Wednesday, August 19, 2009

ဒါတွေထူးခြားတယ်

၁) သစ်ကုလားအုပ်က ချောင်းမဆိုးတတ်ဘူး။
၂) ဝေလငါးတစ်ကောင်ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်မှာ ၉ ချက်ပဲရှိတယ်။
၃) ၃ဝ% လူတွေလောက်ပဲ ကိုယ့်နှာခေါင်းကို ကျုံ့ချဲ့နိုင်တယ်။
၎) အင်္ဂလိပ်ဘာသာက စကားလုံး အများဆုံးစာဖြစ်ပြီး အရေအတွက် ၁သန်း နီးနီးရှိတယ်။ ဂျာမန်ဘာသာက ၂ သိန်းနီးပါးရှိပြီး ပြင်သစ်စာက သောင်းဂဏန်းထိသာ ရှိတယ်။
၅) ပုတ်သင်ညိုတစ်ကောင်ရဲ့ လျှာဟာ သူ့ခန္ဓာကိုယ်အရှည်ရဲ့ ၂ ဆရှိတယ်။
၆) မျက်စိကန်းနေတဲ့ ပုတ်သင်ညိုတစ်ကောင်ဟာ ပတ်ဝန်းကျင်ကိုလိုက်ပြီး သူ့ကိုယ်ပေါ်က အရောင်ကို ပြောင်းနိုင်စွမ်းရှိသေးတယ်။
၇) ရိုးရိုးသာမန်လူတစ်ယောက်ရဲ့ မျက်လုံးကြွက်သားက တစ်နေ့ကို တစ်သောင်းမှ တစ်သောင်းခွဲအထိ လှုပ်ရှားနိုင်တယ်။
၈) ဒါဗင်ချီဟာ မိုနာလီဇာရဲ့ နှုတ်ခမ်းကို ၁၂ နှစ်ကြာ ဆွဲခဲ့ရတယ်။
၉) နို့စားနွားမတစ်ကောင်ကို သီချင်းတွေ ပေးနားထောင်ရင် နို့ထွက်နှုန်း ပိုကောင်းတယ်။
၁ဝ) ညနေပိုင်းခူးတဲ့ နှင်းဆီပန်းက မနက်ပိုင်းခူးတဲ့ နှင်းဆီပန်းထက် ကြာရှည်ခံတယ်။

0 comments:

Post a Comment