Thursday, July 16, 2009

မတူတာထဲကတူတာလေး

ဒီအချိန်ဆို
မိုးရေတွေထဲမှာ
မင်းတစ်ယောက်တော့
ကျောင်းတက်နေရှာမှာပေါ့
ငါကတော့ကျောင်းပိတ်ထားတယ်လေ
အချိန်တွေကလည်း ပြောင်းပြန်နော်
မင်းကျောင်းပိတ်တဲ့အချိန်
ငါက ကျောင်းဖွင့်မယ်
ခုချိန် ငါ မင်းကို စောင့်တွေ့သလို
ငါကျောင်းတက်ရင်လည်း
မင်းငါ့ကိုစောင့်တွေ့ပါ
ဘာတွေဘယ်လိုပဲမတူညီပါစေ
တူညီတာလေးတစ်ခုကတော့
ရင်ထဲကအချစ်တွေပေါ့.....

0 comments:

Post a Comment