Monday, June 29, 2009

ချစ်သူသက်တမ်း (၇) လပြည့်နေ့

ငါ့ရဲ့မနက်ဖြန်တိုင်းဟာ

မင်းနဲ့တွေ့မယ်ဆိုတဲ့ မျှောင်လင့်ချက်များစွာနဲ့ ပြည့်သိပ်နေခဲ့တယ်

ငါ့ရဲ့ နေ့ရက်တွေတိုင်းကတော့

ငါပြန်အလာကို မင်းတစ်ယောက် စောင့်မျှော်နေလိမ့်မယ်ဆိုတဲ့အသိနဲ့

အသက်ဆက်ရှင်ခဲ့တယ်

တကယ်လို့ မင်းနဲ့သာ မတွေ့ဆုံခဲ့ရင်တော့

ငါဟာ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့

ထိတွေ့ခွင့်တောင်ရခဲ့မှာ မဟုတ်ဘူးနော်

အဆိုးရွားဆုံးခံစားမှုတွေနဲ့ပေါ့

ငါ့ရဲ့ ရင်ဘတ်တခုထဲက နှလုံးသား တစ်စုံဟာ

မူပိုင် မင်းတယောက်တည်းအတွက်ပါ

မင်းရဲ့အချစ်တွေအားလုံးကို

ငါတယောက်တည်းပဲ သိမ်းကျုံးယူမယ်

ခွင့်ပြုပေးပါ ချစ်သူ.....


ကိုကို


လွန်ခဲ့တဲ့ (၇)လ မတိုင်ခင်လောက်ကပေါ့

အိပ်ယာက နိုးရင် ကိုယ့်အကြောင်းကိုယ်တွေး

အဖြူရောင်လေးပါ

ခုတော့...အိပ်ယာကနိုးရင် ကိုယ့်အကြောင်းထက်

သူ့ အကြောင်းကိုအရင်တွေး

ပန်းနုရောင်လေးပါ

အ၀ါတွေ .. အစိမ်းတွေ အရောင်မပြောင်းချင်ဘူးနော်

ပန်းနုရောင်အသဲနဲ့ အမြဲချစ်မယ်

ငယ်လေး

Friday, June 26, 2009

မခွဲဘူးနော်


ချစ်သူ

နားလည်မှုတွေနဲ့

ချစ်ခရီးလမ်းတစ်ခုကို

အစဉ်ပြေစွာဖြတ်သန်းချင်ပါတယ်

မင်းကိုချစ်တဲ့အချစ်က

ကိုယ့်ရင်ကိုအေးမြစေတယ်

မင်းအတွက်တော့ပူလောင်မှုတွေမဖြစ်စေရဘူး

ချစ်သူတွေလျောက်လှမ်းရမဲ့ဘ၀ခရီးလမ်းမှာ

အခက်အခဲတွေတော့အများကြီးရှိမှာပါ

အဲဒီအခဲတွေကို

ကိုယ်တို့ရဲ့ချစ်ခြင်းတွေ

နားလည်မှုတွေနဲ့

ကျော်ဖြတ်ကြရအောင်နော်

ခုချိန် ကိုယ်တို့က

အမှောင်ထဲမှာ လမ်းလျောက်နေရသလိုပါပဲ

ဟိုး…..ရှေ့မှတော့ ကိုယ်တို့အတွက်

အရမ်းလှပတဲ့ နံနက်ခင်းလေးကိုမြင်နေရတယ်လေ

ကိုယ့်လက်ကိုမြဲမြဲကိုင်ထားနော်

ခုကိုယ်တို့ အမှောင်ထုတွေထဲကနေ

လှပတဲ့ နံနက်ခင်းလေးဆီကို

ခရီးနှင်နေတယ်

ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်

မခွဲဘူးနော်

လက်တွဲမဖြုတ်ကြေး......


အချစ်+သံသယ=ကြေကွဲခြင်း


ကိုယ်.............ကြယ်တစ်ပွင့်

...မဖြစ်ချင်ဘူး

အရောင်ပြောင်းတတ်တဲ့ကောင်းကင်ကု
ိ... ထားရစ်ပြီး

လေဟာနယ်ထဲ ..ခုန်ဆင်းသွားမိမှာ ... စိုးလို့ ပါ...

