ငါတစ်ယောက်တည်း
ကောင်းကင်ကြီးကို မော့ကြည့်နေတယ်
နေထွက်တဲ့အချိန်တွေမှာပေါ့
နံနက်စောစောဆို
အရှေ့ဘက်ကို ကြည့်မိတယ်
နေ့လည်ဆို
ဦးခေါင်းပေါ်တည့်တည့်ကိုပေါ့
ညနေဘက်ဆို
အနောက်အရပ်ကို ကြည့်တယ်
ဘယ်အချိန်များငါနဲ့အနီးဆုံးကို
နေမင်းကြီးရောက်လာမလဲပေါ့
တစ်နေ့တစ်နေ့လည်း
နေမင်းကြီးကို ကြည့်ရင်းနဲ့
အချိန်တွေကုန်သွားတယ်.....
0 comments:
Post a Comment