Friday, July 31, 2009

ကြက်ဥအတု

ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ဝင်ရောက်ကာ မြန်မာနိုင်ငံနယ်စပ်ဒေသတချို့နှင့် အချို့ပြည်တွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ ရောင်းချလျှက်ရှိကြောင်း မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ ကြက်ဥအတုများမှာ မွေမြုရေးကြက်များနှင့် ပုံစံတူပြီး ဒေသန္တရကြက်ဥ (အိမ်းမွေးကြက်ဥ) နှင့် အနည်းငယ် ကွဲပြားသည်။ ကြက်ဥအတု၏အကာ ပိုင်းကို ဘင်ဇိုရမ်အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာ တုဆေးမှုန့်၊ ကော်ရည် ပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများနှင့် မုန့်ဖုတ်ရာ တွင်အသုံးပြုသော ဓာတုပေါင်ဒါများဖြင့် ရောစပ်ပြုလုပ်ထားပြီး၊ ၄င်း၏အ နှစ်ကို အမည်မသိ အဝါရောင်ပေါင်ဒါမှုန့်အား အရည်တစ်မျိုးဖြင့် သမ အောင်မွှေကာ ကယ်ဆီယမ်ကလိုရိုက်ဒ် ထည့်သွင်းဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားသည်။
ကြက်ဥအတု၏ အကာနှင့်အနှစ်ကို အဝိုင်းပုံသဏ္ဍာန်ရှိသည့် ပလတ် စတစ်ပုံသွင်းခွက်ထဲသို့ လောင်းထည့်ကာ ပုံသွင်းရကြောင်းနှင့် ကြက်ဥ အကာနှင့်အနှစ်တို့အကြား ရောနှောသွားခြင်းမရှိစေရန် Magic Water က ပါးလွှာသောအမြှေးပါးအသွင်ဖြင့် ပိုင်းခြားပေးထားကြောင်း၊ ကြက်ဥအ ခွံကိုမှု ပါရာဖင်းဓာတ်ပါဝင်သော ဖယောင်းနှင့် အမည်မသိ အဖြုရောင် ဓာတုဆေးရည်တစ်မျိုးတို့ ရောစပ်ပြုလုပ်ပြီး ၄င်းအရည်ကို အပိုင်းပုံ သဏ္ဍာန်ပြုလုပ်ထားသော ပလတ်စတစ်ပုံစံခွက်အတွင်း ထည့်ထားသည့် အနှစ်အတုနှင့် အကာအတုများ အပေါ်သို့ လောင်းချ၍အချိန်အ နည်းငယ်ကြာအောင် အခြောက်ခံထားပါက ကြက်ဥအစစ်နှင့် ထပ်တူထပ် မျှ အသွင်သဏ္ဍာန်တူသော ဓာတုဗေဒနည်းဖြင့် ပြုလုပ်ထားသည့် ကြက်ဥ အတုကို ရရှိသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
၎င်းကြက်ဥအတုနှင့်အစစ်ကို ခွဲခြားရန်အတွက် ကြက်ဥအတုကို ခပ်ပြင်း ပြင်း လှုပ်ကြည့်ပါက အဆန်ချောင် နေသည်ကို တွေ့ရပြီး ကြက်ဥအစစ်က အဆန်ချောင်ခြင်း မရှိဟု သိရသည်။
ကြက်ဥအတု၏အရောင်က ပိုရင့်ပြီး အတု၏အခွံသည် ဖယောင်းနှင့်ပြု လုပ်ထားခြင်းဖြစ်သည့်အတွက် ပိုမိုအလင်းပြန်ကြောင်း၊ ကြက်ဥများကို ပွတ်ကြည့်လျှင် အတု၏အခွံမျက်နှာပြင်က ပို၍ကြမ်းကြောင်း၊ ကြက်ဥကို ခွဲ၍ကြည့်ပါက အတု၏အနှစ်နှင့်အကာသည် သီးသန့်မနေဘဲ ရော၍သွား ကြောင်း၊ အတု၏အခွံ၌ အမြှေးမပါဘဲ အစစ်၌ အမြှေးပါးကြောင်း၊ ပြုတ် လိုက်ပါက အတုသည် အစစ်ကဲ့သို့ အနှစ်နှင့်အကာသီးခြားမနေဘဲ ရော၍သွားကြောင်း တွေ့ရှိရသည်ဟု ၄င်းသတင်းစာတွင် ဖော်ပြ ထားသည်။
အဆိုပါ ကြက်ဥအတုကို လူကိုအဟာရဖြစ်စေသည့် ပရိုတိုန်းဓာတ် မပါ ဝင်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုလုပ်ထားသောကြောင့် ကျန်မားရေးကို ထိခိုက်နိုင်သည်ဟု ဆေးပညာရှင်များက သတိပေးထားသည်။

0 comments:

Post a Comment