Wednesday, June 24, 2009

နှစ်ယောက်ပေါင်းကဗျာ

ကိုကို

ကဗျာတစ်ပိုဒ်ရေးထားတယ်။ကိုကိုကအောက်တစ်ပိုဒ်ဆက်ရေးနော်။



နှိုးစက်သံဒင်ဒေါင်ဒေါင်

ဒီနာရီငကြောင်က...... (၅)နာရီခွဲပြီတဲ့

မျက်ခွံကိုအားယူဖွင့်....စိတ်
ညစ်လိုက်တာနော်။

ဟိုဘက်လှည့်...ဒီဘက်လိမ့်..အိ
ပ်ချင်သေးတယ်ကွယ်။

"ငယ်"ထတော့လေ......

ဒီကျောင်းသွား...ဒီစာသင်

ပျင်းမနေနဲ့ ကွယ်...

ပြန်လာရင်အတူနေဖို့ 

နောင်အခါမှာအဆင်ပြေဖို့ 

အော်..ဘ၀အတွက်ကြိုးစားဖို့ ..ချစ်သူကနိုးနေတာကိုး...။။။။။




ငယ်

ကဗျာလေး ကိုကိုဆက်ရေးမယ်နော်



ကျောင်းသွားရတော့မယ်

ပါးပြင်မှာ သနပ်ခါးလေးနဲ့

မြန်မာဆန်ဆန်လှတဲ့

ကိုကိုရဲ့ UFL ကျောင်းသူလေး

သနပ်ခါးလိမ်းရတာ ပျင်းပါနဲ့

ကိုကိုသွေးပေးမယ်

နံနက်စာကို အိမ်မှားစား

အပြင်စာတွေမစားနဲ့ကွယ်

စိတ်ထဲက ကလေးလို့မြင်

အပြစ်ကင်းစင်တယ်

စိတ်မချခြင်းများစွာနဲ့

မှာနေရတဲ့ချစ်စကားများ

ငယ့်အတွက်ရိုးနေမလား

ကျောင်းသွားရင် လိုက်ပို့ချင်

ကျောင်းပြန်တော့လည်း လာကြိုချင်

ပညာတတ်ကြီးဖြစ်စေချင်တယ်

တစ်နေ့တော့ အတူနေဖို့

အကောင်းဆုံးတွေအတွက်ကြိုးစားရင်း

အချစ်များစွာနဲ့

အချိန်တိုင်းလွမ်းနေကြမယ်


1 comments:

ချစ်လွန်းသူ said...

ဘ၀တွက်ကြိုးစားရင်း အလွမ်းတွေနဲ့နော်.....
အနေ့တော့ အတူဆုံမဲ့နေ့လေးတွေ ရောက်လာမှာ.....
အဲဒီနေ့လေးကိုပဲ ကိုကိုနဲ့ ငယ်မျှော်နေတာလေ.....

Post a Comment