Sunday, May 3, 2009

သစ္စာ

လူတစ်ယောက်နဲ့တစ်ယောက်က အမြဲတမ်း

စိတ်ချင်းတူနေနိုင်တာမှမဟုတ်တာ

မပြောချင်တဲ့အကြောင်းရှိလို့ မပြောတာကိုသိပါတယ်

ပြောပြလိုက်ရင်လည်း

ကိုယ့်ချစ်သူခံစားသွားရမဲ့အကြောင်းလို့တွေးပေးပါတယ်

ဒါပေမဲ့....

တစ်ဘ၀လုံးလက်တွဲမယ်လို့ ရည်ရွယ်ထားတဲ့လူတစ်ယောက်ကို

ဘာမဆိုပွင့်လင်းပေးလို့မရဘူးလား...?

ပြသနာတစ်ခုဆိုလည်း ကောင်းကောင်းဆိုးဆိုး

အတူလက်တွဲပြီး ဖြေရှင်းဖို့မလိုဘူးလား
...?

ကိုယ်အရမ်းချစ်တဲ့လူတစ်ယောက်ကို ပြောမပြနိုင်ဘူးဆိုတဲ့

အကြောင်းအရာရှိသင့်လား
...?

ရေငုံနှုတ်ပိတ်နေရအောင်ကလည်း သူစိမ်းတွေလား...?

ချစ်သူတိုင်းမျှဝေခံစားပေးချင်ကြပါတယ်

မေးတယ်ဆိုတာက နားမလည်ပေးဘူးဆိုတာထက်

ချစ်သူတစ်ယောက်တည်းခံစားနေရမှာကို မကြည့်ရက်လို့ပါ

တစ်ဘ၀လုံးလက်တွဲပါ့မယ်လို့ပြောထားတဲ့သူကိုတောင်

မပြောပြချင်ဘူးဆိုတော့ မယုံကြည်ရာမရောက်ဘူးလား...?

လူတစ်ယောက်ရဲ့စိတ်ကိုတစ်ယောက်က မမြင်ရပါဘူး

ကိုယ်မပြောလိုက်လို့ သူအတွေးနယ်ချဲ့သွားမှာမတွေးမိဘူးလား...?

စတွေ့ကတည်းက နှုတ်ဆက်တယ်ဆိုတဲ့စကားကိုမသုံးခဲ့ဘူးဆိုတာ

ဘယ်တော့မှ နှုတ်မဆက်ချင်လို့ပါ

အမြဲတမ်းချစ်နေချင်လို့လေ

ပျော်ရွှင်နေတဲ့ အချိန်တွေမှာသတိမရချင်နေပါ

ဝမ်းနည်းနေတဲ့အချိန်တော့ သတိရပေးပါ

အမြဲတမ်းအားပေးဖော်ပဲလေ

ပြန်လာချင်တဲ့အချိန် ပြန်လာခဲ့ပါ

ပြန်ချင်တဲ့အချိန်မှာ ပြန်သွားနိုင်ပါတယ်

အမုန်းတရားဆိုတာ ဘယ်တော့မှမရှိဘူး

တိုင်တည်ပြီးသစ္စာပြုခဲ့ပါတယ်

တသက်လုံး မင်းတစ်ယောက်တည်းကိုပဲချစ်နေမှာပါ.....


0 comments:

Post a Comment