ကိုယ်............ငှက်တစ်ကောင်.
.မဖြစ်ချင်ဘူး

နွေးထွေးမှုကင်းတဲ့....အသိုက်ြ
မုံကို... စွန့် ခွာပြီး

အဝေးကို... တောင်ပံဖြန့် ပျံသန်းသွားမိမှာ... စိုးလို့ ပါ

ကိုယ်...........ရော်ရွက်ဝါ...
မဖြစ်ချင်ဘူး

အပင်အိုပေါ်က .....ကိုယ်ကြွေကျခဲ့၇င်

နောက်ထပ်ရွက်နုသစ်တွေ .... ဝေမလာမှာ...စိုးလို့ ပါ

ဒါကြောင့်... ကိုယ်လေ.... ဗေဒါပင်လေးဘဲဖြစ်ချင်တယ်

မင်းရဲ့ အချစ်မြစ်ရိုးတစ်လျှောက်မှာ

ပန်းတိုင်မရှိတဲ့ဘ၀နဲ့  ရေစုန်မျောနေချင်ပါတယ်

မင်းက .. သာသာလေး စီးဆင်းခဲ့၇င်

ကိုယ်က ငြိမ့်ငြိမ့်ကလေး မျောပါမယ်

မင်းက လှိုင်းတန်ပိုးထန်ခဲ့ရင်လဲ

မြုပ်လိုက် ပေါ်လိုက် ကျွမ်းထိုးလိုက်နဲ့ 

မင်းစေရာအတိုင်းပေါ့

ဒါပေမဲ့....ကိုယ်က အသဲနှလုံးနဲ့ လူပါ

ကြယ်မဟုတ်ဘူး

ငှက်မဟုတ်ဘူး

ရွက်ဝါမဟုတ်ဘူး

ဗေဒါမဟုတ်ဘူး

ခပ်ရေးရေးမြင်နေရတဲ့ အနာဂတ်ကို

ခပ်လေးလေးအတွေးတွေနဲ့ မှန်းမျှော်ရင်း

ခပ်ငေးငေးဘဲ ခြေစုံရပ်နေမိပါတယ်

လမ်းဆုံမှာ ..........လမ်းပျောက်နေလို့ 

ငယ်

Thursday, June 25, 2009

ချစ်သူ့လက်ဆောင်

7.3.1987..၁၃၄၈ - တပေါင်းလဆန်း (၈) ရက် စနေ

(ချစ်သူကိုကို့ မွေးနေ့ သို့ )


လတစ်ခြမ်းပျော်မွေ့ 

မိန်ရာသီနွေတစ်နေ့ မှာ

နေမင်းကအလင်းဆုံးတောက်ပ

မွန်းတည့်ချိန်သမယမှာပေါ့

မင်္ဂလာကျက်သရေ ခညောင်းဝေစို

ဇာနည်ဖြစ်မဲ့ သားကောင်းဆွေကို

လင်းလက်တဲ့ ကြယ်စင်အဖြစ်

လောကသစ်က ... ကမ်းလင့်လို့ ကြိုခဲ့တယ်။

သည်းချာရင်နှစ် ထိုသားချစ်သည်

မိဘနှစ်ဖြာ ရင်ခွင်ညှာသို့ 

ပြေးဝင်ခိုလှုံ ရင်ငွေ့ ခြုံသည့်

ရာသီနှစ်ပေါင်း (၂၂)ခါပြောင်းပြီ။


မဟောင်းမညစ် အမြဲသစ်မည့်

မေတ္တာအနန္တ သမုဒယဖြင့်

မြတ်နိုးအစဉ် ငယ့်သခင်ကို

တိုက်ပွဲဟူသမျှ အနိုင်ရကာ

ဘေးရန်ကွာပြောင်း ကျန်းမာကြောင်းဖြင့်

ထူးချွန်ပညာ အောင်ကြောင်းဖြာဂ်ျ

တွေ့ ဆုံစေကြောင်း သူတော်ကောင်းနှင့်

ကောင်းဆိုးအတူ ချစ်မည့်သူနှင့်

ရှေ့ ခရီးလမ်း နှင်းဆန်းပန်းသို့ 

လန်းပါစေကြောင်း ဆုမွန်တောင်းသည်

ယနေ့ မှစ...........နှစ်တစ်ရာတိုင်..


" မွေးနေ့ မှာ ပျော်ရွှင်ပါစေ "

အချစ်များစွာဖြင့်

ကိုကိုရဲ့ 

ထာဝရ

ငယ်လေး(07.03.09)

