
ကိုကို အိမ်လေးထဲမှာ ငယ်ဖတ်ဖို့ စာလေးတွေရေးထားတယ်နော်
ငယ်ဖတ်ဖြစ်မယ်တော့ထင်ပါတယ်
အိမ်လေးထဲကို ငယ်ရောက်လာလို့ ဘာမှမတွေ့ရင်
ဝမ်းနည်းပြီးပြန်ထွက်မသွားစေချင်လို့ပါ
ဝေးနေတဲ့အချိန်တွေအတွက်တော့ အလွမ်းလေးတွေပဲ ငယ်ဖတ်ရမှာနော်
ကိုကိုနဲ့ငယ်က အလွမ်းတွေနဲ့ အဖော်ပြုနေရပေမဲ့
အချစ်တွေတော့ အမြဲတမ်းလန်းဆန်းနေရမယ်
ကိုကို့ရင်ထဲမှာ အချိန်တိုင်း တိုးတိုးလေးရေရွတ်နေတဲ့ စကားလေးတစ်ခွန်းရှိတယ်
"လွမ်းလိုက်တာ ငယ်ရယ်" တဲ့
သွေးပူနေတဲ့အချိန်မို့ အရမ်းချစ်နေတာ မဟုတ်ပါဘူး
ငယ့်ကိုချစ်တဲ့အချစ်တွေက အမြဲတမ်းတသမတ်တည်းပါ
စက္ကန့်လေးတွေတိုင်းမှာ ရင်ခုန်သံတွေထပ်တူကျချင်တယ် ငယ်ရယ်
တသက်လုံးအတွက်ပေါ့ ဖြစ်ပါရစေနော် ငယ်
စုံတွဲတွေဝတ်တဲ့အင်္ကျီလေးတွေ ငယ်ဝတ်ချင်တယ်လို့ပြောတယ်နော်
ဖြစ်ချင်သလိုဖြစ်မလာသေးတော့လည်း ဖြစ်သင့်သလိုလေးနဲ့ပဲ ကျေနပ်ကြရအောင်
တစ်ယောက်တစ်ထည်ဝတ်မယ် ငယ်ရယ်
ဒီအင်္ကျီလေးမကြိုက်ရင် ကိုကိုနောက်နေ့ထပ်ဝယ်ပေးမယ်နော်
ငယ်ကအသားဖြူတော့ အဖြူလေးနဲ့ အရမ်းချစ်ဖို့ကောင်းမှာ
အပြင်မှာ စုံတွဲလေးတွေမြင်ရင် ငယ်အားကျရုံပဲဆိုပေမဲ့
ဖြစ်မှမဖြစ်နိုင်သေးတာဆိုတဲ့အသိလေးနဲ့ အားငယ်သွားမှာပေါ့
ကိုကိုကလည်း ဘာမှလုပ်မပေးနိုင်သေးဘူးနော်
အချစ်တွေအများကြီးတော့ ပေးမယ်လေ ယူနော် ငယ်
ငယ်လည်း ကိုကို့ကိုအများကြီးပြန်ပေးနော်
တသက်လုံးအတွက်ပေါ့
ကိုကို ငယ့်ကိုအရမ်းချစ်နေပြီ.....
0 comments:
Post a Comment