ကိုယ်.............ကြယ်တစ်ပွင့်
အရောင်ပြောင်းတတ်တဲ့ကောင်းကင်ကု
လေဟာနယ်ထဲ ..ခုန်ဆင်းသွားမိမှာ ... စိုးလို့ ပါ...
ကိုယ်............ငှက်တစ်ကောင်.
နွေးထွေးမှုကင်းတဲ့....အသိုက်ြ
အဝေးကို... တောင်ပံဖြန့် ပျံသန်းသွားမိမှာ... စိုးလို့ ပါ
ကိုယ်...........ရော်ရွက်ဝါ...
အပင်အိုပေါ်က .....ကိုယ်ကြွေကျခဲ့၇င်
နောက်ထပ်ရွက်နုသစ်တွေ .... ဝေမလာမှာ...စိုးလို့ ပါ
ဒါကြောင့်... ကိုယ်လေ.... ဗေဒါပင်လေးဘဲဖြစ်ချင်တယ်
မင်းရဲ့ အချစ်မြစ်ရိုးတစ်လျှောက်မှာ
ပန်းတိုင်မရှိတဲ့ဘ၀နဲ့  ရေစုန်မျောနေချင်ပါတယ်
မင်းက .. သာသာလေး စီးဆင်းခဲ့၇င်
ကိုယ်က ငြိမ့်ငြိမ့်ကလေး မျောပါမယ်
မင်းက လှိုင်းတန်ပိုးထန်ခဲ့ရင်လဲ
မြုပ်လိုက် ပေါ်လိုက် ကျွမ်းထိုးလိုက်နဲ့ 
မင်းစေရာအတိုင်းပေါ့
ဒါပေမဲ့....ကိုယ်က အသဲနှလုံးနဲ့ လူပါ
ကြယ်မဟုတ်ဘူး
ငှက်မဟုတ်ဘူး
ရွက်ဝါမဟုတ်ဘူး
ဗေဒါမဟုတ်ဘူး
ခပ်ရေးရေးမြင်နေရတဲ့ အနာဂတ်ကို
ခပ်လေးလေးအတွေးတွေနဲ့ မှန်းမျှော်ရင်း
ခပ်ငေးငေးဘဲ ခြေစုံရပ်နေမိပါတယ်
လမ်းဆုံမှာ ..........လမ်းပျောက်နေလို့ 
1 comments:
လက်တွေ့ဘ၀လေးမှာ ငယ်နေနေရတော့ ကိုကို့ဘက်ကလည်း စိုးရိမ်မှုလေးတွေပိုနေတယ်.....
သံသယဆိုတာထက် ငယ့်ကို ဆုံးရှုံးရမှာ ကြေက်လို့.....
နားလည်ပေးပါ ချစ်သူရယ်.....
အရမ်းအချစ်ခံရတယ်လို့တွေးပြီးကျေနပ်ပေးနော်.....
ငယ့်အတွက်ကြေကွဲခြင်းတွေ ဘယ်တော့မှ မဖြစ်စေရဘူး.....
Post a Comment