အချစ်ရက်ကိုးဆယ်

တစ်နေ၀င် တစ်နေ့ ထွက်

ချစ်သက်တွေပြောင်း.... ရက်တွေညောင်းပြီ

ပေါင်းကြည့်တော့ကိုးဆယ်နော်

ရန်ဖြစ်တာရက်သုံးဆယ်

စိတ်ကောက်တာရက်အစိတ်

မတွေ့ ဖြစ်တာ ဆယ့်လေး၊ငါး

ကိုကိုရေ.. ချစ်တယ်နော် ဆယ်ရက်ကျော်ကျော်

ကျန်ရက်တွေမှာတော့ .. မခံစားနိုင်ဘူး ငယ်ရယ်ပေါ့


မတည့်အတူနေ..မမြင်ချောင်းကြည့်

စကားနဲ့ ငြိသလို

နိမ့်ချည်မြင့်ချည် ချစ်ဒီဂရီတွေ

အတက်အကျ မှန်းမရလဲ

ရင်ခွင်ညှာအသည်းမှာတော့ .. ဘယ်သူမှအလေးမသာ

ချစ်ခြင်းတွေညီမျှစွာပါ။

ရက်ကိုးဆယ် သုံးလခရီးမှ

သုံးနှစ်လဲမပြီးနိုင်.. နှစ်သုံးဆယ်လဲ မငြီးနိုင်

ငွေရတုလား .. ရွှေရတုလား အချစ်နှစ်များ

ဒီအတိုင်းဘဲကျော်သွား

အပြုံးတွေဘဲပေး.. အမုန်းမပါကြေးနော်

ဝေးဝေးတော့မနေချင်ပါဘူး..ကိုကိုရယ်

လက်ချင်းတွေခိုင်ခိုင်ဆုပ်

ခြေလှမ်းတွေမြိုင်မြိုင်သုတ်ရင်

သွားကြမယ်လေ..................... မိုင်ပေါင်းကုဋေ............

အချစ်များစွာနဲ့ကိုကိုရဲ့ ငယ်လေး

မဝေးဘူးနော်

ကိုကို

ဒီကဗျာဖတ်ပြီးရင်တော့ငယ် ဘယ်ကိုသွားသွား ကိုကို့က

ု အသဲတစ်ခြမ်းနဲ့အမြဲလွမ်းနေတယ်ဆိုတာသိရောပေါ့နော်။

နောက်တစ်ခြမ်းကရော ..ငယ်..လို.မေးဦးမယ်မဟုတ်လား။

အသဲတစ်စုံမှာလေ..တစ်ခြမ်းက ကိုကိုကိုချစ်ဖို့ 

တစ်ခြမ်းကကိုကို ကိုလွမ်းဖို့ ပေါ့။

သွေးကြောမျှင်လေးတစ်ချောင်းစာေ
တာင် သူများဖို့ နေရာမရှိဘူးဆိုရင်

ကိုကိုကျေနပ်နော်။

ပြီးတော့ကငယ့်ကိုယုံကြည်ပေးနော်


နေမကောင်းဘူးဆိုတော့ စိတ်တကယ်မကောင်းဘူး။

တကယ်ပြုစုပေးချင်ပါတယ်။ဘယ်လိုလု
ပ်ရမလဲ ကိုကိုရယ်။

ခုတော့ဆုတောင်းပေးမယ်နော်။ကိုကိ
ုနေကောင်းပါစေလို့။ငယ့်မေတ္တာတွေအများကြီးနဲ့ 

ဆုတောင်းပေးမှာဆိုတော့ မနက်ဖြန်မှာ ကိုကိုတစ်ယောက် တကယ်နေကောင်းသွားမှာပါ။

အရမ်းချစ်တယ်နော်။



မဝေးဘူးနော်


ကောင်းကင်နဲ့ ပင်လယ်

ဘယ်လောက်များဝေးလဲ..မင်းသိနိုင်

မလား..ချစ်သူ

မော့ကြည့်ရတဲ့ကောင်းကင်နဲ့ 

မျှော်ကြည့်ရတဲ့ပင်လယ်

သူတို့ ကချစ်သူတွေတဲ့။

ဟိုး....မိုးကုတ်စက်ဝိုင်းရဲ့ တစ်နေရာမှာ

သူတို့ နှစ်ဦးပေါင်းဆုံနေတာ

သောင်ပြင်ကလှမ်းကြည့်..တကယ်ထိေ
နတာနော်။

ကောင်းကင်ကပြာပြာ

ပင်လယ်ကပြာပြာ

အရောင်တွေတူညီစွာနဲ့  ချစ်ကြတာနေမှာပေါ့။

ဒါဆို ...... ဟိုအဝေးကြီးကမင်းနဲ့ 

ဒီအဝေးကြီးက ကိုယ်နဲ့ 

ချစ်သူတွေဖြစ်တာမဆန်းဘူးမဟုတ်လာ
း။

တူညီတဲ့မေတ္တာ၊တူညီတဲ့သစ္စာ၊တူညီ
တဲ့သံယောဇဉ်တွေနဲ့ တို.နှစ်လုံးသားထဲအထိ

တကယ်ငြိနေတာနော်။

ကိုကိုရဲ့ထာဝရ ငယ်လေး




နားလည်ပေးပါ

ချစ်သူရေ...

