Tuesday, July 14, 2009

ဦးနှောက်ကိုပျက်စီးစေသော အကြောင်း(၁၀)ချက်

( ၁၀ ) မနက်စာမစားခြင်း

မနက်စာမစားသူတွေဟာ သွေးထဲမှာ ပိုနည်းတဲ့သကြားဓာတ် ရစေပါတယ်။ အဲဒါရဲ့
အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့
စွမ်းရည်ကို ကျဆင်းစေပါတယ်။

( ၉ ) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို
တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ ကျဆင်းစေပါတယ်။

( ၈ ) ဆေးလိပ်သောက်ခြင်း

(ခဏခဏ ပြောလွန်းလို့ နောက်ဆို ဆေးလိပ်သောက်တတ်သူတွေ ကျွန်မ Blog ကို
လာဖတ်ကြပါတော့မလားတောင် မသိဘူးး)) ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို
ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့
စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။

( ၇ ) အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို
အဟန့်အတားဖြစ်စေပြီး အာဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ
အနှောင့်အယှက် ဖြစ်စေပါတယ်။

( ၆ ) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့
အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့်
ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျော့နည်းစေပြီး ဦးနှောက်ရဲ့
စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

( ၅ ) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး
ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း
မြင့်မားလာစေပါတယ်။

( ၄ ) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့်
ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးတဲ့
အကျိုးဆက်ကို ရစေပါတယ်။

( ၃ ) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့)
အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက် စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့
စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

( ၂ ) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း
ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင်
ဦးနှောက်ကို ကျုံ့စေပါတယ်။

( ၁ ) စကားနည်းခြင်း

အသိဥာဏ်အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုးပြောပေးခြင်းကြောင့်
ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

0 comments:

Post a Comment