Thursday, August 27, 2009

Blog လုပ်ဖို့စာအုပ်

အွန်လိုင်းပေါ်မှာ ကိုယ့်အတွက်မှတ်စုအနေနဲ့ freeပေးတဲ့နေရာလေးတွေ အများကြီးပါ။ အချိန်ရမယ်၊ အဆင်ပြေမယ်ဆိုရင် သူငယ်ချင်းတွေအားလုံး တစ်နေရာလောက်တော့ရှိစေချင်တယ်။ ကိုယ်ရေးထားတာလေး သူများတွေ့သွားလည်း ဗဟုသုတတစ်ခုခုတော့ ရနိုင်မှာပဲလေ။ ကျတော်က အဲဒီစိတ်လေးနဲ့ရော ချစ်သူအတွက်ဗဟုသုတလေးတွေဖတ်ဖို့ ဒီဆိုဒ်လေးကိုလုပ်ဖြစ်ခဲ့တာ။ သလော့စလုပ်တုန်းကဆို ဟိုဆိုဒ်လေးဝင်ဖတ်၊ ဒီဆိုဒ်လေးဝင်ဖတ်နဲ့ တစ်ယောက်တည်း ပွဲပျက်ခဲ့ဖူးတယ်။ သိတဲ့သူဆီမေးတော့လည်း အားနာရတာနဲ့။ အဲဒါကြောင့် ကိုယ့်ဟာကို စာအုပ်လေးဖတ်ပြီးလုပ်တာ ငြိမ်းချမ်းပါတယ်။ မသိတဲ့အဆုံးမှ အကူအညီတောင်းပေါ့။ ကိုယ်တိုင်လုပ်တော့ ပညာလည်းရတယ်။ မှတ်လည်းမှတ်မိတာပေါ့။ ကွန်ပျူတာဆိုတာတော့ များများကလိလေကောင်းလေးပါပဲ :P။ ဒီလိုပြောလို့ အရမ်းကြီးတော့ မလုပ်နဲ့နော်။ ကဲပါ...... ဒါကဘလော့လုပ်တဲ့စာအုပ်နဲ့ ဘလော့အတွက်အကူအညီလေးတွေပေးမဲ့စာအုပ်ပါ။ အေးအေးဆေးဆေးဖတ်ပြီး လုပ်လို့ရတာပေါ့။
DOWNLOAD

Computer Shortcuts

ကွန်ပျူတာကို shortcuts လေးတွေနဲ့သုံးရင် အချိန်ကုန်လည်းသက်သာပါတယ်။ စကေးလည်းကျတာပေါ့ :P။
DOWNLOAD

မှတ်သားဖွယ်စကားမျာ(၂)


