Thursday, July 16, 2009

ချစ်သူကိုကိုသို့

နေခြည်အထွေး

ငှက်ကလေးတွေရဲ့ တေးနဲ့ အတူ

အိပ်ရာမှနိုးထ နေ့ သစ်ကိုပျိုးစမယ်ပြင်တော့

"ဒီအချိန်ဆို...........အစ်ကိုတော့ "

သန်းခေါင်ထက်ညဉ့် နက် အိပ်မက်မှာအဖော်တွေနဲ့ 

နှစ်ခြိုက်စွာအိပ်နေလျက်ပေါ့။

ဆည်းဆာချိန်အလွမ်း

ငှက်ကလေးတွေအိမ်အပြန်လမ်းမှာ

တမ်းတရင်းမှန်းမျှော်

ရင်ထဲမှာ (ကိုကိုလို့ ) ခေါ်နေပေမယ့်

"အစ်ကိုကတော့.....ကျောင်းခန်းမှာစာသင်"

လွမ်းချင်လို့ တောင်မရဘူးနော်။

မျက်ဝန်းညိုပိတ် အိပ်တော့မယ်ကွယ်

ကြယ်တွေကိုနှုတ်ဆက်..အိပ်မက်ချိန်မှာတော့

"အစ်ကိုကလေ...ညစာစား မအားဘူးမဟုတ်လား"

ဒီလို........................နာရီမတူ ...ရာသီမတူ

ပန်းတွေမတူ...လမ်းတွေမတူပေမယ့်

တစ်နေ့ တော့ ..........တူညီတဲ့လမ်းမှာ

တူညီတဲ့ပန်းတွေကောက်ဖို့ 

တူညီတဲ့ ဘ၀တစ်ခုကို

(အချစ်များစွာနဲ့ ) တည်ဆောက်နိုင်လိမ့်မယ်လို့ 

ယုံကြည်မျှော်လင့်မိပါတယ်။

ကိုကိုရဲ့ထာဝရ ငယ်လေး

0 comments:

Post a Comment