မင်းကကျောက်ဆောင်

ကိုယ်က ရေလှိုင်းဘဲထားပါတော့

အရှိန်အဟုန်ပြင်းပြင်းနဲ့ မာန်ချီရင်းပြေးလာတဲ့လှိုင်းလုံးတွေဟာ

ကျောက်ဆောင်ကိုရိုက်မိတဲ့အခါတိုင်း

တစ်စဆီ ကွဲအက်. လှိုင်းပျက်သွားတာ

မင်းသိမှာပါ။


မင်းကရေလှိုင်း

ကိုယ်ကကျောက်ဆောင်ဆိုရင်လည်း

ပြင်းထန်လှတဲ့ လှိုင်းတံပိုးတွေရဲ့ ရိုက်ချက်အောက်မှာ

ကျေက်သားတွေပဲ့ပဲ့ပါပြီး

သောင်ပြင်မှာကြွေကျ .တစ်စဆီကြေမွနေတာ

မင်းမြင်မှာပါနော်။

ချစ်သူရယ်....

မင်းကရေလှိုင်းဘဲဖြစ်ဖြစ်

ကျောက်ဆောင်ဘဲဖြစ်ဖြစ်

အပြစ်မရှိပါဘူး။

ယုံကြည်စွာပုံအပ်ထားတဲ့

ကိုယ့်နှလုံးသားလေးကို

ဝန်တိုခြင်းကင်းကင်း

သံသယရှင်းရှင်းနဲ့ 

ချစ်နေရင်ရပြီနော်

ချစ်နေရင်...ရ...ပြီ...နော်

ချစ်...နေ...ရင်....ရ..ပြီ...ေ
နာ်။ ။

ကိုကိုရဲ့ထာဝရ ငယ်လေး


ကြယ်ကလေးတွေနဲ့ တူတဲ့ကိုကို


ကြယ်ကလေးတွေကို......ကျွန်မမော့ကြည့်နေမိတယ်..

ကောင်းကင်းအမြင့်ရဲ့ ဟိုး.....အဝေးကြီးမှာပေါ့...

ဒါပေမယ့်....ဘယ်လောက်ဘဲဝေးဝေး.
...

ကြယ်ကလေးတွေရဲ့ တောက်ပတဲ့အလင်းရောင်တွေကို..

ကျွန်မ....မြင်နေရပါတယ်...

ကြယ်ကလေးတွေလိုပါဘဲ...

ကျွန်မချစ်သူကလည်း....ဟိုးအဝေြး
ကီးမှာပါ..

ကြယ်ကလေးတွေရဲ့ အလင်းရောင်ကိုကျွန်မမြင်ရသလို

ချစ်သူရဲ့ .......ချစ်ခြင်းမေတ္တာတွေ

ကြင်နာမြတ်နိုးခြင်းတွေ

နားလည်ခွင့်လွတ်ခြင်းတွေ

တည်ကြည်လေးနက်ခြင်းတွေကိုလည်း..
..

ကျွန်မ....မြင်နေရပါတယ်..

ဟော..ကြည့်နေရင်းနဲ့ ....ကြယ်ကလေးတစ်လုံးကြွေကျသွား
တယ်...

သူ့ ချစ်သူဆီကိုပျော်ရွှင်စွာခုန်
ဆင်းပြီးပြန်သွားတာထင်ပါရဲ့ နော်..

တစ်နေ့ တော့လေ....တစ်နေ့ တော့ပေါ့

ကျွန်မချစ်သူလည်း...ကျွန်မဆီကို
..ပျော်ရွှင်စွာပြန်လာဦးမှာပါ...

ကျွန်မစောင့်နေတယ်လေ...

အချစ်များစွာနဲ့ ....သူပြန်လာမယ့်နေ့ ရက်တွေကိုပေါ့

အခုတော့..ကြယ်ကလေးတွေကိုရည်တွက်
ရင်း

ကောင်းကင်ကြီးကိုမော့ကြည့်ရင်း

အလွမ်းတွေကိုပန်းလိုသီရင်း

ချစ်သူအပြန်လမ်းကိုမှန်ဆလို့ နေရပါတယ်။



ကိုကို

အချစ်ရက်တွေ

တစ်လမှတစ်နှစ်

တစ်နှစ်မှအသက်ရှင်သမျှ

ခိုင်မြဲနေပါနော်။

ထာဝရချစ်နေမယ့်
ကိုကိုရဲ့ 
ငယ်လေး



Wednesday, June 24, 2009

နှစ်ယောက်ပေါင်းကဗျာ

ကိုကို

ကဗျာတစ်ပိုဒ်ရေးထားတယ်။ကိုကိုကအောက်တစ်ပိုဒ်ဆက်ရေးနော်။



နှိုးစက်သံဒင်ဒေါင်ဒေါင်

ဒီနာရီငကြောင်က...... (၅)နာရီခွဲပြီတဲ့

မျက်ခွံကိုအားယူဖွင့်....စိတ်
ညစ်လိုက်တာနော်။

ဟိုဘက်လှည့်...ဒီဘက်လိမ့်..အိ
ပ်ချင်သေးတယ်ကွယ်။

"ငယ်"ထတော့လေ......