  1. သစ္စာရှိခြင်းသည် တရားမျှတသည်။
  2. အချိန်နဲ့ကြိုးစားအားထုတ်မှုဟာ နေ့စဉ်အသိအမြင်သစ်ကိုပေးတယ်။
  3. သင်၏ကျေနပ်မှုရရှိစေရန်အတွက် စားပါ၊ အခြားသူများကျေနပ်မှုရရှိစေရန်အတွက် ၀တ်ဆင်ပါ။
  4. ဘ၀ဟာ အဆွေးဇာတ်လမ်းတစ်ပုဒ်ဖြစ်တယ်။
  5. သက်ရှိသတ္တ၀ါများအနက် လူသာလျှင် စိတ်ရဲ့ခံစားမှုများကို အလူးအလဲခံစားတတ်ကြသဖြင့် ရယ်မောတတ်အောင် သဘာဝတရားက အတင်းအကြပ် ဖန်တီးပေးထားတယ်။
  6. ဘ၀မှာ အဆင်မပြေသောအရာများကို တွေ့သောအခါ ရယ်မောခြင်းဖြင့်ခွင့်လွတ်နိုင်ပါစေ။
  7. ခွင့်လွတ်ရန်လွယ်ကူသော်လည်း မေ့ပစ်ရန်မှာခက်တယ်။
  8. နှလုံးသားထဲ၌ အစွန်းထင်းခြင်းထက် မျက်နှာတွင်ရှက်သွေးဖြာခြင်းက ပိုလို့ကောင်းပါတယ်။
  9. ကတိပေးရာ၌အနှေးဆုံးလူသည် လုပ်ဆောင်ရာ၌ ကတိအတိုင်း တသွေမတိမ်း လုပ်ဆောင်တယ်။
  10. အိပ်စက်ခြင်းကကောင်းတယ်၊ သေဆုံးခြင်းကပို၇်ျကောင်းတယ်၊ ထို့ထက်အကောင်းဆုံးမှာ လုံဝမမွေးဖွားလာခြင်းပဲဖြစ်တယ်။
  11. ခွင့်လွတ်ခြင်းဟာ အောင်ပွဲများအနက် အမြင့်မြတ်ဆုံးသေ အောင်ပွဲဖြစ်တယ်။
  12. အလင်းရှိလျှင် အရိပ်ရှိမည်။ ထို့အတူဘ၀ရှိလျှင် အမှားရှိရမည်မှာ အမှန်ပင်ဖြစ်သည်။
  13. နေအိမ်တိုင်းသည် တက္ကသိုလ်များဖြစ်ကြ၇်ျ မိဘများသည် သင်ကြားသူဆရာများဖြစ်ကြသည်။
  14. အိမ်ဟူသည်မှာ နှလုံးသားရှိသောအရာပင်ဖြစ်သည်။
  15. မျက်ရည်သည် သင်၏ငြိမ်သက်သော ဘာသာရပ်ဖြစ်သည်။
  16. အရှုံးနှင့်ရင်ဆိုင်ရသောအခါ၌အနိုင်ရသူများ၏ အပြုအမူများကို အတုယူတတ်ပါစေ။
  17. ပြောစရာရှိလျှင်ပြောပါ။ မပြောလို့မမှားခြင်းထက် ပြောလို့မှားခြင်းက တော်သေးတယ်။ လူသာလျှင်စကားမှားနိုင်တယ်။ စကားမပြောတတ်တဲ့ တိရိစ္ဆာန်တွေဟာ အဘယ်အချိန်မှ မမှားနိုင်ဘူး။ လူတွေစကားမမှားဖူးတဲ့သူမရှိ။
  18. တိတ်တိတ်နေပါ။ ဒါမှမဟုတ်ရင်လည်း တိတ်တိတ်နေတာထက်ကောင်းတဲ့ စကားကိုပြောပါ။
  19. ဥယျာဉ်မှုးအဖို့ ပန်းများကိုခင်မင်နှစ်သက်ပါသည်ဟုဆုံရုံနှင့် မလုံလောက်သေးပါ။ ပေါင်းပင်များကိုလည်း မုန်းနေရဦးမည်။
  20. သူတစ်ပါး၏အပြစ်ကို သည်းခံပါ။ တစ်ပါးသူ၏ အမှားကို မိမိအမှားကဲ့သို့ သဘောထားပါ။ သည်းခံမှုနှင့်နားလည်မှုကို လက်ကိုင်ပြုလျှင် ဘ၀တာသည် ရန်ငြိုးဖွဲ့ရန် အလွန်တိုတောင်းလှ၏။ ထိုထက် သဘောထားသေးသိမ်ခြင်းနှင့် ကရုဏာကင်းမဲ့ခြင်းသည် သာ၇်ျတိုတောင်းသည်။
  21. ပူဆွေးမှုသည် တစ်နာရီကို ဆယ်နာရီဟု ထင်မှတ်ရလေသည်။
  22. ဆုံးရှုံးပြီးမှ တန်ဖိုးသိရသောအရာနှစ်ခုရှိသည်။ ၄င်းတို့မှာ ငယ်ရွယ်နုပျိုခြင်းနှင့် ကျန်းမာခြင်းဖြစ်သည်။
  23. သဘာဝတရား၊ အချိန်အခါနှင့် သည်းခံခြင်းတို့သည် ကြီးမြတ်သော သမားတော်ကြီး သုံးပါးဖြစ်သည်။
  24. ရေထဲကငါးကိုမျှော်နေရသည်ထက် အိမ်ပြန်၇်ျ ပိုက်ကွန်ရက်လုပ်ခြင်းက ပို၇်ျကောင်းသည်။

