Tuesday, July 14, 2009

ပုသိမ်ရာဇ၀င်

သမိုင်းကြောင်း
ပုသိမ်မြို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဟံသာဝတီ မွန်နိုင်ငံ၏ပိုင်နက်ဖြစ်ခဲ့ပြီး စတင် တည်ထောင် ခဲ့သည့် ခုနှစ်နှင့် ပတ်သက်၍သမိုင်းအထောက် အထား မတွေ့ရပေ။ အစောဆုံး ခိုင်မာသည့် သမိုင်း အထောက်အထားမှာ၁၅၈၆-၁၅၈၈အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် အင်္ဂလိပ်လူမျိုးခရီးသွား Ralph Fitch၏ မှတ်တမ်း ဖြစ်ပြီး ၎င်းက Cosminမြို့ဟု မှတ်သားခဲ့သည်။ထိုစဉ်က မွန်အမည် "ကောသမိန်" (ကော=ကျွန်း၊ သမိန်=မင်းသား) အားအင်္ဂလိပ်အသံထွက်ဖြင့် မှတ်သားသွားခြင်း ဖြစ်နိုင်သည် ဟုခန့်မှန်း ကြသည်။မြန်မာတို့က ကောသမိန်မြို့အား "မင်းသားကျွန်း" ဟုခေါ်ကြသည်။သမိုင်းမှတ်တမ်း အတော် များများတွင် ပုသိမ် ကို ကုသိမ်ဟူ၍လည်းတွေ့ကြပါသည်။



ငဝန်မြစ်တွင်း ဗြိတိသျှရေတပ် ဝင်ရောက်လာစဉ်

သို့သော် ပုသိမ် ဟူသောဝေါဟာရ၏ အစမှာ အာရတ်၊ အိန္ဒိယ ကုန်သည်များမှအစပြုခဲ့ခြင်း ဖြစ်သည်။ ကုလား ကုန်သည်များ များပြားရာ မြို့ဖြစ်သောကြောင့်မြန်မာဘာသာဖြင့် "ပသိ"(ကုလားမြို့)ဟု ခေါ်တွင် ရာမှ ကာလကြာသော် ပုသိမ်ဟူ၍ဖြစ်လာ ခဲ့သည်။ အင်္ဂလိပ်တို့ ရောက်ရှိလာသောအခါ အင်္ဂလိပ်သံဖြင့် Basseinဟုခေါ်တွင်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်အပြီး ၁၈၂၆တွင်ပုသိမ်ခံတပ်မြို့ကို တည်ဆောက်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် ဗြိတိသျှ အင်ပါယာ လက်အောက်သို့ ရောက်ရှိ ခဲ့သည်။

မြို့တွင်းစိတ်ဝင်စားဖွယ်ရာနေရာများ



ရွှေမုဋ္ဌောစေတီ ရင်ပြင်ပေါ် တနေရာ

* ရွှေမုဋ္ဌောစေတီ

ပုသိမ်မြို့လည်တွင် တည်ရှိပြီး ပါးစပ်ရာဇဝင် အရ အာသောက မင်းကြီးမှ ဘီစီ၃၀၅တွင် စတင် တည်ခဲ့သည်။ ၁၁၅၁ အေဒီတွင် အလောင်းစည်သူ မင်းကြီးမှ ဥာဏ်တော်၁၁မီတာ ထိမြှင့်တင် ခဲ့သည်ဟု ဆိုသည်။

* လေးကျွန်းမာန်အောင် ဖေါင်တော်ဦးစေတီ

ပုသိမ်မြို့ ဆင်ခြေဖုံး အရပ်တွင် တည်ရှိပြီး အလောင်းစည်သူ မင်းကြီးတိုင်းခန်း လှည့်လည်ရာတွင် ဖောင်တော်ဆိုက်ရာ အရပ်၌ စေတီတည်ခဲ့ခြင်းကြောင့် ဖေါင်တော်ဦး စေတီဟု အမည်တွင် ခြင်းဖြစ်သည်။ ရေကြည်ကန်နှင့်ရေနောက်ကန် ရှိခြင်းကို အစွဲပြု၍ ရေကြည်ရေနောက် ဘုရား ဟုလည်း ခေါ်သည်။

* ကန်သာယာပန်းဥယျာဉ်

ပုသိမ်တက္ကသိုလ်အနီး ကန်သုံးဆင့် ရေကန်နဘေးတွင် တည်ဆောက်ထားသော ပန်းဥယျာဉ် ဖြစ်ပြီး ပြခန်းများနှင့် ကစားကွင်းအချို့ ပါဝင်သည်။
မြို့ဝန်းကျင်စိတ်ဝင်စားဖွယ်ရာနေရာများ

* မော်တင်စွန်းဘုရားပွဲ

ငဝန်မြစ်ကြောင်း အတိုင်း သင်္ဘောနှင့် စုံဆင်းသွားပါက ကပ္ပလီပင်လယ် ဝရှိမော်တင်စွန်း အငူသို့ ရောက်ရှိ နိုင်သည်။ နှစ်စဉ် ရေကျချိန် ဖြစ်သည့်တပို့တွဲလ (ဖေဖေါ်ဝါရီ၊မတ်) ရောက်တိုင်း မော်တင်စွန်းဘုရားပွဲကိုခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိသည်။ ကမ်းခြေတစ်လျှောက်တွင် ယာယီတဲများ ထိုးကာပင်လယ်ထွက် ပစ္စည်းများပါ ရောင်းချကြသည်။

* ချောင်းသာကမ်းခြေ

ပုသိမ်မြို့ မှ၄၀ကီလိုမီတာ သာကွာဝေး သော ကမ်းခြေ အပန်းဖြေ စခန်းဖြစ်ပြီး ၁၉၉၀ခုနှစ် များတွင် စတင် လူသိများ လာခဲ့သည်။ ဈေးနှုန်းနှင့်အတန်းအစား အမျိုးမျိုးသော ဟိုတယ်နှင့် တည်းခိုးခန်းများ၊ ပင်လယ်စာစားသောက်ဆိုင် များရှိသည်။

* ငွေဆောင်ကမ်းခြေ




ငွေဆောင် ကမ်းခြေ

ပုသိမ်မြို့မှ ၄၈ကီလိုမီတာ ကွာဝေးပြီး ၂၀၀၀ခုနှစ်တွင် စတင်ဖွင့်လှစ်သော ကမ်းခြေ အပန်းဖြေ စခန်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အလှပဆုံးသောကမ်းခြေများ စာရင်းတွင် ပါဝင်ပြီး ကြယ်ငါးပွင် စံချိန်မှီ ဟိုတယ်ကြီးများရှိရာ နေရာ ဖြစ်သည်။

0 comments:

Post a Comment