Wednesday, August 5, 2009

နားလည်မှုတွေနဲ့ ချစ်ကြပါ

Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄. ၅ နာရီသာ ကြာမြင့်တဲ့ ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့တယ်။ ညအချိန်မှ ပွင့်တတ်တဲ့အတွက် “လရောင်အောက်က မိန်းမလှ” ဟု တင်စားခေါ်တယ်။
ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်းကြတယ်။
လူတစ်ယောက်မှာ နှလုံးသားဆိုတာ တစ်ခုပဲရှိသလို အချစ်ဆိုတာလည်း တစ်ခုပဲရှိတယ်။ လူ့ဘ၀ဆိုတာလည်း တိုတိုလေးပါ။ အဲဒီတိုတိုလေးမှာ ကိုယ့်ချစ်သူ (ဘ၀လက်တွဲဖော်) ကို စာနာနားလည်မှုအပြည့်နဲ့ ချစ်ပေးပါ။ တစ်ယောက်နဲ့တစ်ယောက် ဘာမဟုတ်တာလေးနဲ့ မာန်မာနတွေ ပြိုင်နေမဲ့အစား သည်းခံခွင့်လွတ်ခြင်းတွေနဲ့ ချစ်ပါ။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်။ ကိုယ့်အနားမှာ ရှိနေတဲ့အချိန် တန်ဖိုးမထားပဲ ဆုံးရှုံးသွားမှ နောင်တရနေရတာမျိုး မဖြစ်စေပါနဲ့။

0 comments:

Post a Comment