Tuesday, August 11, 2009

Floral Dictionary


  1. ကံကော် =မပြောင်းလဲတဲ့ထာဝရအချစ်
  2. ကြာပန်း =မိတ်ဆွေတွေရဲ့ ဖြူစင်မှုမျိုးနဲ့ ခင်မင်ကြရအောင်
  3. ခရေ =မေ့မသွားပါနဲ့ကွာ
  4. ခတ္တာ =အားငယ်ရသူမို့ ညှာတာပါ
  5. ချယ်ရီ =တစ်နေ့နေ့တော့ ဝေးရဦးမယ်
  6. ခေါင်းလောင်းပန်း =အမြန်ဆုံးနီးခွင့်ရချင်တယ်
  7. ဂန္ဒမာ-အဖြူ =ငြိမ်းချမ်းပါစေ
  8. ဂန္ဒမာ-အ၀ါ =သတိရနေမယ်
  9. ဂမုန်းပန်း =မျှော်လင့်ခြင်းကြီးစွာနဲ့ စောင့်စားနေရတဲ့ချစ်သူပါ
  10. စံပါယ် =မင်းရဲ့အချစ်ကို လက်ခံလိုက်တယ်
  11. ဆပ်သွားဖူး =သစ္စာမရှိသူအတွက် ၀မ်းနည်းရတယ်
  12. ဆောင်တော်ကူး =မင်းကြောင့် ကိုယ့်မှာရူးပြီ
  13. ဆယ်နှစ်ရာသီပန်း =ရိုးသားဖြူစင်ခြင်း
  14. ညမွှေးပန်း =အရာအရာဟာ မင်းအတွက်ဖြစ်စေရမယ်လို့ ကတိပေးပါတယ်
  15. ဒေလီယာ =မကြာခင်မှာ ဆုံတွေ့ရအောင်
  16. ဒန်းပန်း =ဘ၀ကို အရှုံးမပေးပါနဲ့
  17. ဒေါနပန်း =တို့တွေခွဲခွာကြပါစို့
  18. နှင်းပန်း =အဆင်မပြေမှုတွေဟာ တစ်ခဏပါ
  19. နှင်းဆီပန်း =ကိုယ်တော့ မင်းကိုချစ်နေမိပြီ
  20. နေကြာပန်း =မင်းရဲ့ဘ၀ရှေ့ရေးအဆင်ပြေစေဖို့ ကိုယ်တာဝန်ယူပါတယ်
  21. ပိတောက် =မင်းဟာကိုယ့်အတွက်ရှားပါးတဲ့ ဆုလာဒ်ပါ
  22. ပျားခတ်ပန်း =မင်းဟာဒီပန်းလေးလို လှပတဲ့သူပါ
  23. မြတ်လေးပန်း =ဇွဲသတ္တိရှိခြင်း
  24. မိုးမခပန်း =လွမ်းဆွေးကြေကွဲရခြင်း
  25. သဇင်ပန်း =ကျေးဇူးပြု၇်ျ မမုန်းလိုက်ပါနဲ့
  26. သစ်ခွ =ကျက်သရေ မင်္ဂလာအပေါင်းနဲ့ပြည့်စုံခြင်း
  27. သော်ကပန်း =ကိုယ့်ကိုခွင့်လွှတ်ပါ
  28. သံလွင်ပန်း =အောင်မြင်ခြင်း၊ ဂုဏ်ပြုခြင်း
  29. ရွက်လှပန်း =နှုတ်ဆက်လိုက်ပါတယ်
  30. Violet (ခရမ်းရောင်) =မျှော်လင့်သလိုဖြစ်လာပါစေ
  31. အုန်းပန်း =ကံကောင်းခြင်း

ဓလေ့ထုံစံကွဲလွဲမှုအရ တစ်ချို့သောပန်းပွင့်တွေနဲ့ပတ်သက်လို့ အဓိပါယ်ဖွင့်ဆိုမှု ကွဲပြားခြားနားတာတွေလည်း အများကြီးရှိဦးမှာပါ။
ဥပမာ-"အင်္ဂလိပ်နိုင်ဂျက်" မဂဇင်းစာအုပ်ထဲမှာပဲ
အ၀ါရောင်နှင်းဆီပန်း =မိတ်ဆွေ
အနီ =အချစ်
သစ်ခွ =လုပ်ငန်းကိစ္စ

0 comments:

Post a Comment