Friday, July 3, 2009

အနာဂတ်

ချစ်သူ

ငါသာကြယ်တစ်ပွင့်ဖြစ်ခဲ့ရင်

မင်းခြေဖ၀ါးအောက်မှာ

ကြွေလွင့်ချင်ပါတယ်

ရက်စက်တဲ့ခြေလှမ်းတွေနဲ့

ငါနှလုံးသားကိုမနင်းခြေပါနဲ့

ချစ်သူ

ငါသာလှေတစ်စင်းဖြစ်ခဲ့ရင်

မင်းရှိမဲ့နေရာကို

ရွက်လွှင့်ချင်ပါတယ်

ကြမ်းတမ်းတဲ့မုန်တိုင်းများနဲ့

ငါ့ကမ္ဘာကိုမဖျက်ဆီးပါနဲ့

ချစ်သူရယ်

ဘယ်လောက်ပဲဝေးနေပေမဲ့ မင်းကိုချစ်တယ်

ဘယ်လောက်ပဲဝေးနေပေမဲ့ မင်းကိုလွမ်းတယ်

ဘယ်လောက်ပဲဝေးနေပေမဲ့ မင်းကိုတမ်းတတယ်

ချစ်သူရယ်

ကြည်နူးလှပနေတဲ့

အတွေးပန်းချီဟာ

ခပ်ရေးရေးပါဆိုပေမဲ့

လက်ချင်းယှက်မဲ့

နေ့ရက်တွေကိုတော့

ငါအမြဲတမ်းမျှော်လင့်နေပါတယ်.....

0 comments:

Post a Comment