Sunday, May 3, 2009

အဖေါ်ကွဲငှက်

မျှော်လင့်ချက်မဲ့ မဲ့နဲ့

စိုစွတ်စွာ ငိုရင်းလေ

လေအဆန်ထဲ ပျံခဲ့တယ်

ကောင်းကင်မှာ ညို

ရင်ထဲက ငိုရင်း

ညိုး ညိုးကျလာတဲ့

မိုးရေစက်တွေက

ငါ့အသည်းကို ပိုကွဲစေတယ်

ဒီလိုနဲ့လေဒီလိုနဲ့ ငါရှေ့ဆက်

အသည်းမပါတဲ့ ရင်ဘတ်က

တစ်ချက်တစ်ချက်ကျ

မင်းနဲ့ပတ်သက်မှုလေးတွေ

တိုက်ဆိုင်လာခဲ့ရင်

ပြန်ရှင်သန်လာတယ်

မိုးကောင်းကင်မှာ

ညအခါ ကြယ်တွေ လင်းပေမယ့်

လမင်းက တိမ်အကွယ်မှာ

ငိုနေတယ်

ငါလည်း ငိုနေတယ်

သစ်လွင်ဆဲ မင်း ဓါတ်ပုံလေးကို

ငေးမောရင်းပေါ့.....



0 comments:

Post a Comment