Thursday, July 23, 2009

လျှပ်စစ်မီးမလိုတဲ့ ရေခဲသေတ္တာ

Mohammed Bah Abba ဆိုသူတီထွင်ခဲ့သော လျှပ်စစ်ဓါတ်အား မလိုသည့် ရေခဲသေတ္တာ လေးပေါ့။ ထိုတီထွင်မူအတွက် သူအား Rolex Award $100,000 ချီးမြှင့် ခြင်းခံရပါတယ်။ ထိုရေခဲသေတ္တာ ဘယ်လို အလုပ်လုပ်သလဲ?

- မြေအိုး အကြီးထဲ ကို မြေအိုး အသေးလေးကို ထည့်ပါ။

- ဟာနေတဲ့ နေရာအား စိုနေသော သဲများ ဖြင့် ဖြည့်လိုက်ပါ။

- အပေါ်မှ စိုနေသော အ၀တ်စ ဖြင့် အုပ်ထားလိုက်ပါ။

သဲ၊အ၀တ်စ မှ ရေများ အငွေ.ပြန်လာခြင်းဖြင့် အိုးထဲမှ အပူများ ကို ဖယ်ရှားပေးလိုက်နိုင်ပါတယ်။ ဒါဟာ သဘာဝ အတွင်း အလုပ်လုပ်နေတာဖြစ်ပြီး၊ ဈေးပေါတယ်၊ အလွယ်တကူ ပြုလုပ်နိုင်မည့် တီထွင်မူ တခုလဲ ဖြစ်ပါတယ်။ ထို အိုးထဲတွင် အစားသောက်များ၊ အအေးများ သိုလောင်ထားနိုင်ပြီး အပူအချိန် ၁၅ ကနေ ၂၀ ဒီရီ စင်တီဂရိတ် ၀န်းကျင်ဖြင့် အအေးခံထားနိုင်ပါတယ်။

မီးမရတဲ့နေရာမှာလည်း လိုက်နေမဲ့ ချစ်သူလေးအတွက်။ အဆင်ပြေသွားပြီနော် :P ။


0 comments:

Post a Comment