Themes For Phone

Phone အတွက် Themes လှလှလေးတွေပေါ့။ တစ်ခါတစ်လေလည်း ချစ်သူဓါတ်ပုံလေးတင်ပေါ့။ ရှိရင်ပြောတာပါ :P။ ကျတော့်လိုမရှိရင်တော့လည်း..... ဟဲ ဟဲ။ ဒါလေးတွေက မိုက်ပါတယ်။
DOWNLOAD

Wednesday, August 26, 2009

Wallpapers For Computer

ကွန်ပျူတာမျက်နှာပြင်ကို နေ့တိုင်းဒီပုံစံလေးပဲကြည့်နေရင် ငြီးငွေ့ဖို့ကောင်းပါတယ်။ မကြာခဏ wallpaper လှလှလေးတွေပြောင်းလိုက်တော့ အမြင်လည်းဆန်း၊ စိတ်လည်းကြည်လင်တယ်။ ကျတော်ကတော့ အားရင်းကွန်ပျုတာကိုပဲ အလှဆင်ချင်နေတာ။ ဒါကတော့ကွန်ပျူတာအတွက် wallpaper လှလှလေးတွေပါ။
DOWNLOAD-1
DOWNLOAD-2
DOWNLOAD-3
DOWNLOAD-4
DOWNLOAD-5

မှတ်သားဖွယ်စကားများ(၁)


  1. ကူညီလိုစိတ်ရှိသူတွင် ဝေဖန်နိုင်ခွင့်ရှိတယ်။
  2. ပေးခဲ့သောကတိသည် ပြီးခဲ့သောအခြေအနေကြောင့်ဖြစ်တယ်။ ကတိကိုဖောက်ဖျက်ခြင်းက လက်ရှိအခြေအနေရဖြစ်တယ်။
  3. သူငယ်ချင်းဆိုသည်မှာ ၄င်အပေါ်ကျွန်ုပ်က ရိုးသားဖြူစင်ရမည့်သူပင်ဖြစ်တယ်။
  4. မျှော်လင့်ခြင်းဆိုသည်မှာ လမ်းလျောက်နေသောအိပ်မက်ဖြစ်တယ်။
  5. လူ၌ဒုတိယအကြိမ် တွေးတောစဉ်းစားမှုဟာ အကောင်းဆုံးနှင့် အထိရောက်ဆုံးဖြစ်တယ်။
  6. သည်းခံတတ်သူရဲ့ဒေါသကို သတိထားပါ။
  7. အလုပ်ပြီးဆုံးခြင်းရဲ့ဦးတည်ချက်မှာ သက်သောင့်သက်သာနှင့် အနားယူရန်ဖြစ်တယ်။
  8. ယုံကြည်စိတ်ချရသောကြောင့် ပျက်စီးရခြင်းထက် စိုးရိမ်စိတ်လွန်ကဲသောကြောင့် အထင်သေးခံရခြင်းက ပိုကောင်းသေးတယ်။
  9. လူတိုင်းဟာ ချစ်ရာမှာမြန်ဆန်တတ်ပြီး တစိမ့်စိမ့်ဖြင့်မုန်းတတ်ကြတယ်။
