Monday, June 22, 2009

အယူခံ

တစ်ခါတစ်လေတော့လည်း

ငှက်ကလေးတစ်ကောင်ဖြစ်ချင်တယ်။

အတောင်ညောင်းရင်ညောင်းပါစေ

ချစ်သူရှိတဲ့အရပ်ကိုပျံသွားချင်လို့ ပါ။


တစ်ခါတစ်လေတော့လည်း

နေကြာပန်းလေးဖြစ်ချင်တယ်။

ချစ်သူရှိတဲ့အရပ်ကိုဘဲ

မျက်နှာမူနေချင်လို့ ပါ။





တစ်ခါတစ်လေတော့လည်း

ဂျူလိယက်လိုဖြစ်ချင်တယ်။

ချစ်သူမလာမချင်း...

အဆိပ်ရည်တွေသောက်ပြီးအိပ်နေချင်လို့ ပါ။


တစ်ခါတစ်လေတော့လည်း

အာလာဒင်မီးခွက်တစ်ခုလိုချင်တယ်

မီးခွက်စောင့်ကိုခေါ်ပြီး

ချစ်သူကိုခေါ်ပေးဖို့ ပြောရမှာလား၊

ချစ်သူဆီလိုက်ပို့ ပေးဖို့ ပြောရမှာလား။


ဒါပေမယ့်...လက်တွေ့ ဘ၀မှာတော့

ဘာမှမျော်လင့်လို့ မရတဲ့ 

နှလုံးသားအကျဉ်းစခန်းထဲက

အချစ်တရားခံအဖြစ်နဲ့ ........................။
ကိုကိုရဲ့ထာဝရ ငယ်လေး

1 comments:

ချစ်လွန်းသူ said...

မနက်ဖြန်တိုင်းက ငယ်နဲ့အတူနေဖို့ မျှော်လင့်ချက်တွေနဲ့ပဲလေ......
လက်ရှိအချိန်ကတော့ ငယ်နဲ့အတူနေဖို့ ကြိုးစားနေရတာ....
တစ်နေ့တော့ ကိုကိုတို့မျှော်လင့်ထားတဲ့မျှော်လင့်ချက်တွေ ဖြစ်လာမှာပါ.....

Post a Comment