Sunday, June 21, 2009

ကိုယ်တစ်ယောက်တည်းပါပဲ

အရင်တုန်းက

ချစ်သူက ဖိုရမ်ဝင်ရတာ ၀ါသနာပါတယ်

စိတ်ထဲမှာတွေးလိုက်တာပါ

တစ်ခြားနေရာလေးတွေ သွားနေတာထက်စာရင်

ဒီနေရာမှာ သူ့ကိုအမြဲတမ်း ရှိနေစေချင်တယ်

ကိုယ်ရေးတဲ့ခံစားမှုလေးတွေ သူ့ကိုဖတ်စေချင်တယ်

သူပြန်ရေးတဲ့စာလေးတွေလည်း

ကိုယ်ကပြန်ဖတ်ချင်တယ်လေ

ဒီနေရာလေးကိုရောက်လာတိုင်း သူမပျင်းရအောင်

အမြဲတမ်းအလှဆင်ဖို့ပဲ တွေးနေတာ

တစ်ခြားနေရာလေးတွေလျောက်သွားနေတာလည်း

သူ့ကိုစိတ်မချဘူးလေ

ချစ်တဲ့စိတ်ကလည်း ခက်သားနော်

တစ်ခါတစ်လေလည်း ချုပ်ချယ်သလို ဖြစ်သွားတတ်တယ် ထင်ပါတယ်

ချစ်သူနှစ်ဦးရင်ဖွင့်စရာနေရာလေးအဖြစ်

သူနဲ့မတွေ့ရတဲ့ သင်္ကြန်ရက်လေးမှာ

ဒီဆိုဒ်လေးကို လုပ်ခဲ့တာ

ချစ်သူသက်တမ်း (၅) ပြည့်နေ့လေးမှာ

သူ့အတွက် အမှတ်တရလက်ဆောင်ပေးခဲ့တယ်

အဲဒီအချိန် သူပျော်ခဲ့မယ်ထင်တယ်နော်

ဘယ်နေ့များ သူလာသွားမလဲလို့ မျှော်နေတာ

သူရောက်မလာတာတောင် တော်တော်ကြာပြီလေ

အိမ်လေးလည်း အသက်မဲ့နေခဲ့ပါပြီ

ခုတော့လည်း ကိုယ်တစ်ယောက်တည်းပါပဲ.....


0 comments:

Post a Comment