skip to main |
skip to sidebar
ငယ်ကစကားနည်းတယ်နော်
အရင်တုန်းကဆို စကားသိပ်မပြောဘူး
အရမ်းလည်းရှက်တတ်တယ်လေ
တေမိမလေးပေါ့
ခု နည်းနည်းတော့ပြောတတ်နေပြီလေ
တေမိမလေးမဟုတ်တော့ဘူးလို့တော့ထင်တာပဲ
ငယ် စကားတွေအများကြီးပြောရင် ကိုကိုပျော်တယ်
ကိုကိုကလည်း ငယ်ပျော်အောင်
စကားတွေအများကြီးပြောပေးနေတာပါ
အားလုံးကတော့ ရင်ထဲကလာတာပေါ့
အပေါ်က ပုံလေးကိုကြည့်နော် ငယ်
ငယ့်ကို ကိုကို့ရင်ခွင်ထဲမှာထားပြီး
ကိုကိုက ငယ်နဲ့အမြဲတမ်းအဲလိုလေးနေချင်တာ
ငယ်ရော မနေချင်ဘူးလား
စထိုင်တုန်းကတော့ ဒီတိုင်းလေးပဲထိုင်နေတာလေ
ကိုကိုက နောက်ကနေအတင်းဖက်လိုက်တော့
ငယ်က ခြေထောက်လေးမြောက်သွားရော
ငယ်ညောင်းတယ်ဆိုရင် ကိုကိုဖက်ထားတာလေး
ုပြန်လျော့ပေးမယ်လေ
ကိုကိုလည်းညောင်းတာပဲငယ်ရ
ငယ်က မှီနေရမှကျေနပ်တာဆို
ကိုကိုဖက်လိုက်ရင် ငယ်ကလည်း အတင်းမှီလိုက်ရော
နောက်ကသစ်ပင်လေးကို ကိုကိုကပြန်မှီရတာလေ
ကျောလည်းနာတယ်... ဟီး ဟီး
ရင်ခုန်သံလေးနားထောင်မယ်ဆိုတော့
ရင်မခုန်ဘူးတဲ့ အဲဒါညာတာ
ကိုကိုစာကျက်ပြီး ငယ့်ဆီပြေးလာတော့ ငယ်က အိပ်နေပြီ
အိပ်ပုတ်မလေးကွာ
ငယ့်ရင်ခုန်သံလေးကို ကိုကိုခိုးနားထောင်လိုက်တယ်နော်
အိပ်နေတုန်းအချိန်မှာတောင် ငယ်ကအရမ်းရင်ခုန်နေတာ
ငယ်က ကိုကို့ကိုအရမ်းချစ်တာပဲတဲ့
ငယ့်ရင်ခုန်သံလေးကို ကိုကိုဘာသာပြန်လိုက်တာ
ကိုကိုတော်တယ်နော် ငယ်
ဒီနေ့က ကဆုန်လပြည့်နေ့လေးနော်
ငယ်နဲ့ကိုကိုနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲတမ်းချစ်နိုင်ပြီး
တစ်သက်လုံး အတူနေရပါစေလို့ ဘုရားမှာဆုတောင်းနော် ငယ်
ကိုကိုလည်း ဆုတောင်းမယ်
ကိုကို ငယ့်ကိုအရမ်းချစ်တယ်နော်.....
0 comments:
Post a Comment