Saturday, May 30, 2009

ဝေးဖို့မပြောပါနဲ့

စဉ်းစားကြည့်ရင်

မင်းနဲ့တွေ့တဲ့ နေ့တွေတိုင်းကို

မမေ့နိုင်တာ အမှန်ပါ

အတွေးထဲက တမ်းတရင်း

လွမ်းမကုန်ဘဲ

အောက်မေ့ဆဲပါ

ငါ့ရဲ့ ယိုင်နဲ့နဲ့နှလုံးသားကိုမှ

ခလုတ်တိုက်သွားတဲ့

ကောင်မလေးရယ်

မင်းငါ့ဘ၀ထဲကို ၀င်လာကတည်းက

မင်းကိုချစ်ခဲ့တာပါ

မင်းကမြူဆွယ် ခဲ့တာမဟုတ်ပါဘူး

ငါကိုက အတင်းတိုးဝင်လာခဲ့တာပါ

တစ်ယောက်နဲ့တစ်ယောက် ချစ်နေရက်နဲ့

ဝေးဖို့စကားတော့ ဘယ်တော့မှမပြောပါနဲ့ကွာ

မခံစားနိုင်လို့ပါ......


0 comments:

Post a Comment