ဒီကျောင်းသွား...ဒီစာသင်

ပျင်းမနေနဲ့ ကွယ်...

ပြန်လာရင်အတူနေဖို့ 

နောင်အခါမှာအဆင်ပြေဖို့ 

အော်..ဘ၀အတွက်ကြိုးစားဖို့ ..ချစ်သူကနိုးနေတာကိုး...။။။။။




ငယ်

ကဗျာလေး ကိုကိုဆက်ရေးမယ်နော်



ကျောင်းသွားရတော့မယ်

ပါးပြင်မှာ သနပ်ခါးလေးနဲ့

မြန်မာဆန်ဆန်လှတဲ့

ကိုကိုရဲ့ UFL ကျောင်းသူလေး

သနပ်ခါးလိမ်းရတာ ပျင်းပါနဲ့

ကိုကိုသွေးပေးမယ်

နံနက်စာကို အိမ်မှားစား

အပြင်စာတွေမစားနဲ့ကွယ်

စိတ်ထဲက ကလေးလို့မြင်

အပြစ်ကင်းစင်တယ်

စိတ်မချခြင်းများစွာနဲ့

မှာနေရတဲ့ချစ်စကားများ

ငယ့်အတွက်ရိုးနေမလား

ကျောင်းသွားရင် လိုက်ပို့ချင်

ကျောင်းပြန်တော့လည်း လာကြိုချင်

ပညာတတ်ကြီးဖြစ်စေချင်တယ်

တစ်နေ့တော့ အတူနေဖို့

အကောင်းဆုံးတွေအတွက်ကြိုးစားရင်း

အချစ်များစွာနဲ့

အချိန်တိုင်းလွမ်းနေကြမယ်


ကိုကိုသို့.....

ဆန်းကြယ်တဲ့ ရေစက်တစ်စုံ

အံ့သြဖွယ်မေတ္တာအဟုန်နဲ့ 

အသဲနှလုံးချင်းထပ်တူကြုံ

မယုံချင်စရာဖူးစာဆုံ

မြတ်နိုးလို့ ရယ်မကုန်

ရူးမတတ်လောကီဘုံ

ကိုယ်ကလည်းခပ်ထုံထုံ

သူကလည်းခပ်မှုန်မှုန်

ချစ်ရတာတော့ရင်သိမ့်တုန်။



ကိုကို

အချစ်ဆိုတာလူတစ်ယောက်ရဲ့ စိတ်ကိုဒီလောက်စိုးမိုးလိမ့်မယ်လို

မထင်ခဲ့ဘူး။ခုတော့.......................

အရမ်းလွမ်းတယ်ကိုကိုရယ်။

ကိုကိုရဲ့ ထာဝရ ငယ်လေး

Tuesday, June 23, 2009

ချစ်တယ်ဆိုရင်

သူ့ စကားတွေဟာ

ပျားရည်မြစ်တစ်စင်းလို

ကိုယ့်ရင်ထဲစီးဝင်ခဲ့တယ်။

ဒီမြစ်ထဲမှာ...ကိုယ့်ဘ၀တစ်ခုလုံးကိုပုံပြီး

ယုံကြည်မှုလှေကလေးကို

လှော်ခတ်ချင်ပါတယ်...


သူနဲ့ အတူသာဆိုရင်....



လှိုင်းတွေဘယ်လောက်ကြီးကြီး

မုန်တိုင်းတွေဘယ်လောက်ထန်ထန်

အကွေ့ အကောက်တွေဘယ်လောက်များများ

ဘယ်နေရာရောက်ရောက်

ဘယ်ကမ္ဘာရောက်ရောက်.........သွားချင်ပါတယ်

အသက်ရှင်ခွင့်ရဲ့ နောက်ဆုံးစက္ကန့် အထိပေါ့.....

