Wednesday, May 13, 2009

ချစ်သောပုသိမ်သူလေးသို့.....

ချစ်သောပုသိမ်သူ

အတွေးတွေမှာ ဆွေးပူပြီး...

နေ့နေ့ညည သတိရနေတာ

သိစေချင်တယ်.....

ချစ်သောပုသိမ်သူ

ရပ်ဝေးမြေခြားလို့အနေအစားတွေကွဲပြားပေမယ့်

ဇာတိမြေသားတွေလိုချစ်လို့မရတာတော့

ဘ၀ပေးအခြေအနေကြောင့်ပါနော်.....

ချစ်သောပုသိမ်သူ

ကိုရောက်နေတဲ့ ဒီအရပ်မှာ

အသားဖြူစပ် ရုရှားကောင်မလေးတွေ ဘယ်လောက်ချောချော

ကိုသဘောမတွေပါဘူး

သနပ်ခါးနံ့သာယံလို့

ဆိုင်ကယ်လေး အသာအယာစီးတတ်တဲ့

သာယာသောပုသိမ်မြို့မှ

ညိုချောချစ်ညီမလေးကိုပဲ ထပ်တိုးသတိရမိတယ်.....

ချစ်သောပုသိမ်သူ

ကိုလာရင်မညိုငြင်ပဲ

တက္ကသီလာ အေးရိပ်ဖြာနဲ့

ကန်သုံးဆင့်နားအတူသွားရအောင်.....

ချစ်သောပုသိမ်သူ

ကိုလေ ဘုရားပုထိုးတွေမြင်တွေ့တိုင်း

မင်းနဲ့အတူသွားမယ်ဆိုတဲ့

ရွှေမုဌော
ဘုရားကို အတွေးထဲမှာမြင်ယောင်ပြီးသတိရမိတယ်......

ချစ်သောပုသိမ်သူ

လွမ်းမိတာစာစီကုံးလို့

ရင်ဖွင့်ပြန်တော့လည်း အလွမ်းရယ်က မပြေပြန်

အခန့်သင့်လို့လမ်းပွင့်ပြီး

မင်းဆီကိုရောက်ခဲ့ရင်

ကဗျာထဲမှာမပေးနိုင်တဲ့ အကြင်နာတွေကို

အပြင်မှာပေးမယ်နော်

ချစ်သောပုသိမ်သူလေးလည်း ရှက်မနေနဲ့တော့ပေါ့.....


0 comments:

Post a Comment