Thursday, May 21, 2009

မျှော်နေပါတယ်

အိမ်လေးထဲကို ငယ်မရောက်တာကြပြီထင်တယ်နော်

ကိုကိုကတော့ ကျောင်းကပြန်တိုင်း

အိမ်လေးထဲကို ၀င်ကြည့်မိတယ်

ငယ်လာသွားခဲ့လားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပါ

ငယ်ရေးထားတဲ့စာလေးတွေဖတ်ရရင် ကိုကိုအရမ်းပျော်တယ်

တစ်နေ့တာ ပင်ပန်းခဲ့လည်း ငယ့်ရဲ့စကားလေးတွေက အမောပြေစေတယ်

ငယ်ရဲ့သိတတ်မှုလေးတွေအတွက်လည်း ငယ့်ကိုပိုချစ်တယ်

ကိုကို ငယ့်ကိုမကြာခဏပြောဖူးတယ်နော်

သိတတ်မှုဆိုတာ သင်ပေးလို့မရဘူးဆိုတာလေ

ငယ်ရောက်မလာခဲ့ရင် အိမ်လေးက အသက်မဲ့နေတယ်

တိတ်ဆိတ်မှုတွေပဲ လွှမ်းမိုးနေတယ်

တိတ်ဆိတ်မှုဆိုတာ လူတစ်ယောက်ရဲ့အလွမ်းကိုပိုပြီးလှုံ့ဆော်ပါတယ်

အချိန်တိုင်းအလွမ်းတွေနဲ့ အိမ်လေးထဲကနေ

ကိုကို ငယ့်ကိုအမြဲတမ်းမျှော်နေတယ်နော်.....


0 comments:

Post a Comment