Saturday, May 30, 2009

ပျော်ရွှင်ပါစေ ငယ်ရယ်

ငယ်လေးရယ်…

ငယ့်ကိုသိပ်ချစ်တော့ ငယ့်ဆန္ဒကိုအမြဲလိုက်လျောခဲ့တယ်

ချစ်သူတွေဆိုတာ အရှုံးအမြတ်ကြည့်စရာမှမလိုတာ

ဘယ်သူမှားမှားမှန်မှန်ကိုကို့ဘက်က ငယ့်ကိုတောင်းပန်ဖို့ဝန်မလေးဘူးလို့ပြောခဲ့တယ်နော်

အမြဲတမ်းအတွက်ပါ ငယ်ရယ်

ချစ်လွန်းလို့ သ၀န်တိုမိတော့လည်း ငယ့်သိက္ခာကိုစော်ကားသလိုဖြစ်သွားခဲ့တယ်

ကိုကို့မှာအဲလိုဆန္ဒ မရှိခဲ့တာအမှန်ပါ

ချစ်ခဲ့တဲ့အချိန်တွေကိုပြန်ကြည့်ပါအုံး ငယ်ရယ်

ကိုကို ငယ့်ကိုဘယ်လောက်ထိချစ်ခဲ့လဲလို့

ဝေးဖို့တော့ထပ်မပြောပါနဲ့နော် မဖြစ်နိုင်လို့ပါ

ငယ့်အပေါ် ထားရှိတဲ့ချစ်ခြင်းက ညီမလေး တစ်ယောက်လို

ပြောင်းလဲပစ်ဖို့တော်တော်ကြိုးစားရမယ်

တစ်ခုပေါ့လေ…

ကိုကို့မှားခဲ့တယ်ဆိုတာ ကိုကိုသိပါတယ်

ငယ့်ကိုလည်း တောင်းပန်တယ်နော်

တတယ်ရင်ထဲကကိုတောင်းပန်ခဲ့တာပါ

ချစ်လွန်းလို့ မှားသွားတယ်ဆိုတာလည်း ငယ်လက်ခံပေးပါ

အဲ့ဒီအမှားတစ်ခုကို ဟိုးအရင်ကအချစ်တွေကိုပြန်ကြည့်ပြီးခွင့်လွှတ်ပေးပါ

ချက်ချင်းပြောင်းလဲသွားတဲ့ ညီမလေးတစ်ယောက်လိုဆိုတဲ့ ခံစားချက်မျိုးတော့

ဘယ်ချစ်သူမျိုးကမှ လက်ခံနိုင်ဖွယ် မရှိဘူးဆိုတာ ငယ်သိစေချင်တယ်

အရမ်းချစ်ရက်နဲ့နှလုံးသားကိုညာနေတော့မှာလား

ကိုကို တသက်လုံးနောင်တရနေရမှာလား ငယ်ရယ်

ငယ်ငိုတော့ ကိုကိုလည်း အရမ်းဝမ်းနည်းတယ်

ထပ်တူထပ်မျှခံစားရပါတယ်

ကိုကို့ကိုနာအောင်ပြောလည်း ကိုကိုမနာပါဘူး

ငယ် ကိုကို့ကိုချစ်နေတာ ကိုကိုသိနေတယ်လေ

မချစ်တော့ဘူးလို့လည်း မညာနဲ့နော်

အဲလိုရော ငယ် ပြောရက်လို့လား

အရင်ကလိုပြန်နေကြမယ် ငယ်ရယ်

စိတ်နဲ့လူနဲ့လည်းမကပ်တော့ပါဘူး

ကိုကိုစာမေးပွဲနီးနေပြီလေ

ကိုကိုစာကြိုးစားလို့ ငယ်အားမပေးတော့ဘူးလား

ငယ့်ရဲ့အားပေးမှုလေးတွေနဲ့ မနက်ဖြန်တိုင်းကို ကိုကိုဖြတ်သန်းနေရတာပါ

ကိုကို့ဘက်က အားနည်းချက်ကို ကိုကိုထိန်းပါ့မယ်

ကတယ်ပဲ ကိုကို့ကိုမေ့ဖို့ကြိုးစားနေပြီလား ငယ်ရယ်

ဒီလိုပုံစံမျိုးနေမှ ငယ်ပျော်ရွှင်မယ်ဆိုရင် ကိုကိုကြိုးစားကြည့်ပါ့မယ်

ကိုကိုနေနိုင်မှာတော့မဟုတ်ဘူးနော်

ငယ် ပျော်ရွှင်မယ်ဆိုရင်တော့ ကိုကိုတစ်သက်လုံးအသည်းကွဲခံပါ့မယ်

ငယ့်စိတ်မှာတစ်ခုတော့ သိထားပေးပါ ငယ့်အပေါ်အသက်ပေးဆိုပေး၊ အဝေးပြေးဆိုပြေး

ငယ်စေလိုရာစေ တစ်သက်လုံးငယ့်အပြုံးနဲ့လဲဖို့ ဘ၀ကိုစတေးခံမယ့်လူတစ်ယောက်

အချစ်တွေ လွမ်းဆွတ်တမ်းတမှုတွေနဲ့ တစ်သက်လုံးနောင်တရနေမဲ့ ဘ၀မျိုးမှာ

အမြဲရှိနေသေးတယ်ဆိုတာပါပဲ

ဒီစာလေးတွေ ငယ်ဖတ်ဖြစ်ပါ့မလား

ဖတ်ဖြစ်ရင် မငိုနဲ့နော် ငယ်

ကိုကို ငယ့်ကိုအမြဲတမ်း ပျော်စေချင်တာပါ

ပျော်ရွှင်ပါစေ ငယ်ရယ်

ကိုကို တိုင်တည်ပြီးပြောခဲ့ပါတယ်

စတွေ့ကတည်းက ကိုကို ငယ့်ကိုအရမ်းချစ်ခဲ့တာပါ......


0 comments:

Post a Comment