Friday, July 31, 2009

အချစ်

လူ့နှစ်လုံး နှင့် တူသော အသည်း ပုံသင်္ကေတသည် အစဉ်အလာအရ အချစ်ကို ကိုယ်စားပြုသည်။ အချစ် ဆိုသည်မှာ လူ့ခံစားချက် နှင့် တွေ့ထိမှု အမျိုးမျိုးပါဝင်ပြီး အလွန် ပြင်းထန်သော စွဲလမ်းမှုကို ခေါ်သည်။ မြန်မာ့ ဓလေ့ထုံးစံတွင် တဏှာပါသော ၁၅၀၀ အချစ် နှင့် တပ်မက်ခြင်းကင်းသော ၅၂၈ အချစ် ဟူ၍ နှစ်မျိုး ခွဲထားသည်။ ၄င်းအချစ်နှစ်မျိုး အပြင် အရာဝတ္ထု၊ အကြောင်းအရာ များကို ချစ်သော အချစ်များ လည်းရှိသေးသည်။ ထိုကွဲပြားသော အဓိပ္ပါယ်များ အပြင် ဖေါ်ပြရန် ခက်ခဲသော စိတ်ခံစားမှုများ အတွင်းမှ အချစ် ဆိုသော အခက်ခဲဆုံး စိတ်ခံစားမှုကြောင့် အချစ် ကို သက်မှတ်ရာတွင် အမြဲပင် ကွဲလွဲမှု ရှိသည်။ အခြေခံအားဖြင့် အချစ်သည်မှာ အခြားသူ တစ်ယောက်ကိုဖေါ်ပြ၍ မရနိုင်အောင် ပြင်းထန်သော ကြင်နာခြင်း ခံစားမှု ပင်ဖြစ်သည်။ အချစ်ကို ဤမျှတိုတောင်း သော အဓိပ္ပါယ်ဖွင့်မှုပင် များစွာသော စိတ်ခံစားမှုများ ကို ကိုယ်စားပြုပြီး တပ်မက်ခြင်း မှသည် အထိအတွေ့ အချစ် (romantic love) တဖန် ပလေတို အချစ် ခေါ် လိင်ကိစ္စ မပါသော အချစ် တို့ပါ သက်ရောက်နိုင်ပြီး တစ်ယောက်တည်းမှသည် အများသို့လည်း ရည်ရွယ် နိုင်သည်။ အချစ်ကို ပုံစံမျိုးစုံဖြင့် ပြုကျင့်ကျပြီး စိတ်၏ ဗဟို ဖြစ်သောကြောင့် လူမှုရေးတွင် အဓိက ကျပြီး အနုပညာ (creative art) တွင် အမြဲပါဝင်သည်။ 1 အဓိပ္ပာယ်ဖွင့်ချက်များ 2 ပုဂ္ဂိုလ်ရေး မပါသော အချစ် 3 လူ့အချစ် 4 ဓာတု သဘော 5 စိတ်ပညာ သဘော 6 ဘာသာရေး ရှူဒေါင့် 6.1 ခရစ်ယာန် 6.2 ဗုဒ္ဓဘာသာ အဓိပ္ပာယ်ဖွင့်ချက်များ အချစ်ဆိုသည်မှာ Heart move ဖြစ်ပေါ်လာတဲ့ ထူးဆန်းသော ခံစားမှုဖြစ်သည်။ အချစ်ကို ယနေ့တိုင် အမျိုးမျိုး ဖွင့်ဆိုကြဆဲဖြစ်သည်။ အချစ်ဆိုသည်မှာ ဂ ငယ်ကဲ့သို့ပင် ကြည့်သည့်ဘက်ကို လိုက်ပြီး ပစောက်ဖြစ်လိုက် ရှစ်ဖြစ်လိုက် င ဖြစ်လိုက်ပင်။ နမ် သဘောဖြစ်သော အချစ်သည် ရှုပ်ထွေးပြီး အချစ် ဒဿနများတွင် ဆိုရိုးဆန်ဆန် အဓိပ္ပာယ်ဖွင့်ချက်များ ရှိခဲ့လေရာ၊ ကျော်ကြားသော ၄င်း စာသားတို့ မှာ ဘီဂျယ်၏ "အချစ်သည် အရာရာကို အောင်မြင်သည်" (Love conquers all), ဗီတယ်၏ "အချစ်သာလိုသည်" (All you need is love) နှင့် ဘာတရံ ရုဇ်ဆယ် ၏ နှိုင်းရှင်ခြင်း မဟုတ်သော "အတိုင်းမဲ့ အချစ်" (absolute value) တို့မှာ ထင်ရှားသည်။ ပုဂ္ဂိုလ်ရေး မပါသော အချစ် လူတစ်ယောက်သည် တိုင်းပြည်၊ လူမျိုး သို့ ရည်မှန်းချက် တို့ကို တန်ဖိုးကြီးကြီး ထား၍ မြတ်မြတ်နိုးနိုး ချစ်နိုင်သည်။ ထို့အတူ ဝီကီ ဝိုင်းတော်သား တို့ကဲ့သို့ အနစ်နာခံကာ ကူညီသော အပျော်တန်း အလုပ်သမား တို့၏ အချစ်သည်လည်း တစ်ခါတစ်ရံ လူ့ချစ်ခြင်း မှ မမွေးဖွားသော်လည်း မြင့်မြတ်သော အာဇာနည် ဆန်သော ခံစားမှုများနှင့် ရောထွေး၍ ပုဂ္ဂိုလ်ရေး မပါသော အချစ်များ ဖြစ်ပေါ်နိုင်သည်။ လူတို့သည် အရာဝတ္ထု၊ အိမ်မွေး တိရစ္ဆာန်ဆံ သို့မဟုတ် လုပ်ငန်း ဆောင်တာ များကိုလည်း တွယ်ဖက်မိလျှင် ချစ်သွားနိုင်သည်။ အကယ်၍ ၄င်းတွင် လိင်ကိစ္စ ပါခဲ့လျှင် အချစ်လွန် (Paraphilia) အဆင့်ရောက်သည် ဟုခေါ် သည်။ လူ့အချစ် ဘွားအေ နှင့် မြေးလူအချင်းချင်း ချစ်သော အချစ်ကို လူ့အချစ် (Interpersonal love) ဟုခေါ်သည်။ ၄င်းသည် ကြိုက်ခြင်းထက် ခံစားမှု ပိုကဲသည်။ တစ်ဖက် သက် အချစ် ဆိုသည်မှာ အပြန်အလှန် မရှိသော ချစ်ခြင်းကို ခေါ်သည်။ လူ့အချစ် သည် လူမှုရေးနှင့် များစွာ ဆက်စပ်သည်။ ၎င်းအချစ်ကို မိသားစု၊ သူငယ် ချင်း နှင့် လင်မယား ကြားတို့တွင် ဖြစ်ပေါ်ပေမည်။ လူ့အချစ် ကြောင့် erotomania ကဲ့သို့ စိတ်ဝေဒနာ များစွာတို့လည်း ဖြစ်နိုင်သည်။ သမိုင်းတစ်လျှောက်တွင် ဒဿန နှင့် ဘာသာရေး တို့သည် အချစ် သဘောကို အလွန် တွေးဆခဲ့ပေသည်။ ၂၀ ရာစု နှစ်တွင် အချစ်နှင့် ပတ်သက်၍ စိတ်ပညာ တွင် အများအပြား ရေးသား ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် အဆင့်ဆင့် ပြောင်းလည်းခြင်း စိတ်ပညာ (evolutionary psychology)၊ အဆင့်ဆင့် ပြောင်းလဲ ခြင်း၊ မနုဿဗေဒ၊ ဦးနှောက်ဗေဒ (neuroscience) နှင့် ဇီဝဗေဒ များသည်လည်း အချစ်၏ သဘာဝ နှင့် လုပ်ငန်း တို့ကို လေ့လာသည်။ ဓာတု သဘော ဇီဝဗေဒသည် လိင်ကိစ္စကို အချစ်ဟု မြင်ပြီး ဆာလောင်ခြင်း တို့ကဲ့သို့ နို့တိုက် သတ္တဝါ တို့၏ တွင်းအားဟု မြင်သည်။ အချစ်အကြောင်းတွင်ထိပ်တန်းဖြစ်သော Helen Fisher သည် အချစ် တွေ့ကြုံမှုကို ထက်ဆက်နေသော အပိုင်းသုံးပိုင်း တဏှာဖြစ်တည်မှု၊ ဆွဲငင်မှု၊ တွဲမက်မှု ဟု၍ ပိုင်းခြားထားသည်။ လူတို့၏ ဖေါ်ပြ ခြင်းများကြောင့် တဏှာဖြစ်တည်ပြီး၊ အချစ် ဆွဲငင်မှု ဖြစ်ကာ လူတို့၏ စွမ်းအင်များကို မိတ်လိုက်ရာတွင် သုံးပြီး နောက်ဆုံးတွင် မျိုးဆက်သစ်များ ပေါက်ပွားကာ တွဲမက်မှု ဖြစ်စေသည့်။ တဏှာသည် မိတ်လိုက်ခြင်းကို အားပေးသော ပြင်းပြသည့် လိင်ဆန္ဒကို ဖြစ်ပေါ်စေပြီး၊ testostrone နှင့် estrogen ကဲ့သို့ ဓာတု ဓာတ်ပစ်စီးများပိုမိုတွက်လေ သည်။ ၄င်းအကျိုးသက်ရောက်မှုသည် ရပ်သက်ပတ် အနည်းငယ် သို့မဟုတ် လပိုင်းသာကြာသည်။ အချစ် ဆွဲငင်မှု သည် ပုဂ္ဂိုလ်တစ်ဦးတစ်ရောက် အတွက် သာ ရွေးချယ်၍ မိတ်လိုက်ရန် အချစ်စိတ် ဖြစ်ပေါ်ပြီး ၄င်းအချစ်စိတ်သည် အမြန်တစ်ကယ် မိတ်လိုက်ပြီးသော အခါ ရောကြသွားပြန်သည်။ မကြာသေးမှီက ဦးနှောက်ဗေဒ (neuroscience) လေ့လာတွေ့ရှိချက်အရ လူတစ်ရောက်ချစ်မလျှင် ဦးနှောက်သည် ဓာတု ဓာတ်ပစ်စီးများ ဖြစ်သည့် pheromones၊ dopamine၊ norepinephrine နှင့် serotonin တို့ အဆင်မပြတ် ထုတ်လုပ်ပေးသည်။ ၄င်းတို့သည် အဖီတမင်း ကဲ့သို့ ဦးနှောက်၏ သာယာမှု အထွတ် (pleasure center) ကို ဆွပေးပြီး နှလုံးခုံနုံး မြန်ကာ စိတ်လှုပ်ခြင်းနှင့်အတူ အစား၊ အအိပ် ပျက်စေသည်။ တဏှာဖြစ်တည်မှု နှင့် အချစ် ဆွဲငင်မှု မှာ ခဏတာ ဖြစ်ပေါ်ရန်ရှိပြီး တတိယအဆင့်မှာ ရေရှည်ဆက်ဆံရေးအတွက် ရည်ရွက်သည်။ ဆွဲငင်မှုသည်နှောင်ကြိုး တစ်မြင်ဖြစ်ပြီး ဆက်ဆံရေးကို အားပေးပြီး နှစ်များစွာ ကြာနိုင်သည်။ နှောင်ကြိုး များကို လက်ထက်ခြင်း နှင့် သားဆက်များ သို့မဟုတ် အပြန်အလှန် ဆက်ဆံ ရေးများက နှစ်ဦးနှစ်ဖက် လိုအပ်ချက်အလိုက် ချီးနှောင်ထားသည်။ ၄င်းတို့သည် တိုတောင်းသော ဆက်ဆံ ရေးများထက် အဆင့်မြင့်သည့် ဓာတု ပစည်း များဖြစ်သော oxytocin နှင့် vasopressin တို့ကို သုံးသည်။[2] ၂၀၀၅ တွင် Pavia University မှ အီတာလံ သိပ္ပံပညာရှင် များက ချစ်သောအခါ ပိုမိုတွက်ရှိသော nerve growth factor (NGF) ခေါ် ပရိုတိန်း မော်လီကျူ ကို ရှာဖွေတွေ့ရှိပြီး တစ်နှစ်လောက်ကြာမှ ပြန်ကြသည် ဟုဆိုသည်။ စိတ်ပညာ သဘော စိတ်ပညာသည် အချစ်ကို သိမှု (cognitive) နှင့် လူမှုရေး သဘာဝ အဖြစ် သရုပ်ဖော်သည်။ စိတ်ပညာရှင် Robert Sternberg သည် အချစ် တြိဂံ သီအိုရီ (triangular theory of love) ကို ရေးဆွဲခဲ့ပြီး အချစ်သည် နီးစပ်ခြင်း၊ သံဒိတ်ဌာန် ချခြင်း (commitment) နှင့် အရူးအမူး ဖြစ်ခြင်း (passion) သုံးမျိုး