Saturday, May 16, 2009

ချစ်တဲ့စိတ်လေးနဲ့

ငယ်အွန်လိုင်းရောက်မလာတဲ့အချိန်လေးတွေဆို

ကိုကိုစာဖတ်ချင်ဖတ်နေတယ်

ရုပ်ရှင်ကြည့်ချင်ကြည့်နေတယ်

ငယ်ရောက်လာတာနဲ့ ဘာမှကိုမလုပ်တော့တာ

ကောင်မလေးတစ်ယောက်နဲ့ နစ်နှစ်ခုယှဉ်ချက်ဆိုတာ

တစ်ခါမှတောင်မရှိခဲ့ပါဘူး

ငယ့်ကိုချစ်လွန်းလို့သ၀န်တိုတယ်ဆိုတာ

ကိုကို့အားနည်းချက်ဖြစ်ချင်ဖြစ်မှာပါ

အဲလိုခံစားမှုလေးမျိုးတောင် ငယ့်ကိုမခံစားစေချင်ဘူး

ငယ်သ၀န်တိုမဲ့ကိစ္စမျိုးတွေဆို ကိုကိုမလုပ်ပါဘူး

ကိုကိုကိုယ်တိုင်ခံစားဖူးလို့ ကိုယ်ချင်းစာပါတယ်

အရာရာတိုင်း ကိုကို့ဘက်က အားတက်သရောဖြစ်နေတော့လည်း

ငယ့်အတွက် မဆန်းသလိုဖြစ်နေပြီထင်ပါတယ်

များများရနေတော့လည်း တန်ဖိုးလျော့လာမှာပါ

တကယ်တော့ အဲဒါတွေအားလုံးက ငယ့်ကိုအရမ်းချစ်လို့ပါ

ကိုကို့ဘက်က အားတက်သရောလေးဖြစ်နေပြီး

ငယ့်ဘက်က သွေးအေးနေတော့ ကိုကိုဝမ်းနည်းတယ်

ဘာကိုမှမရည်ရွယ်ဘူးဆိုပေမဲ့လည်း

တစ်ခါတစ်လေကလွဲရင် မြင်နေရတာ စိတ်မပါသလိုဖြစ်နေတယ်

ကိုကိုမေးလိုက်တဲ့မေးခွန်းလေးတွေ ငယ်မေ့နေတယ်

ဘာမှသာ လုပ်မနေဘူးဆိုရင် ငယ်မေ့မှာ မဟုတ်ပါဘူး

ငယ်ပြောတာလေးတွေ ကိုကိုအလေးမထားဘဲမေ့နေရင်

ငယ်ဘယ်လိုခံစားရမလဲ

ငယ်မဟုတ်တာ မလုပ်ဘူးဆိုတာ ကိုကိုယုံပါတယ်

ငယ်နဲ့ကိုကို တွေ့တဲ့အချိန်က နာရီပိုင်းလောက်ပါ

အဲဒီအချိန်လေးမှာ ဘာမှမလုပ်ပဲနေပေးပါလား

တွေ့တဲ့အချိန်လေးမှာ ကိုကို့စိတ်တွေအားလုံး

ငယ်တစ်ယောက်တည်းကိုပဲပေးထားတာပါ

ပေးသလောက်ပြန်ရချင်တဲ့စိတ်နဲ့တော့မဟုတ်ပါဘူး

ငယ့်ဆီက တုံ့ပြန်လာမဲ့ အလိုက်သိမှုလေးတွေကိုမျှော်လင့်တာပါ

တစ်ခုခုဆိုရင် ငယ်ကဖွင့်မပြောဘူး

ကိုကိုကတော့ ပြောပြတယ်

ငယ်မပြောပြလည်း ကိုကိုသိနေပါတယ်

ခံစားတာချင်းတူနေလို့လေ ကိုကို ခံစားဖူးလို့ပါ

ကိုကိုက ငယ့်ကိုမချစ်တော့ဘူးဆိုတဲ့ အတွေးမျိုး

ငယ်တွေးမိမှာစိုးလို့ နည်းနည်းလေးဆိုလည်း များများရှင်းပြတယ်

ဒီလိုလေးနေတတ်တာ ငယ့်အကျင့်ပါလို့ပြောပြီး

ဒီတိုင်းလေးပဲနေမှာလား ငယ်

ငယ်က ကိုကို့ကိုမချစ်ပါဘူးဆိုတဲ့အတွေးမျိုး ကိုကိုတွေးသွားမှာ

ငယ္မစိုးရိမ္ဘူးလား

ကိုကို ငယ့်ကိုချစ်တာ စိတ်ရော ကိုယ်ရော အားလုံးပုံပေးပြီးချစ်ခဲ့တာ

အပြင်ပန်းလေးမှာတောင် မချစ်ဘူးဆိုတဲ့အပြုအမှုလေးမမြင်စေချင်ဘူး

ချစ်တဲ့စိတ်တစ်ခုနဲ့ နေပေးနေတာပါ

ချစ်သူတွေကြားမှာ အဆင်ပြေမဲ့အကြောင်းအရာဆိုရင်

အားလုံး ကိုကိုလိုက်လုပ်ပေးမှာပါ.....


0 comments:

Post a Comment