ငယ်လေးရေ
ဒီနေ့ကိုကို အရမ်းပျော်တယ် သိလား
မထင်မှတ်ပဲ ငယ့်စာလေးရောက်လာလို့လေ
ကိုကို့ကိုပျော်သွားစေချင်တယ်ဆိုတဲ့ ငယ့်စိတ်လေးအတွက်လည်း
ကိုကိုအရမ်းပီတိဖြစ်တယ်နော်
ငယ် ကိုကို့ကိုအရမ်းချစ်မှန်းသိလို့ ကျေနပ်ပါတယ်
အရင်က ကိုကို့ကိုချစ်တာတစ်ခုပဲသိတယ်ဆိုတဲ့ငယ်လေး
ခုတော့ ချစ်ခြင်းနဲ့ပတ်သက်တဲ့တခြားအရာလေးတွေကိုပါ သိလာပြီပေါ့နော်
ကိုကိုဝမ်းသာပါတယ် ငယ်ရယ်
ကိုကို့ဘက်က လိုနေတာတွေရှိခဲ့ရင်လည်း ပြောနော်
ငယ့်ကိုချစ်တဲ့စိတ်နဲ့လိုက်ပြင်ပေးလို့ရပါတယ်
ငယ့်ဆီက ချစ်ခြင်းတစ်ခုကလွဲရင် ကိုကိုဘာမှမမျှော်လင့်ပါဘူး
ငယ်နဲ့ကိုကိုက တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်နေကြပြီနော်
ဖြစ်ချင်တဲ့ဆန္ဒလေးတွေနဲ့ အလွမ်းတွေကလည်း ရင်ထဲမှာကိုယ်စီအတူတူနဲ့ပေါ့
ယုံကြည်မှုတွေနဲ့ တစ်သက်လုံးချစ်ကြမယ်နော်
ကိုကို ငယ့်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးချစ်မ၀တော့ဘူး
ကိုကို့ ငယ်လေးကအရမ်းချစ်ဖို့ကောင်းနေလို့လေ
ငယ့်ကိုတကယ်ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ ငယ့်ဆီကို ကိုကိုပြန်လာခဲ့မှာ
ငယ်လည်း ကိုကို့ကိုစောင့်နေနော်.....
0 comments:
Post a Comment