ပါဝင်ကြောင်း ငြင်းဆိုပြုခဲ့သည်။ နီးစပ်ခြင်း သည် လူနှစ်ရောက် ကိုယ်ရေးကိုယ်တာ ကိစ္စများကို ပြောပြ ပြီး မိမိဘဝ အကြောင်းကို အဆုံးတိုင် ဖဟသည်။ နီးစပ်ခြင်းသည် လူမှု ဆက်စံရေး နှင့် အချစ်ကစ္စများတွင် ပေါ်လွင်သည်။ သံဒိတ်ဌာန် ချခြင်း မှာ တစ်နည်းအားဖြင့် ဆက်စံရေးသည် ရှေည်မည်ဟု မျှော်လင့်ခြင်းပင် ဖြစ်သည်။ နှောက်ဆုံး အချစ်၏ ထုံးစံမှာ လိင်စိတ် နှင့် အရူးအမူး ဖြစ်ခြင်း ပင်ဖြစ်သည်။ အရူးအမူး အချစ်သည် ရိုမန်းတစ် အချစ်ကဲ့သို့ အတတ်အကျ ရှိသည်။ အချစ် အားလုံးကို ၄င်း သုံးခု အချိုးပြောင်းလည်း၍ ပေါင်းစပ်ခြင်း ဖြင့် ရရှိနိုင်သည်။ အမေရီကန် စိတ်ပညာရှင် Zick Rubin ကမူ အချစ်ကို စိတ်တိုင်းတာမှုများ (psychometrics) ဖြင့် သက်မှတ်သည်။ သူ၏ အဆိုအရ ၄င်းသုံးခုမှာ ဆွဲလမ်းခြင်း၊ ယုယခြင်း နှင့် နီးစပ်ခြင်း ဟုဆိုသည်။ ဘာသာရေး ရှူဒေါင့် ခရစ်ယာန် ခရစ်ယာန် တို့တွင် အချစ်မှာ ဘုရား (God) မှ ဆင်းသက်လာသည်။ ခရစ်ယာန် တို့သည် Gospel of Mark chapter 12, verses 28-34 ဆိုထားသည့် အတိုင်း Love God with all your heart, mind, and strength and Love your neighbor as yourself are the two most important things in life ဘုရားကို အသည်းနှလုံး၊ စိတ် နှင့် ရှိသမှ ခွံအားတို့ 'အစွမ်းကုန် ချစ်ခြင်း နှင့် သူတပါးတို့အား မိမိကိုယ်ကဲ့သို့ ချစ်ခြင်းသည် ဘဝတွင် အရေးကြီးဆုံး ဖြစ်သည် ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာတွင် ကာမ သည် ခံစားမှု ဖြစ်ပြီး အချစ်ကို ကာမ တနှာ ဟု ခေါ်သည်။ ၄င်းအချစ်သည် အတ္တ ဖြစ်သောကြောင့် နိသ်ဘန် သို့ရောက်ရာ လမ်းအတွက် အတားအဆီး ဖြစ်သည်။ သို့သော် ကရုဏာ ခေါ် ကြင်နာခြင်း မှာ အခြားသူများ၏ ခံစားရခြင်းများ ကို သက်သာစေပြီး နိသ်ဘန် ရောက်ရန် လိုအပ်သော ဉာဏ်ပညာ တစ်ခုဖြစ်သည်။ မေတ္တာသည် မြှင့်မြတ်သော် အချစ်ဖြစ်သည်။ ၄င်းအချစ်သည် မပြောင်းလည်းသော သဘောရှိပြီး အနစ်နာခံခြင်း များပါဝင်သည်။ မေတ္တာသည် သာမန် အချစ်နှင့် ကွာခြားပြီး မိမိအတွက် ဖြစ်သော စွဲလမ်းခြင်း နှင့် လိင်ကိစ္စ မပါပေ။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင် တို့သည် မိမိ ကောင်းစားရေးထက် သူများကောင်းစား ရေးကို အားပေးသည်။

0 comments:

Post a Comment