တစ်နေ၀င် တစ်နေ့ ထွက်
ချစ်သက်တွေပြောင်း.... ရက်တွေညောင်းပြီ
ပေါင်းကြည့်တော့ကိုးဆယ်နော်
ရန်ဖြစ်တာရက်သုံးဆယ်
စိတ်ကောက်တာရက်အစိတ်
မတွေ့ ဖြစ်တာ ဆယ့်လေး၊ငါး
ကိုကိုရေ.. ချစ်တယ်နော် ဆယ်ရက်ကျော်ကျော်
ကျန်ရက်တွေမှာတော့ .. မခံစားနိုင်ဘူး ငယ်ရယ်ပေါ့
မတည့်အတူနေ..မမြင်ချောင်းကြည့်
စကားနဲ့ ငြိသလို
နိမ့်ချည်မြင့်ချည် ချစ်ဒီဂရီတွေ
အတက်အကျ မှန်းမရလဲ
ရင်ခွင်ညှာအသည်းမှာတော့ .. ဘယ်သူမှအလေးမသာ
ချစ်ခြင်းတွေညီမျှစွာပါ။
ရက်ကိုးဆယ် သုံးလခရီးမှ
သုံးနှစ်လဲမပြီးနိုင်.. နှစ်သုံးဆယ်လဲ မငြီးနိုင်
ငွေရတုလား .. ရွှေရတုလား အချစ်နှစ်များ
ဒီအတိုင်းဘဲကျော်သွား
အပြုံးတွေဘဲပေး.. အမုန်းမပါကြေးနော်
ဝေးဝေးတော့မနေချင်ပါဘူး..ကိုကိုရယ်
လက်ချင်းတွေခိုင်ခိုင်ဆုပ်
ခြေလှမ်းတွေမြိုင်မြိုင်သုတ်ရင်း
သွားကြမယ်လေ..................... မိုင်ပေါင်းကုဋေ............
အချစ်များစွာနဲ့ကိုကိုရဲ့ ငယ်လေး
1 comments:
အဆင်မပြေတဲ့အချိန်လေးတွေ အရမ်းခံစားရတယ်နော်.....
ကိုကိုခံစားရတာထက် ငယ့်ကို ပိုပြီးသနားပါတယ်.....
ဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့လည်း ပြောမိတယ်ပေါ့.....
မှားမှားမှန်မှန် အဆင်ပြေဖို့ပဲ ကြိုးစားရအောင်.....
တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်အောင်ချစ်နေကြပြီလေ.....
ဝေးဖို့စကားတော့ ဘယ်တော့မှ မပြောပါနဲ့ ငယ်ရယ်.....
ဘယ်တော့မှ မဝေးဘူးနော်.....
Post a Comment