Thursday, June 25, 2009

မဝေးဘူးနော်

ကိုကို

ဒီကဗျာဖတ်ပြီးရင်တော့ငယ် ဘယ်ကိုသွားသွား ကိုကို့က

ု အသဲတစ်ခြမ်းနဲ့အမြဲလွမ်းနေတယ်ဆိုတာသိရောပေါ့နော်။

နောက်တစ်ခြမ်းကရော ..ငယ်..လို.မေးဦးမယ်မဟုတ်လား။

အသဲတစ်စုံမှာလေ..တစ်ခြမ်းက ကိုကိုကိုချစ်ဖို့ 

တစ်ခြမ်းကကိုကို ကိုလွမ်းဖို့ ပေါ့။

သွေးကြောမျှင်လေးတစ်ချောင်းစာေ
တာင် သူများဖို့ နေရာမရှိဘူးဆိုရင်

ကိုကိုကျေနပ်နော်။

ပြီးတော့ကငယ့်ကိုယုံကြည်ပေးနော်


နေမကောင်းဘူးဆိုတော့ စိတ်တကယ်မကောင်းဘူး။

တကယ်ပြုစုပေးချင်ပါတယ်။ဘယ်လိုလု
ပ်ရမလဲ ကိုကိုရယ်။

ခုတော့ဆုတောင်းပေးမယ်နော်။ကိုကိ
ုနေကောင်းပါစေလို့။ငယ့်မေတ္တာတွေအများကြီးနဲ့ 

ဆုတောင်းပေးမှာဆိုတော့ မနက်ဖြန်မှာ ကိုကိုတစ်ယောက် တကယ်နေကောင်းသွားမှာပါ။

အရမ်းချစ်တယ်နော်။



မဝေးဘူးနော်


ကောင်းကင်နဲ့ ပင်လယ်

ဘယ်လောက်များဝေးလဲ..မင်းသိနိုင်

မလား..ချစ်သူ

မော့ကြည့်ရတဲ့ကောင်းကင်နဲ့ 

မျှော်ကြည့်ရတဲ့ပင်လယ်

သူတို့ ကချစ်သူတွေတဲ့။

ဟိုး....မိုးကုတ်စက်ဝိုင်းရဲ့ တစ်နေရာမှာ

သူတို့ နှစ်ဦးပေါင်းဆုံနေတာ

သောင်ပြင်ကလှမ်းကြည့်..တကယ်ထိေ
နတာနော်။

ကောင်းကင်ကပြာပြာ

ပင်လယ်ကပြာပြာ

အရောင်တွေတူညီစွာနဲ့  ချစ်ကြတာနေမှာပေါ့။

ဒါဆို ...... ဟိုအဝေးကြီးကမင်းနဲ့ 

ဒီအဝေးကြီးက ကိုယ်နဲ့ 

ချစ်သူတွေဖြစ်တာမဆန်းဘူးမဟုတ်လာ
း။

တူညီတဲ့မေတ္တာ၊တူညီတဲ့သစ္စာ၊တူညီ
တဲ့သံယောဇဉ်တွေနဲ့ တို.နှစ်လုံးသားထဲအထိ

တကယ်ငြိနေတာနော်။

ကိုကိုရဲ့ထာဝရ ငယ်လေး




1 comments:

ချစ်လွန်းသူ said...

လူချင်းဝေးနေပေမဲ့ နှလုံးသားချင်းက အမြဲနီးနေတာပါ.....
ငယ် ကိုကို့ကိုချစ်တယ်ဆိုတာ ကိုကိုယုံပါတယ်.....
ကိုကိုလည်း ငယ့်ကို အရမ်းချစ်တယ်......
တစ်နေ့တော့ အတူနေကြမယ်လေ......

Post a Comment