  10. သံသည် အသုံးမပြုသဖြင့် သံချေးတတ်တယ်။ စီးဆင်းခြင်းမရှိတဲ့ရေက သန့်ရှင်းမှုပျောက်ပျက်စေပြီး ဆောင်းရာသီမှာခဲစေတယ်။ စိတ်ကိုအလုပ်မလုပ်တဲ့အခါ စိတ်ရဲ့တက်ကြွမှုများ ပျော့ညံ့စေတယ်။
  11. ဥာဏ်ပညာရှိကြောင်း အသေချာဆုံးဖော်ပြသည့်အချက်မှာ အမြဲစိတ်ကြည်လင်ချမ်းမြေ့နေခြင်းပင်ဖြစ်တယ်။
  12. သံနိဋ္ဌာန်ချရာ၌နှေးပါ၊ လအ်ြဆောင်ရာ၌မြန်ပါ။
  13. ငွေကြေးဥစ္စာသက်သက် အိမ်ထောင်ပြုခြင်းက ပြည်တန်ဆာလုပ်တာနဲ့အတူတူပဲ။
  14. စိတ်ပါဝင်စားမှုမရှိပဲနဲ့ မည်သည့်ကြီးမားတဲ့အရာကိုမျှ မရနိုင်ပါ။
  15. ဘ၀မှာ ၀မ်းနည်းစရာဆိုလို့နှစ်ခုပဲရှိတယ်။ ပထမတစ်ခုကတော့ သင့်ရဲ့နှလုံးသားဆန္ဒအလိုတွေ မပြည့်တာဖြစ်ပြီး ကျန်တစ်ခုကတော့ အဲဒီအရာကို ရလိုက်တာပဲ။
  16. ပညာ၏အမြစ်များမှာ ခါးသီးသော်လည်း အသီးမှာချိုတယ်။
  17. အကယ်၇်ျသင်သည် အလုပ်မရှပဲအားနေလျှင် တစ်ယောက်တည်းမနေပါနှင့်။ တစ်ယောက်တည်းဖြစ်နေခဲ့လျှင် ဘာမှမလုပ်ပဲထိုင်မနေပါနှင့်။
  18. ပြင်ပအသွင်အပြင်များဟာ လှည့်ဖြားမှုတစ်ခုသာဖြစ်တယ်။
  19. လူတစ်ယောက် ဘယ်လိုသေဆုံးသည်ဆိုသည်မှာ အရေးမကြီး၊ ဘယ်လိုနေထိုင်သည်သာအရေးကြီးတယ်။
  20. လူတစ်ယောက်ရဲ့သမိုင်းကြောင်းဟာ သူရဲ့စာရိတ္တပဲဖြစ်တယ်။
  21. သင့်လောက်ကံမကောင်းသူအား သင်၏ပျော်ရွှင်မှုများ၊ အဆင်ပြေမှုများကို သွားမပြောပါနှင့်။
  22. ဆင်ဆင်ခြင်ခြင်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် လူသား၏အကောင်းဆုံး ဆရာဝန်နှစ်ဦးဖြစ်တယ်။
  23. အနည်းငယ်သုံးဆွဲခြင်းကို သတိပြုပါ။ အလွန်သေးငယ်တဲ့အပေါက်ကလေးတစ်ပေါက်က အလွန်ကြီးမားတဲ့ သဘောင်္တစ်စင်းကို နစ်မြုပ်စေနိုင်တယ်။

