Wednesday, May 13, 2009

..... နေ့ရက်

ဒီနေ့ ငယ့်ကိုထားခဲ့ပြီး ကိုကိုအပြင်ထွက်သွားရတယ်

စိတ်ထဲမှာတော့ မကောင်းဘူး

ရာသီဥတုကလည်း မိုးရွာနိုင်တယ်ဆိုပြီး

Rain coat လေးဝတ်သွားမလို့ပါ

ငယ်နဲ့တွေ့ရင်လည်း ကိုကိုအပြင်သွားတဲ့ ပုံစံလေး

ငယ့်ကိုပြမယ်လို့ စိတ်ကူးထားတာ

ငယ့်ကိုလည်း မပြဖြစ်တော့ဘူး

အပြင်သွားတော့လည်း Rain coat လေးမ၀တ်ဖြစ်တော့ဘူး

လုပ်စရာရှိတဲ့အလုပ်တွေလုပ်ပြီး ပြန်လာတော့ မိုးတွေရွာလာတယ်

အရမ်းအေးတဲ့ရာသီဥတုနဲ့ မိုးရေထဲမှာ

လမ်းလျှောက်ဖြစ်တာ ဒီတစ်ခါပထမဆုံးပါ

မိုးကောင်ကင်လေး ညှို့မှိုင်းနေသလိုပါပဲ

စိတ်တွေကလည်း အဲလိုပဲလေ

မိုးရေတွေထဲမှာ လမ်းလျှောက်ရင်း

အခန်းပြန်ရောက်လာတာတောင် သတိမထားမိလိုက်ဘူး

ခုမှသိခဲ့တာ မဟုတ်ပါဘူး

ဟိုးအရင်ကတည်းက ငယ့်ကိုအရမ်းချစ်ခဲ့တယ်ဆိုတာ

ငယ်မြင်အောင်မပြောပြနိုင်ခဲ့ပေမဲ့ ကိုယ့်ကိုကိုယ်တော့ သိတယ်

ဒီလိုမျိုးနေ့ရက်လေးတွေက ကိုကို့အတွက်

ကျော်ဖြတ်နိုင်ဖို့ အခက်ခဲဆုံး နေ့ရက်တွေပါ

ဘယ်လိုပဲဖြစ်ဖြစ်ပါ ငယ့်ကိုတော့ အမြဲတမ်းလွမ်းနေတယ်လေ.....


0 comments:

Post a Comment