Thursday, July 23, 2009

ပုံပြောတဲ့ရုပ်တုကြီး


Thyssenkrupp Elevator Award အတွက် ပုံပြင်ပြောသော ရုပ်ထု ကို Dubai မြို.ရှိ Dubai Zaabeel Park တွင် တည်ဆောက်ဖို. VisionDivision ဒီဇိုင်း အဖွဲ. က အဆိုပြုလွာ တင်ထားပါတယ်။ ထိုရုပ်ထုဟာ ပုံပြင်များရဲ. အိမ် ဖြစ်လာမှာ ဖြစ်ပြီး၊ အထဲတွင် ကလေး စာကြည့်တိုက်၊ စာဖတ်ခန်း၊ ဖျော်ဖြေခန်း နှင့် များစွာသော Activity rooms များပါရှိမှာ ဖြစ်ပါတယ်။


ပန်းခြံ ရဲ. နေရာတိုင်း မှာ speaker လေးများ တပ်ဆင်ထားမှာဖြစ်ပြီး၊ ထို speaker များမှ တဆင့် လူတွေဟာ ထို ရုပ်ထုကြီးမှ ပြောသော တစ်ထောင့် တစ်ည ပုံပြင်များကို နားထောင်နိုင်မှာ ဖြစ်ပါတယ်။ ပုံပြင် နှင့်အတူ ထိုရုပ်ထုကြီး ၏ ဦးခေါင်း နှင့် လက်မောင်းများက လည်း လူပ်ရှားမှာ ဖြစ်ပါတယ်။


ရုပ်ထုကြီးရဲ. မျက်လုံးနေရာထိ ဓါတ်လှေကားဖြင့် လူတွေ တက်သွားနိုင်ပါတယ်။ ရုပ်ထုကြီး၏ ဦးခေါင်းနှင့် လက်မောင်း များ ရဲ. ရွှေ.လျားမူကို ကွန်ပြူတာ ထိန်းချူပ်ထားမှာဖြစ်ပြီး ရုပ်ထုအတွင်းပိုင်း ကို မထိခိုက်စေပါဘူး။ လူပ်ရှားမူ မရှိတဲ့ အစိတ်အပိုင်းများကို steel ဖြင့် တပ်ဆင်မှာဖြစ်ပြီး၊ လူပ်ရှားမူရှိတဲ့ ဦးခေါင်းနှင့် လက်မောင်းအဆက် ကိုတော့ silicon (သို.) rubber အသုံးပြုမှာဖြစ်ပါတယ်။ ပြီးမှ အပေါ်ယံကို စတီး ရောင် သုတ်မှာ ဖြစ်ပါတယ်။

ဒါကတော့ ရုပ်ထုကြီးရဲ. မျက်လုံးအိမ်ထဲရှိ ရွှေရောင် ခန်းမထဲမှ Dubai မြို. ညရူခင်းကို ခံစားလို.ရမှာ ဖြစ်ပါတယ်။


ကျနော်နဲ့တွေ့တိုင်း ပုံပြောပြပါပြောတတ်တဲ့ ချစ်သူလေးကို ဒီနေရာလေး လိုက်ပို့ပေးချင်တယ်။

0 comments:

Post a Comment