တစ်ခါတစ်လေကျတော့လည်း
ရင်ထဲမှာ မွန်းကြပ်မှုတွေအပြည့်နဲ့ပါ
ဖြေရှင်းလိုက်မယ်လို့ တွေးမိတော့လည်း
ပျော်နေတဲ့ အပျော်လေးတွေ ပျောက်ပျက်သွားမှာစိုးတယ်
မေ့ထားရင်း မေ့ထားရင်းနဲ့ပဲ
ဟိုး... အဝေးကြီးမှာ အနည်ထိုင်နေခဲ့ပါပြီ
အရင်တုန်းကတော့ စဉ်းစားမိတယ်
မပြောလိုက်ရလို့ ဆုံးရှုံးရမှာထက်
ပြောလိုက်လို့ အထင်သေးခံရတာက ပိုကောင်းတယ် လို့
မချစ်လို့ ဆုံးရှုံးသွားရမယ်ဆိုရင်လည်း ထားခဲ့လိုက်ပါ
ချစ်နေတဲ့အချိန်လေးတွေက ပျော်နေတဲ့အပျော်လေးတွေကိုတော့
ဘာနဲ့မှမလဲနိုင်တော့ဘူးလေ
တစ်ခုခုဆို ရင်ဖွင့်စရာလေးက ဒီနေရာလေးပေါ့
သိပ်ချစ်တဲ့ အကြောင်းတွေချစ်သူသိပါစေ.....
0 comments:
Post a Comment