ခေါ်မှာလားချစ်သူ

လိုက်ခဲ့မှာလားချစ်သူ..............
ကိုကိုရဲ့ထာဝရ ငယ်လေး

Monday, June 22, 2009

အယူခံ

တစ်ခါတစ်လေတော့လည်း

ငှက်ကလေးတစ်ကောင်ဖြစ်ချင်တယ်။

အတောင်ညောင်းရင်ညောင်းပါစေ

ချစ်သူရှိတဲ့အရပ်ကိုပျံသွားချင်လို့ ပါ။


တစ်ခါတစ်လေတော့လည်း

နေကြာပန်းလေးဖြစ်ချင်တယ်။

ချစ်သူရှိတဲ့အရပ်ကိုဘဲ

မျက်နှာမူနေချင်လို့ ပါ။





တစ်ခါတစ်လေတော့လည်း

ဂျူလိယက်လိုဖြစ်ချင်တယ်။

ချစ်သူမလာမချင်း...

အဆိပ်ရည်တွေသောက်ပြီးအိပ်နေချင်လို့ ပါ။


တစ်ခါတစ်လေတော့လည်း

အာလာဒင်မီးခွက်တစ်ခုလိုချင်တယ်

မီးခွက်စောင့်ကိုခေါ်ပြီး

ချစ်သူကိုခေါ်ပေးဖို့ ပြောရမှာလား၊

ချစ်သူဆီလိုက်ပို့ ပေးဖို့ ပြောရမှာလား။


ဒါပေမယ့်...လက်တွေ့ ဘ၀မှာတော့

ဘာမှမျော်လင့်လို့ မရတဲ့ 

နှလုံးသားအကျဉ်းစခန်းထဲက

အချစ်တရားခံအဖြစ်နဲ့ ........................။
ကိုကိုရဲ့ထာဝရ ငယ်လေး

My love

My love is deep as the sea that flows forever.

My love is bright as the sun that shines forever.

My love is kind as the ground thats grows forever.

The world may disappear like a castle of sand,

I will be waiting dear ( KO KO ).

REMEMBERING FOREVER NGE LAY

ထာဝရ

မြတ်နိုးဖော် .. ကြင်နာဖက်

ဆင်းရဲအတူ..ချမ်းသာဖက်

တမ်းတဖော်..လွမ်းရဖက်

မခွဲတစ်သက်,,,,

ကောင်းတူဆိုးဖက် ....ဘ၀ချင်းဆက်၇်ျ

ဖ၀ါးကပ်၇်ျ ......ထပ်ချပ်မသွေ.....လိုက်ပါရစေ။ ။
ကိုကိုရဲ့ထာဝရ ငယ်လေး

Sunday, June 21, 2009

ရင်ခုန်သံ

ဘယ်ကာလကစလို့ 

ကိုယ့်ထံသို့

နီးသထက်နီးအောင် လာနေခဲ့ ပါသလဲ။

ကိုယ်မသိရပါလား

နံနက်ပေါင်းများစွာ ... ညပေါင်းများစွာ

မင်းခြေသံကိုကြားနေရတယ်။ ။

ကိုကိုရဲ့ ထာဝရ ငယ်လေး

ကိုယ်တစ်ယောက်တည်းပါပဲ

အရင်တုန်းက

ချစ်သူက ဖိုရမ်ဝင်ရတာ ၀ါသနာပါတယ်

စိတ်ထဲမှာတွေးလိုက်တာပါ

တစ်ခြားနေရာလေးတွေ သွားနေတာထက်စာရင်

ဒီနေရာမှာ သူ့ကိုအမြဲတမ်း ရှိနေစေချင်တယ်

ကိုယ်ရေးတဲ့ခံစားမှုလေးတွေ သူ့ကိုဖတ်စေချင်တယ်

သူပြန်ရေးတဲ့စာလေးတွေလည်း

ကိုယ်ကပြန်ဖတ်ချင်တယ်လေ

ဒီနေရာလေးကိုရောက်လာတိုင်း သူမပျင်းရအောင်

အမြဲတမ်းအလှဆင်ဖို့ပဲ တွေးနေတာ

တစ်ခြားနေရာလေးတွေလျောက်သွားနေတာလည်း

သူ့ကိုစိတ်မချဘူးလေ

ချစ်တဲ့စိတ်ကလည်း ခက်သားနော်

တစ်ခါတစ်လေလည်း ချုပ်ချယ်သလို ဖြစ်သွားတတ်တယ် ထင်ပါတယ်

ချစ်သူနှစ်ဦးရင်ဖွင့်စရာနေရာလေးအဖြစ်

သူနဲ့မတွေ့ရတဲ့ သင်္ကြန်ရက်လေးမှာ

ဒီဆိုဒ်လေးကို လုပ်ခဲ့တာ

ချစ်သူသက်တမ်း (၅) ပြည့်နေ့လေးမှာ

သူ့အတွက် အမှတ်တရလက်ဆောင်ပေးခဲ့တယ်

အဲဒီအချိန် သူပျော်ခဲ့မယ်ထင်တယ်နော်

ဘယ်နေ့များ သူလာသွားမလဲလို့ မျှော်နေတာ

သူရောက်မလာတာတောင် တော်တော်ကြာပြီလေ

အိမ်လေးလည်း အသက်မဲ့နေခဲ့ပါပြီ

ခုတော့လည်း ကိုယ်တစ်ယောက်တည်းပါပဲ.....


