Thursday, May 28, 2009

ချစ်သူသက်တမ်း (၆) လပြည့်နေ့

ကိုကို အိမ်လေးထဲမှာ စာဝင်ရေးမလို့ စံတော်ချိန်နှစ်ခုလုံးကိုစောင့်နေတာ

တမြေဆီဝေးနေပေမယ့် ဒီအချိန်လေးကတော့ (၂၉) ရက်ကိုရောက်သွားပြီ

ငယ်နဲ့ကိုကို ချစ်သူသက်တမ်း (၆) လပြည့်တဲ့နေ့လေးပေါ့

တခြားနေ့လေးတွေ အိမ်လေးထဲမှာ ငယ်စာဝင်မရေးဖြစ်ရင်နေပါ

ဒီလိုနေ့လေးတွေမှာတော့ရေးစေချင်တယ်

နောက်ဆိုရင်တော့ ငယ်အားတဲ့အချိန် စိတ်ပါတဲ့အချိန်လေးတွေမှဝင်ရေးပေါ့

ငယ် စိတ်ပါတဲ့အချိန်ရေးတာကိုပဲ ကိုကိုမျှော်နေမယ်နော်

ကိုကိုကတော့ အိမ်လေးထဲကို ငယ်ဝင်လိုက်တာနဲ့

ကိုကိုရေးထားတာလေးတွေတွေ့သွားစေချင်တယ်

ဘာမှမတွေ့ရရင် ငယ်စိတ်မကောင်းဖြစ်သွားမှာစိုးလို့ပါ

အချစ်နေ့ရက်လေးတွေများလာတာနဲ့အမျှ သံယောဇဉ်တွေလည်း ပိုခိုင်မြဲလာပြီနော်

ရှေ့ဆက်ရမဲ့အချစ်ခရီးလမ်းကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းကြရအောင်

ယုံကြည်မှုတွေအပြည့်နဲ့ပေါ့ ငယ်ရယ်

ငယ်နဲ့ကိုကိုရဲ့အချစ်တွေလည်း အမြဲတမ်းတည်မြဲနေမယ်နော်

တစ်နေ့တော့ ကိုကိုတို့ပိုင်ဆိုင်ချင်တဲ့ဘ၀လေးရရှိလာမှာပါ

ကိုကို ငယ့်ကိုအရမ်းချစ်တယ်နော်.....


0 comments:

Post a Comment