Wednesday, July 22, 2009

အသက်အငယ်ဆုံးကိုယ်ဝန်ဆောင် မိန်းကလေး


စင်္ကာပူက စံချိန်တစ်ခုကို ချိုးသွားနိုင်တဲ့ ကလေးတယောက် အကြောင်းပါ။ တခြားစံချိန်တော့ မဟုတ်ပါဘူး။ အသက်အငယ်ဆုံး ကိုယ်ဝန်ဆောင်စံချိန်ပါ။ အဲ့ဒီကောင်မလေးဟာ အသက် ၉ နှစ်ပဲရှိပါသေးတယ်။
ဒါပေမယ့် ၆ လ ကိုယ်ဝန်ကို လွယ်ထားသူပါ။ သူမဟာ အချစ်ဆိုတာကိုလည်း သိမှာမဟုတ်ပါဘူး။
စမ်းသပ်ကြည့်ချင်ရုံ သက်သက်ပါ။ သူမရဲ့မိဘတွေဟာ တနေကုန် အလုပ်သွားရလေ့ရှိပါတယ်။ မြန်မာပြည်လို မဟုတ်ပဲ လုံခြုံတဲ့ နိုင်ငံလို့ ယူဆလို့ပဲ လားတော့ မသိပါဘူး၊ သူမရဲ့မိဘတွေဟာ အလုပ်သွားချိန်မှာ သူမကိုတယောက်တည်း ထားခဲ့လေ့ရှိပါတယ်။ သူမဟာ သူမရဲ့ကျောင်းက ၁၄ နှစ်အရွယ် ကောင်လေးကို သူမရဲ့မိဘများ အလုပ်သွားချိန်မှာ သူမရဲ့ အိမ်ကိုခေါ်ခဲ့တာပါ။ သူမရဲ့အမေဖြစ်သူက ဒီအရွယ်ငယ်သေးတယ်ထင်လို့ ဒီအကြောင်းနဲ့ပတ်သတ်လို့ မဆုံးမ၊မသင်ပြခဲ့ပါဘူး။
မြန်မာပြည်မှာတော့ ဒီအရွယ်မှာ ဒါမျိုးဖြစ်တယ်ဆိုတယ် ရှားမယ်ထင်တာပါပဲ။

0 comments:

Post a Comment