7.3.1987..၁၃၄၈ - တပေါင်းလဆန်း (၈) ရက် စနေ
လတစ်ခြမ်းပျော်မွေ့ 
မိန်ရာသီနွေတစ်နေ့ မှာ
နေမင်းကအလင်းဆုံးတောက်ပ
မွန်းတည့်ချိန်သမယမှာပေါ့
မင်္ဂလာကျက်သရေ ခညောင်းဝေစို
ဇာနည်ဖြစ်မဲ့ သားကောင်းဆွေကို
လင်းလက်တဲ့ ကြယ်စင်အဖြစ်
လောကသစ်က ... ကမ်းလင့်လို့ ကြိုခဲ့တယ်။
သည်းချာရင်နှစ် ထိုသားချစ်သည်
မိဘနှစ်ဖြာ ရင်ခွင်ညှာသို့ 
ပြေးဝင်ခိုလှုံ ရင်ငွေ့ ခြုံသည့်
ရာသီနှစ်ပေါင်း (၂၂)ခါပြောင်းပြီ။
မဟောင်းမညစ် အမြဲသစ်မည့်
မေတ္တာအနန္တ သမုဒယဖြင့်
မြတ်နိုးအစဉ် ငယ့်သခင်ကို
တိုက်ပွဲဟူသမျှ အနိုင်ရကာ
ဘေးရန်ကွာပြောင်း ကျန်းမာကြောင်းဖြင့်
ထူးချွန်ပညာ အောင်ကြောင်းဖြာဂ်ျ
တွေ့ ဆုံစေကြောင်း သူတော်ကောင်းနှင့်
ကောင်းဆိုးအတူ ချစ်မည့်သူနှင့်
ရှေ့ ခရီးလမ်း နှင်းဆန်းပန်းသို့ 
လန်းပါစေကြောင်း ဆုမွန်တောင်းသည်
ယနေ့ မှစ...........နှစ်တစ်ရာတိုင်..
1 comments:
ကိုကို့မွေးနေ့မှာ ငယ်ရေးပေးတဲ့ကဗျာလေးအတွက် အရမ်းကျေးဇူးတင်ပါတယ်.....
ငယ့်ကို အများကြီးလည်း ချစ်တယ်.....
Post a Comment