Friday, July 17, 2009

အချိန်တိုင်းသတိရနေတယ်

ကိုကို
တစ်နေ့ တစ်ခါ
တွေ့ ရတာကို
ရင်မှာလွမ်းရ
အောက်မေ့ရလို့ 
တစ်ဘ၀လုံး
တွေ့ ဦးမယ်..........တဲ့
လွန်ခဲ့တဲ့အနှစ်(၃၀)လောက်က
မောင်ပန်းမွှေးရဲ့ကဗျာတစ်ပုဒ်ပါ
အရင်က ဒီကဗျာရဲ့ အဓိပါယ်ကို မခံစားတတ်ပေမဲ့
ခုတော့ခံစားတတ်ပြီနော်
ကိုကို့ ကြောင့်ပေါ့
နောက်တစ်ပုဒ်ရှိသေးတယ်
ဘယ်ဆီသွားသွား
ဘယ်နားနေနေ
အသဲထဲမှာ
မင်းရှိနေ............တဲ့
ဒီလောက်ဆိုရင် မနေ့ကကိုကိုမေးထားတဲ့ ဘယ်အချိန်သတိရလဲဆိုတဲ့
မေးခွန်းအတွက်အဖြေက လုံလောက်ပါပြီနော်
ငယ်ကိုကို့ ကိုအရမ်းချစ်တယ်
ကျောင်းသွားတော့မယ်နော်

0 comments:

Post a Comment