Saturday, June 20, 2009

ဝေးမနေချင်တော့ဘူး

ချစ်သူ

ပွင့်လင်းမှုတွေနဲ့အတူ

သံယောဇဉ်တွေလည်း

ခိုင်မာလာတယ်နော်

အချိန်တိုင်း အတွေးထဲမှာ

မင်းပုံရိပ်တွေပဲမြင်ယောင်နေတယ်

မတွေ့ရတဲရက်တွေဆို

ရင်ထဲမှာ ဘလောင်ဆူနေတာပေါ့

တွေ့ရတဲ့အချိန်လေးတွေကျတော့လည်း

ချစ်စကားလေးတွေကပြောမကုန်ဘူးလေ

မင်းနဲ့မခွဲနိုင်တော့ဘူးချစ်သူရယ်

ဆုံဆည်းမဲ့ရက်လေးတွေ

အမြန်ဆုံးရောက်ပါစေကွာ.....


Wednesday, June 17, 2009

အတွေး

ငါတစ်ယောက်တည်း

ကောင်းကင်ကြီးကို မော့ကြည့်နေတယ်

နေထွက်တဲ့အချိန်တွေမှာပေါ့

နံနက်စောစောဆို

အရှေ့ဘက်ကို ကြည့်မိတယ်

နေ့လည်ဆို

ဦးခေါင်းပေါ်တည့်တည့်ကိုပေါ့

ညနေဘက်ဆို

အနောက်အရပ်ကို ကြည့်တယ်

ဘယ်အချိန်များငါနဲ့အနီးဆုံးကို

နေမင်းကြီးရောက်လာမလဲပေါ့

တစ်နေ့တစ်နေ့လည်း

နေမင်းကြီးကို ကြည့်ရင်းနဲ့

အချိန်တွေကုန်သွားတယ်.....


Saturday, June 13, 2009

အကောင်းဆုံးဆန္ဒတွေနဲ့





ရေမြေတွေခြားနေတော့

ရာသီဥတုတွေက မတူဘူးလေ

ခုချိန်မှာတော့

အရာရာတိုင်းက

တို့နှစ်ယောက်အတွက်

စိတ်ကူးလေးတွေနဲ့ပဲ

ငါမြင်ကြည့်တယ်နော်

မိုးရေတွေထဲမှာ

ကျောင်းသွားရတဲ့

မင်းပုံရိပ်လေးကိုပေါ့

နေပူတဲ့အချိန်

မင်းအေးမြဖို့

ထီးလေးမိုးပေးချင်တယ်

မိုးရွာတဲ့အချိန်လည်း

အော်... မိုးတွေစိုသွားလို့

မင်းများအအေးမိသွားမလားဆိုတဲ့

စိတ်လေးနဲ့ ထီးလေးဖြစ်ချင်ပြန်ရော

အားလုံးက မင်းအတွက်

အကောင်းဆုံးဖြစ်စေချင်တဲ့

ဆန္ဒတွေနဲ့ပါပဲ.....


Friday, June 12, 2009

ဖြစ်နိုင်ရင်

ချစ်သူ.....

မင်းနဲ့ငါ့ကြားဝေးကွာခြင်းတွေက တားဆီးထားပေမယ့်

ချစ်ခြင်းတစ်ခုနဲ့တင် နှလုံးသာချင်းနီးနေကြတယ်

ဖြစ်နိုင်ရင်ပေါ့.....

အဲဒီဝေးကွာခြင်းတွေ ချုံ့ပစ်ချင်လိုက်တာ

ချစ်သူ.....

အပြင်မှာမတွေ့ဖူးပေမယ့်

ရင်မှာတော့ ချစ်သူပုံရိပ်လေးတွေ ကိုယ်စီနဲ့လေ

ဖြစ်နိုင်ရင်ပေါ့.....

ပုံရိပ်စစ်လေးကို တွေ့ဖူးချင်လိုက်တာ

ချစ်သူ.....

မျက်နှာချင်းဆိုင် စကားတွေမပြောဖူးပေမယ့်

လေလှိုင်းထဲမှာတော့ ချိုသာတဲ့အသံလေးတွေ နားဝင်ချိုခဲ့တယ်

ဖြစ်နိုင်ရင်ပေါ့.....

