Saturday, May 23, 2009

ယုံကြည်မှုတွေနဲ့ ဖြတ်သန်းကြမယ်

အချိန်ရတာနဲ့ အိမ်လေးထဲမှာ ငယ့်ကိုပြောချင်တာလေးတွေရေးဖြစ်တယ်

တကယ်တော့ ကိုကိုရေးတဲ့စာလေးတွေကိုဖတ်ပြီး ငယ်ပျော်သွားစေချင်တဲ့ဆန္ဒနဲ့ပါ

ဒီနေ့ ကိုကိုကျောင်းက စောစောပြန်ရောက်တယ်

ကိုကို့တို့ဆီမှာလည်း မိုးတွေရွာနေတာပါ

မိုးတွေရွာရင် ငယ် ကိုကို့ကိုလွမ်းနေသလိုပေါ့

ကိုကိုလည်း ငယ့်ကို အရမ်းလွမ်းနေတာပါ

ပြန်ရောက်တော့လည်း ငယ်နဲ့တွေ့ချင်တာပေါ့

ဖုန်းဆက်လိုက်ရင် ငယ်တက်လာမယ်ဆိုတာ ကိုကိုသိပါတယ်

အဆင်မပြေတဲ့ကြားက ငယ့်ကိုဒုက္ခမပေးချင်ဘူးလေ

ငယ် ကိုကို့ကိုအရမ်းချစ်တယ်ဆိုတာ ကိုကိုသိပါတယ်

ဝေးနေလို့အချိန်တိုင်းလွမ်းနေရတဲ့ ငယ့်ကိုလည်း သနားတယ်

ကိုကို့ဘက်ကလည်း ချစ်သူတစ်ယောက်ရဲ့နွေးထွေးမှုတွေမပေးနိုင်သေးဘူးလေ

သူများချစ်သူစုံတွဲတွေကိုကြည့်ပြီး ငယ် အားငယ်နေမှာပဲနော်

ကိုကိုစိတ်မကောင်းမှာစိုးလို့ ငယ်မပြောဘူးဆိုတာ ကိုကိုသိပါတယ်

ဖြစ်နိုင်ရင် ငယ့်ကို ကိုကို့အနားမှာခေါ်ထားချင်ပါတယ်

ကိုကိုပြောပြတဲ့အကြောင်းအရာလေးတွေဆိုတာလည်း

ငယ့်ကိုမယုံလို့မဟုတ်ပါဘူး

ပြောပြလိုက်လို့ ကိုကို့ကိုပိုချစ်တာမျိုးလည်း မလိုချင်ပါဘူး

ကိုကို အမြဲတမ်းမျှော်လင့်နေတာက ငယ့်ရင်ထဲကလာတဲ့

သံယောဇဉ်တွေနဲ့နှောင်ဖွဲ့ထားတဲ့ အရောင်တွေကင်းမဲ့နေတဲ့ မေတ္တာတရားပါ

ကိုကိုလည်း ငယ့်ကိုအဲလိုမေတ္တာမျိုးတွေနဲ့ တစ်သက်လုံးချစ်နေမှာပါ

ခုချိန်မှာ ငယ်ကငယ်သေးတော့ ချစ်တာတစ်ခုကလွဲရင်

ကျန်တာတွေမသိဘူးဆိုတာ ကိုကိုနားလည်ပါတယ်

ချစ်သူတိုင်း ကိုယ်ချစ်တဲ့သူရဲ့ အလိုက်သိမှုလေးကို မြတ်နိုးကြတယ်

တဖြေးဖြေး ငယ်သိလာမှာပါ

ကိုကိုတို့ရဲ့ရှေ့ဆက်ရမဲ့လမ်းတွေကို အမြဲတမ်းယုံကြည်မှုတွေနဲ့ ဖြတ်သန်းကြမယ်နော်

ငယ် ကိုကို့ကို သစ္စာရှိရှိနဲ့စောင့်နေပါ

ကိုကို ငယ့်ဆီကိုပြန်လာခဲ့ပါ့မယ်.....


0 comments:

Post a Comment