Friday, June 26, 2009

မခွဲဘူးနော်


ချစ်သူ

နားလည်မှုတွေနဲ့

ချစ်ခရီးလမ်းတစ်ခုကို

အစဉ်ပြေစွာဖြတ်သန်းချင်ပါတယ်

မင်းကိုချစ်တဲ့အချစ်က

ကိုယ့်ရင်ကိုအေးမြစေတယ်

မင်းအတွက်တော့ပူလောင်မှုတွေမဖြစ်စေရဘူး

ချစ်သူတွေလျောက်လှမ်းရမဲ့ဘ၀ခရီးလမ်းမှာ

အခက်အခဲတွေတော့အများကြီးရှိမှာပါ

အဲဒီအခဲတွေကို

ကိုယ်တို့ရဲ့ချစ်ခြင်းတွေ

နားလည်မှုတွေနဲ့

ကျော်ဖြတ်ကြရအောင်နော်

ခုချိန် ကိုယ်တို့က

အမှောင်ထဲမှာ လမ်းလျောက်နေရသလိုပါပဲ

ဟိုး…..ရှေ့မှတော့ ကိုယ်တို့အတွက်

အရမ်းလှပတဲ့ နံနက်ခင်းလေးကိုမြင်နေရတယ်လေ

ကိုယ့်လက်ကိုမြဲမြဲကိုင်ထားနော်

ခုကိုယ်တို့ အမှောင်ထုတွေထဲကနေ

လှပတဲ့ နံနက်ခင်းလေးဆီကို

ခရီးနှင်နေတယ်

ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ်

မခွဲဘူးနော်

လက်တွဲမဖြုတ်ကြေး......


0 comments:

Post a Comment