ငါ့ရဲ့မနက်ဖြန်တိုင်းဟာ
မင်းနဲ့တွေ့မယ်ဆိုတဲ့ မျှောင်လင့်ချက်များစွာနဲ့ ပြည့်သိပ်နေခဲ့တယ်
ငါ့ရဲ့ နေ့ရက်တွေတိုင်းကတော့
ငါပြန်အလာကို မင်းတစ်ယောက် စောင့်မျှော်နေလိမ့်မယ်ဆိုတဲ့အသိနဲ့
အသက်ဆက်ရှင်ခဲ့တယ်
တကယ်လို့ မင်းနဲ့သာ မတွေ့ဆုံခဲ့ရင်တော့
ငါဟာ ပျော်ရွှင်မှုတွေ၊ မျှော်လင့်ချက်တွေနဲ့
ထိတွေ့ခွင့်တောင်ရခဲ့မှာ မဟုတ်ဘူးနော်
အဆိုးရွားဆုံးခံစားမှုတွေနဲ့ပေါ့
ငါ့ရဲ့ ရင်ဘတ်တခုထဲက နှလုံးသား တစ်စုံဟာ
မူပိုင် မင်းတယောက်တည်းအတွက်ပါ
မင်းရဲ့အချစ်တွေအားလုံးကို
ငါတယောက်တည်းပဲ သိမ်းကျုံးယူမယ်
ခွင့်ပြုပေးပါ ချစ်သူ.....