Friday, May 22, 2009

အပြုံးတစ်ပွင့်နဲ့ပဲ ကြိုပေးပါ

လွမ်းတဲ့အကြောင်းတွေကို အိမ်လေးထဲမှာ

အချိန်တိုင်းရေးဖွဲ့ချင်တာပါ

ခံစားပေးမဲ့သူမရှိခဲ့လည်း

ရင်ဖွင့်ခွင့်ရလို့ကျေနပ်တယ်

ရင်ထဲမှာ ပြောမပြနိုင်လောက်တဲ့

အလွမ်းတွေရှိနေခဲ့လည်း စာစီဖို့ကခက်နေတယ်

တကယ်ပါ.....

ဆန္ဒနဲ့ဘ၀တွေသာ အနီးစပ်ဆုံး

တစ်ထပ်တည်း ကျခဲ့မယ်ဆိုရင်

အလွမ်းတွေကို ထွေးပွေ့

ချစ်ခြင်းတွေကို အားပြုပြီး

ချစ်သူဆီကို အပြေးလာချင်တယ်

အပြုံးတစ်ပွင့်နဲ့ပဲ ကြိုပေးပါ.....


0 comments:

Post a Comment