Thursday, July 16, 2009

အချစ်ရနံ့

ငယ်ငယ်တုန်းက
မြစ်ကမ်းနားက
ခရေပင်းကြီးအောက်မှာ
ခရေပန်းလေးတွေကောက်ဖူးတယ်
ဘာရယ်ရည်ရွယ်ချက်တော့မရှိခဲ့ဘူး
လေအဝှေ့မှာ
အပင်ပေါ်ကကြွေကျလာတဲ့
ခရေပန်းလေးတွေက
တစ်မျိုးလှနေတယ်လေ
အပင်ပေါ်က ကြွေကျလာတဲ့
ခရေပန်းလေးတွေမှ မဟုတ်ပါဘူး
အပင်အောက်က ခြောက်နေတဲ့
ခရေပန်းလေးတွေကလည်း
မွှေးနေတုန်းပါ
ငါ့အချစ်တွေလည်း အဲလိုပါပဲ
ပင်ယံထက်မှာ ရှိနေမှ
မင်းကိုချစ်မှာ မဟုတ်ပါဘူး
ပန်းခြောက်လေးဖြစ်နေလည်း
အချစ်ရနံ့လေးတွေက
ထာဝရ သင်းထုံနေအုံးမှာ.....

0 comments:

Post a Comment