Tuesday, May 19, 2009

စိတ်မကောင်းမဖြစ်နဲ့နော်

ငယ်လေးရယ်

ငယ်နဲ့ကိုကိုက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာပါ

နားလည်မှုလေးတွေလည်း အများကြီးရှိကြတယ်လေ

တစ်ရက်လေးမတွေ့ရရင်တောင် မနေတတ်တော့ဘူး

ရင်ထဲမှာ ဟာနေတယ်

နေ့တိုင်းလည်းတွေ့ချင်တာပေါ့

ကိုကိုက ငယ့်ကိုအချိန်တိုင်းလွမ်းနေတာပါ

တွေ့တဲ့အချိန်လေးတွေမှာလည်း စကားတွေအများကြီးပြောချင်တာပေါ့

ငယ့်အသံလေးကြားနေရရင် ကိုကိုစိတ်ချမ်းသာတယ်

ငယ်လည်း ကိုကို့လိုဆန္ဒလေးရှိတယ်ဆိုတာ ကိုကိုသိပါတယ်

စကားတွေအကြာကြီးမပြောဖြစ်ရင် စိတ်မကောင်းမဖြစ်နဲ့နော် ငယ်

ကိုကိုက မပြောချင်လို့မဟုတ်ပါဘူး

အခြေအနေကြောင့်ပါ

ကိုကို ငယ့်ကိုတကယ်ချစ်တာပါ

တစ်သက်လုံးအတွက် ယုံကြည်ထားနော် ငယ်.....


0 comments:

Post a Comment