Saturday, August 8, 2009

အဖေ


ကျွန်တော် ၄ နှစ်သားတုန်းက ငါ့ဖေဖေကြီး ဘာမဆိုလုပ်တတ်တယ်။
ကျွန်တော် ၅ နှစ်သားတုန်းက ငါ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး။
ကျွန်တော် ၆ နှစ်သားတုန်းက ငါ့ဖေဖေကြီးက မင်းအဖေထက်သာတယ်ကွ။
ကျွန်တော် ၈ နှစ်သားတုန်းက တို့အဖေက အကုန်လုံးတော့လည်း အတိအကျမသိဘူး။
ကျွန်တော် ၁၀ နှစ်သားတုန်းက အဖေတို့ ငယ်ငယ်တုန်းကနဲ့ အခုနဲ့က တခြားစီပဲ။
ကျွန်တော် ၁၂ နှစ်သားတုန်းက အင်း.... အဲဒါတော့ အဖေလည်း ဘယ်သိပါ့မလဲ။ သူကအသက်ကြီးပြီဆိုတော့ ကလေးတုန်းကအကြောင်းတွေ မမှတ်မိနိုင်တော့ဘူးလေ။
ကျွန်တော် ၁၄ နှစ်သားတုန်းက အဖေတော့ထည့်ပြောမနေနဲ့ သူကရှေးရိုးသမားကြီးလေ။
ကျွန်တော် အသက် ၂၁ နှစ်မှာ အဘိုးကြီးပါလား... ထားပါတော့ အောက်နေပြီ လုံးဝအောက်နေပြီ။
ကျွန်တော် အသက် ၂၅ နှစ်မှာ အဖေလည်းနဲနဲပါးပါးတော့သိတယ်လေ လူကြီးပဲဟာ။
ကျွန်တော် အသက် ၃၀ နှစ်ကျတော့ အဖေကိုနဲနဲပါးပါးမေးမြန်းကြည့်ရင် ကောင်းမယ်ထင်တယ်။ ဘာပဲပြောပြော အဖေကအတွေ့အကြုံအများကြီးရှိတယ်။
ကျွန်တော် အသက် ၃၅ နှစ်မှာ အဖေနဲ့တိုင်ပင်ပြီးမှပဲ ဒီကိစ္စအတွက် ငါတစ်ခုခုလုပ်နိုင်မယ်။
ကျွန်တော် အသက် ၄၀ နှစ်မှာ အဖေသာဆိုရင် ဒီကိစ္စဘယ်လိုဖြေရှင်းမလဲမသိဘူး။ အဖေကအတွေ့အကြုံစုံတယ်၊ အမြော်အမြင်လည်းရှိတယ်။
ကျွန်တော် အသက် ၅၀ လည်းရောက်ရော ဒီကိစ္စအခုနေသာအဖေနဲ့တိုင်ပင်ခွင့်ရမယ်ဆိုရင် ဘယ်လောက်ပေးရပေးရ ငါပေးပါတယ်၊ အဖေ့အရည်အချင်းတွေကို အဖေရှိတုန်းက ကောင်းကောင်းသတိမထားမိတာ သိပ်နှမြောစရာကောင်းတယ်၊ တကယ်ဆို ငါ အဖေ့ဆီက အများကြီးရခဲ့ဖို့ကောင်းတယ်။
အရင်က အမေဆိုတာကို ဒီနေရာလေးမှာ ရေးထားပါတယ်။
မိဘကျေးဇူးသိတတ်သော သားသမီးရတနာလေးများဖြစ်ကြပါစေ။

0 comments:

Post a Comment