Friday, July 31, 2009

ကြွေမှာစိုးလို့

သစ်ရွက် လှုပ်ရင်တောင်
ရယ်ချင်တတ်တဲ့ ပျိုစဉ် ချိန်ဟာ
ပွင့်သစ်စရွယ် ပန်းနုနယ်တဲ့
ချူချင်သူတွေ ၀ိုင်းလည်ချိန်မှာ
အတည်တစ်ဦး ကြည်နူးသက်ဝင်
မညွှတ်ချင်ပါပဲ ရည်းစား တစ်ထောင်
လင်ကောင် တစ်ယောက်
ဆိုထောက် စကား ပမာထားလို့
တစ်ယောက်ကနေ
တစ်ယောက် ပြောင်းကာ
ခဏတာ အပျော်တွဲ
မော်လိုက်မယ် စိတ်ကူးရင်
လန်းစွင့်လို့ အလှပန်းဝင့်ချိန်မှာ
ခဏနှင့် ပန်းဘ၀ညှိုးလို့
နွမ်းကြွေကာ မြေခ
ကြွေကျမှာ စိုးမိတယ်
အချစ်ဆိုတာ မကစားကောင်း
အမှားပေါင်း ကုဋေတဲ့
အပျိုစင် ဘ၀ နဂိုယဉ် အလှကို
ကိုယ်တိုင် ကိုယ်ကျ
ယုယ မြတ်နိုး တန်ဖိုး ထားမှ
တပါးသူငါ ယုယ မြတ်နိုး
တန်ဖိုး ထားမယ်

0 comments:

Post a Comment