ်တော့ လေဟာနယ်ထဲမှာလေ

ဖြစ်နိုင်ရင်ပေါ့.....

မင်းရဲ့ပခုံးလေးကိုထိတွေ့ချင်လိုက်တာ

ချစ်သူ.....

နှုတ်ဆက်ခါနီး အနမ်းလေးတွေရခဲ့ဖူးပေမယ့်

တကယ်မှမဟုတ်သေးတာ

ဖြစ်နိုင်ရင်ပေါ့.....

မင်းရဲ့ပါပြင်လေးကို နမ်းရှိုက်ချင်လိုက်တာ

ချစ်သူ.....

အတူနေဖို့ ဆန္ဒတွေကိုယ်စီရှိကြပေမယ့်

အကောင်းဆုံးတွေအတွက် ပြင်ဆင်နေကြရတယ်

ဖြစ်နိုင်ရင်ပေါ့.....

အလွမ်းတွေကိုထွေးပိုက်လို့ မင်းဆီအပြေးလေး ပြန်လာချင်လိုက်တာ

ကြိုနေပါနော်

ချစ်သူရယ်.....

ဖြစ်နိုင်ရင်ဆိုတဲ့ဆန္ဒလေးတွေက

မင်းရင်ထဲမှာလည်း ရှိနေမှာပါနော်

တစ်နေ့တော့ ဖြစ်ပါရစေ.....


0 comments:

Post a Comment