ငါ့ရဲ့နားထဲမှာ အဲဒီလေသံလေးတိုးဝင်ချင်လိုက်တာ

ချစ်သူ.....

နွေးထွေးတဲ့ပွေ့ဖက်မှုလေးတွေကြုံဖူးခဲ့ပေမယ့်

တကယ်တော့ လေဟာနယ်ထဲမှာလေ

ဖြစ်နိုင်ရင်ပေါ့.....

မင်းရဲ့ပခုံးလေးကိုထိတွေ့ချင်လိုက်တာ

ချစ်သူ.....

နှုတ်ဆက်ခါနီး အနမ်းလေးတွေရခဲ့ဖူးပေမယ့်

တကယ်မှမဟုတ်သေးတာ

ဖြစ်နိုင်ရင်ပေါ့.....

မင်းရဲ့ပါပြင်လေးကို နမ်းရှိုက်ချင်လိုက်တာ

ချစ်သူ.....

အတူနေဖို့ ဆန္ဒတွေကိုယ်စီရှိကြပေမယ့်

အကောင်းဆုံးတွေအတွက် ပြင်ဆင်နေကြရတယ်

ဖြစ်နိုင်ရင်ပေါ့.....

အလွမ်းတွေကိုထွေးပိုက်လို့ မင်းဆီအပြေးလေး ပြန်လာချင်လိုက်တာ

ကြိုနေပါနော်

ချစ်သူရယ်.....

ဖြစ်နိုင်ရင်ဆိုတဲ့ဆန္ဒလေးတွေက

မင်းရင်ထဲမှာလည်း ရှိနေမှာပါနော်

တစ်နေ့တော့ ဖြစ်ပါရစေ.....


အလွမ်းနေ့

ဒီနေ့.....

ရာသီဥတုကတော့သာယာနေတယ်

စိတ်လေးကတော့ ညှိုးငယ်နေတာပေါ့

အော်.....

တစ်ရက်ဆိုလည်းတစ်ရက်ပါလား

ချစ်သူနဲ့မတွေ့ရတဲ့နေ့လေ

အင်းလေ.....

နေ့တိုင်းတွေ့ဖို့လည်း ဘယ်အဆင်ပြေပါ့မလဲနော်

ကိုယ်ဆီရင်ထဲမှာတော့ အချိန်တိုင်းတွေ့ချင်နေတာ

ဝေးနေရတဲ့အချိန်လေးတွေ

အမြန်ဆုံးကုန်ဆုံးပြီး

ဆုံဆည်းရမဲ့အချိန်လေးတွေ

အမြန်ဆုံးရောက်လာပါစေနော်.....


Thursday, June 4, 2009

အရမ်းချစ်နေလို့

ရှင်သန်မှုမှာ သ၀န်တိုမှုနဲ့ 

ဖြစ်ခဲ့တဲ့ချစ်ခြင်းအတွက်

နားလည်မှုလေး ပေးပါ

ဖြစ်ပေါ်နေတဲ့ ချစ်ခြင်းတွေမှာ

စိုးရိမ်မှုနဲ့  နှမြောတသမှုအတွက်

ခွင့်လွတ်မှုလေးတော့ ပေးပါ

ရယူပိုင်ဆိုင်မှုတွေ မှာ

ဖြစ်ပေါ်နေတဲ့  စိတ်မချမှုတွေအတွက်

သည်းခံမှုလေးတော့ ပေးပါ.....


မာန်မာနတွေနဲ့ချစ်သူ

ခပ်ရင့် ရင့် ပြောတက်တဲ့ 

နှုတ်ခမ်းတစုံ ကိုလည်း

ချစ်တယ်...

အများနဲ့ မတူအောင်

နွေးထွေးမှုလေးတွကို

ပေးတက်တဲ့ 

ချစ်စရာကောင်းတဲ့ 

ငယ့်ရဲ့ အသံချိုချိုလေးတွေကိုလည်း

ချစ်တယ်..

စိတ်ဆိုးပြီ ဆိုရင်လည်း

ကြာကြာစိတ်မဆိုးတက်တဲ့ 

ငယ့်ရဲ့ နူးညံ့ တဲ့ 

စိတ်သဘောထားလေးကိုလည်း

ချစ်တယ်...

အထီးကျန်နေတဲ့ 

တိတ်ဆိတ်မှု့ ညတွေတိုင်းအတွက်

သာယာမှုတွေပေးတဲ့ 

ကိုကို့ အပေါ်ထားတဲ့ 

ငယ့်ရဲ့ပင်ကိုယ်စိတ်ကလေး ကိုလည်း

ချစ်တယ်..

ချစ်တယ် .. ချစ်တယ်.. ချစ်တယ်.....