အချစ်အတွက်ကံမကောင်းခဲ့သူ


ဂျာမနီနိုင်ငံမှ အသက် ၆၇ နှစ်ရှိ ပင်စင်စား မသန်မစွမ်းအမျိုးသားကြီးတစ်ဦးဟာ မိုင်ပေါင်း ၁၃၀ အကွာအဝေးခရီးကို သူ.ရဲ.ဘီးတပ်ကုလားထိုင်နဲ.ပဲ သွားရောက်ခဲ.ပြီးသူချစ်တဲ.အမျိုးသမီးဆီကိုချစ်ခွင်.
ပန်ခဲ.ရာမှာ ထိုအမျိုးသမီးက သူ.အချစ်ကိုငြင်းဆိုခဲ.လို. အပြန်လမ်းမှာဒုက္ခရောက်နေခဲ.လို.ရဲတပ်ဖွဲ.က
သွားရောက်ကယ်တင်ခဲ.ရပါတယ်
ထိုအချစ်သူရဲကောင်းကြီးဟာဂျာမနီနိုင်ငံ Miden မြို.မှမိုင် ၁၃၀ ကွာဝေးတဲ. Salzwedel မြို.ကိုလေး
ရက်ကြာအောင်သူ.ရဲ.ဘီးတပ်ကုလားထိုင်ကိုသူ.လက်နဲ.ပဲတွန်းပြီးအရောက်သွားခဲ.တာဖြစ်ပါတယ်...
သူနဲ.တစ်ခုသောအပန်းဖြေအားလပ်ရက်မှာဆုံတွေ.ခဲ.တဲ.အသက် ၆၆ နှစ်ရှိအမျိုးသမီးကြီးဆီက
အချစ်ဆုလာဒ်ကိုရရှိဆွတ်ခူးလိမ်.မယ်ဆိုတဲ.အတွေးနဲ.သူဟာအခုလိုခရီးရှည်ကြီးကိုအဖော်မပါတစ်
ကိုယ်တည်းကိုယ်.အားကိုယ်ကိုးပြီးသွားခဲ.တာပါပဲ...
ဒါပေမယ်.သူ.ရဲ.ရာဇ၀င်မှာစာတင်လောက်တဲ.အချစ်ခရီးကြမ်းကြီးရဲ.ရလာဒ်အဖြစ်သူ.ကိုလက်မခံ
နိုင်ကြောင်းငြင်းပယ်ဖို.သူချစ်ရတဲ.အဆိုပါအမျိုးသမီးကြီးအနေနဲ.နှစ်မိနစ်ပဲအချိန်ကြာခဲ.ပါတယ်တဲ. ...
သူမကသူ.ကိုအချိန်တွေသက်သက်ဖြုန်းနေခဲ.တာပါပဲလို.မညှာမတာဆိုခဲ.ပါတယ်...
ချစ်ရတဲ.သူရဲ.ငြင်းပယ်ခြင်းခံရလို.နာကြင်ကြေကွဲစွာနဲ.တစ်ဦးတည်းပြန်လာခဲ.ရတဲ.သူဟာလမ်းခရီး
မှာပြောင်းခင်းကြီးတစ်ခုကိုရောက်တော.ဆာလောင်မွတ်သိပ်လို.ပြောင်းဖူးတစ်ဖူးနှစ်ဖူးလောက်တော.
ခူးမယ်လို.စိတ်ကူးမိပါတယ်...
ကံဆိုးမှုများကအဖော်အပေါင်းနဲ.လာတယ်ဆိုသလိုပါပဲ...ကံမကောင်းလှစွာပဲသူ.ရဲ.ဘီးတပ်ကုလား
ထိုင်လှည်းဟာချိုင်.ထဲကျပြီးသူဟာလှည်းပေါ်ကနေလွင်.စဉ်ကျသွားခဲ.ရပါတယ်...
သူဟာရဲတပ်ဖွဲ.ကိုသူ.ရဲ.မိုဘိုင်းလ်ဖုန်းနဲ.ဆက်သွယ်ပြီးအကူအညီတောင်းခံနိုင်ခဲ.လို.ရဲတပ်ဖွဲ.၀င်တွေ
အနေနဲ.သူ.ကိုသွားရောက်ကယ်ဆယ်ပြီးလမ်းမပေါ်ရောက်အောင်ပြန်ပို.ပေးခဲ.ပါတယ်...
အဲဒီအချိန်မှာသူဟာရဲတပ်ဖွဲ.ကိုသူ.ရဲ.ကြေကွဲဖွယ်ဖြစ်စဉ်ကိုပြောပြခဲ.ကြောင်းSalzwedel မြို.ရဲတပ်ဖွဲ.
ပြောခွင်.ရပုဂ္ဂိုလ်ကပြောပြခဲ.ပါတယ်...
”သူဟာအင်မတန်မှကံဆိုးရှာပါတယ်...ဆာလောင်မွတ်သိပ်လွန်းလို.သူဝင်ချိုးတဲ.ပြောင်းခင်းဟာလည်း
လူတွေလုံးဝစားလို.မရတဲ.တိရိစ္ဆာန်တွေစားတဲ.ပြောင်းပင်တွေစိုက်ထားတဲ.အခင်းဖြစ်နေတာပါပဲ...”
လို.အဆိုပါရဲအရာရှိကပြောပြပါတယ်...
ရဲတပ်ဖွဲ.၀င်တွေအနေနဲ.အဆိုပါပင်စင်စားအမျိုးသားကြီးကိုကားနဲ.အိမ်အထိရောက်အောင်လိုက်ပို.ပေး
မယ်လို.ပြောဆိုခဲ.ပေမယ်.သူကတော.သူ.ဘာသာသူတစ်ယောက်တည်းပဲတွေးချင်ရာတွေးပြီးဖြေးဖြေးပဲ
ပြန်မယ်လို.ဆိုခဲ.ပါတယ်တဲ. ....
ငါကျရှုံးခဲ့ပြီလား ချစ်ခဲ့မိတာ ငါ့အမှားလားကွာ..... Lဆိုင်းလ်ဇီ ကိုတောင်သွားသတိမိပါတယ်